အပျိုကြီးတစ်ယောက် ယောကျင်္ားလိုချင်လွန်းလို့ ဗေဒင်ဆရာဆီသွားမေးသောအခါ…

အပျိုကြီးတစ်ယောက် ယောကျင်္ားလိုချင်လွန်းလို့ ဗေဒင်ဆရာဆီသွားမေးသောအခါ…

တစ်ခါတုန်းက အပျိုကြီးတစ်ယောက်ဟာ ယောကျင်္ားလိုချင်လွန်းလို့ ဗေဒင်ဆရာဆီသွားမေးတယ်။

“ခင်ဗျားမှာ အိမ်ထောင်ကျမယ့်ဇာတာ ရှိပါတယ်´´အပျိုကြီးခင်မျာ အရမ်းပျော်သွားပြီး

“ဟီ ဟိ ဆရာ ဒါဆို ဘယ်အချိန်ရောက်အိမ်ထောင်ကျမလဲတိတိကျကျလေး ဟောလို့

ရရင် ဟောပေးပါဆရာရယ်´´“အိမ်း ဒါကတော့ …..ခင်ဗျားရဲ့ကံဇာတာ အပေါ်မူတည်ပြီးနိမိတ်ကောက်ယူတဲ့ အဟောနဲ့ ဆုံးဖြတ်ရမှာပဲ…ဒါ့ကြောင့် ဒီညပဲ ရွာထဲကို လမ်းလျှောက်ထွက်ရင်းပတ်ဝန်းကျင်က ကြားရတဲ့ အသံနိမိတ်ကိုကောက်ယူရမယ်´´“ဟုတ်ကဲ့ ဘယ်လိုကောက်ယူရမှာလဲရှင့်…အဟိ ´´“ဥပမာ – တစ် ဆိုတဲ့ အသံကို ကြားရရင်ခင်ဗျား တစ်လအတွင်း အိမ်ထောင်ကျမယ်

နှစ် ဆိုတဲ့အသံကို ကြားရရင် နှစ်လအတွင်းပေါ့ဗျာ´´အပျိုကြီး အပျော်လုံးဆို့ပြီး အိမ်ပြန်သွားတယ်

ည ၇ နာရီလောက်ကျတော့တိတ်တိတ်လေးအိမ်ပေါ်ကဆင်းလာပြီးရွာထဲလျှောက်ရင်း

ကြားရမယ့်အသံကို လိုက်နားစွင့်တယ်…ရွာလယ်နားရောက်တော့ အဘိုးအိုတစ်ဦးရဲ့ဘုရားဝတ်ပြုသံကို ကြားတော့ ဝမ်းသာအားရနဲ့အနားကို ခပ်သုတ်သုတ်လေး ပြေးသွားပြီးနားထောင်လိုက်တယ်…

ဘုရားရှိခိုးဆိုမှတော့ အပါယ်လေးပါးကပ်သုံးပါးတို့တော့ ပါမှာပဲ … ဒါဆိုရင်သုံး လေးလလောက်စောင့်ရလဲ မဆိုးပါဘူးလေ…ဆိုတဲ့ အတွေးနဲ့ ရင်ထဲမှာကြိတ်ပြီးပျော်နေလိုက်တာ…ခြေသံကိုအသာအယာ ဖွဖွလေးနင်းပြီးခြံစည်းရိုးနားကပ် နားထောင်ကြည့်တော့မှ

သဲသဲကွဲကွဲ ကြားလိုက်ရတဲ့ အသံက…“အစိန္တေယျ…အစိန္တေယျ…အစိန္တေယျလေးသချေင်္ နဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်တော်မူသောမြတ်စွာဘုရား´´ ဆိုတဲ့အသံလည်းကြားလိုက်ရော….

အပျိုကြီးခင်မျာ လက်နှစ်ဖက်ကို နားမှာပိတ်ပြီး

ပြေးလိုက်တာ တန်းနေတော့တာပါပဲ

crd-original writer

Zawgyi

တစ္ခါတုန္းက အပ်ိဳႀကီးတစ္ေယာက္ဟာ ေယာက်ၤားလိုခ်င္လြန္းလို႔ ေဗဒင္ဆရာဆီသြားေမးတယ္။

“ခင္ဗ်ားမွာ အိမ္ေထာင္က်မယ့္ဇာတာ ရွိပါတယ္´´အပ်ိဳႀကီးခင္မ်ာ အရမ္းေပ်ာ္သြားၿပီး“ဟီ ဟိ ဆရာ ဒါဆို ဘယ္အခ်ိန္ေရာက္အိမ္ေထာင္က်မလဲတိတိက်က်ေလး ေဟာလို႔ရရင္ ေဟာေပးပါဆရာရယ္´´“အိမ္း ဒါကေတာ့ …..ခင္ဗ်ားရဲ႕ကံဇာတာ အေပၚမူတည္ၿပီးနိမိတ္ေကာက္ယူတဲ့ အေဟာနဲ႔ ဆုံးျဖတ္ရမွာပဲ…

ဒါ့ေၾကာင့္ ဒီညပဲ ႐ြာထဲကို လမ္းေလွ်ာက္ထြက္ရင္းပတ္ဝန္းက်င္က ၾကားရတဲ့ အသံနိမိတ္ကိုေကာက္ယူရမယ္´´“ဟုတ္ကဲ့ ဘယ္လိုေကာက္ယူရမွာလဲရွင့္…အဟိ ´´“ဥပမာ – တစ္ ဆိုတဲ့ အသံကို ၾကားရရင္ခင္ဗ်ား တစ္လအတြင္း အိမ္ေထာင္က်မယ္ႏွစ္ ဆိုတဲ့အသံကို ၾကားရရင္ ႏွစ္လအတြင္းေပါ့ဗ်ာ´´

အပ်ိဳႀကီး အေပ်ာ္လုံးဆို႔ၿပီး အိမ္ျပန္သြားတယ္ည ၇ နာရီေလာက္က်ေတာ့တိတ္တိတ္ေလးအိမ္ေပၚကဆင္းလာၿပီး႐ြာထဲေလွ်ာက္ရင္းၾကားရမယ့္အသံကို လိုက္နားစြင့္တယ္…႐ြာလယ္နားေရာက္ေတာ့ အဘိုးအိုတစ္ဦးရဲ႕ဘုရားဝတ္ျပဳသံကို ၾကားေတာ့ ဝမ္းသာအားရနဲ႔အနားကို ခပ္သုတ္သုတ္ေလး ေျပးသြားၿပီး

နားေထာင္လိုက္တယ္…ဘုရားရွိခိုးဆိုမွေတာ့ အပါယ္ေလးပါးကပ္သုံးပါးတို႔ေတာ့ ပါမွာပဲ … ဒါဆိုရင္သုံး ေလးလေလာက္ေစာင့္ရလဲ မဆိုးပါဘူးေလ…ဆိုတဲ့ အေတြးနဲ႔ ရင္ထဲမွာႀကိတ္ၿပီးေပ်ာ္ေနလိုက္တာ…ေျခသံကိုအသာအယာ ဖြဖြေလးနင္းၿပီးၿခံစည္း႐ိုးနားကပ္ နားေထာင္ၾကည့္ေတာ့မွ

သဲသဲကြဲကြဲ ၾကားလိုက္ရတဲ့ အသံက…

“အစိေႏၲယ်…အစိေႏၲယ်…အစိေႏၲယ်ေလးသေခ်ၤ နဲ႔ ကမာၻတစ္သိန္း ပါရမီျဖည့္ေတာ္မူေသာျမတ္စြာဘုရား´´ ဆိုတဲ့အသံလည္းၾကားလိုက္ေရာ….အပ်ိဳႀကီးခင္မ်ာ လက္ႏွစ္ဖက္ကို နားမွာပိတ္ၿပီး

ေျပးလိုက္တာ တန္းေနေတာ့တာပါပဲ

crd-original writer