Source – Via HA
မန္တလေးမြို့ကတော့ သမိုင်းနဲ့ချီပြီး ရို-င်းခဲ့ပါပြီ…
တော်လှန်ရေး အစမှာ ထောင်ခဲ့တဲ့ လက်တွေက ဖျင်ထဲပြန်ထိုးထည့်ထားလိုက်…
ကိုယ်တိုင်တော်လှန်ဖို့ မပြောနဲ့ ငွေအားတောင် မထောက်ပံ့ရဲကြဘူး။
ထောက်ပံ့နေတဲ့ သူကလဲ မြို့နေလူထုရဲ့ ၁၀% တောင်မရှိ။
ပြည်သူ ခက်ခဲနေတယ်လာမပြောနဲ့ ဇွဲထက်၊ ဝိန့်စိန်၊ မောင်ကိန်း၊ အောင်သမာဓိ စတဲ့ ရွှေဆိုင်တွေမှာသွားကြည့် တိုးမရအောင်ပစ္စည်းတွေ ရွေးနေကြတာ။
(ဒီဘက်ထွက်မလာခင် အမေရဲ့ အမွေဆွဲကြိုးလေး ရောင်းခဲ့လို့ ကိုယ်တွေ့သိတယ်)
KTV/BARနဲ့ ဘီယာဆိုင်တွေမှာလဲ ဆိုင်ဖွင့်ကနေ အပိတ်ထိ လူကအပြည့်ပဲ။
ဒီကြားထဲ ဖုန်းဆိုင်တွေမှာလည်း တစ်မျိုးထွက်လာတိုင်း လုဝယ်ကြ။
ဒီကို မရောက်သေးတာတောင် Preအော်ဒါတင်ကြနဲ့။ ရှက်ဖို့ကောင်းလိုက်တာဗျာ။
ရတဲ့ငွေကို ရသလိုစု ပိုရင်တော်လှန်ရေးအတွက် နီးရာ UGတွေ PDFတွေကို လှူမယ်လို့ မတွေးကြဘူး။
မိသားစုအတွက် စုတယ်။ လိုလဲဝယ် မလိုလဲဝယ်၊ ပိုရင်အကုန်သုံးကြတယ်။
ကိုင်ထားတဲ့ ၉/မှက်ပုံတင်ကို ကြည့်ပြီး ရှက်လာလို့ အိပ်ထဲအသာပြန်ထည့် စိတ်ထဲမှာအတွေးတစ်စနဲ့
မျက်ရည်ဝဲရင်း တိုးတိုးလေး ပြောမိတယ်
ငါ…မန္တလေးသားမဟုတ်တော့ဘူး…။
Source – Via HA