
အမျိုးသမီးများ၏ ရင်သားကို နေ့စဉ်ကြည့်ခြင်းသည် အမျိုးသားများ၏သက်တမ်းကို ၅ နှစ် ပိုရှည်စေ
အမျိုးသမီးများ၏ရင်သားကို နေ့စဉ် ဆယ်မိနစ်ခန့်ကြည့်ခြင်းသည် အမျိုးသားများ၏သက်တမ်းကို ၅ နှစ် ပိုရှည်စေ..
ဂျာမန်သုတေသီများ၏ New England Journal of Medicine တွင်တင်ပြချက်အရ အမျိုးသမီးများ၏ရင်သားများကို အမျိုးသားများ နေ့စဉ် စိုက်ကြည့်ပေးပါက အသက်ရှည်စေကြောင်းသိရသည်။
၁၀ မိနစ်စိုက်ကြည့်ပါက အားကစားရုံတွင် မိနစ်၃၀ ခန့်အားကစားလုပ်ခြင်းနှင့်ညီကြောင်း ဒေါက်တာ Karen Weatherbyကပြောကြားခဲ့သည်။
ဤသို့ ပေါက်ပေါက်ရှာရှာ စူးစမ်းမှုကို အသင်းဖွဲ့၍ဒေါက်တာ Karen Weatherby ကဦးဆောင်ခဲ့ခြင်းဖြစ်သည်။
သူတို့အဖွဲ့သည် ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့ရှိ အမျိုးသား၂၀၀ နှင့် သုတေသနပြုခဲ့ခြင်းဖြစ်သည်။
၎င်းတို့အထဲမှ တစ်ဝက်ကိုနေ့စဉ်ကြည့်ခိုင်းပြီး တစ်ဝက်ကို သေချာရှောင်ကျဉ်ခိုင်းထားပြီး လေ့လာခဲ့ကြသည်။
ငါးနှစ်ကြာသောအခါ နေ့စဉ် သေချာစိုက်ကြည့်ခဲ့သော အမျိုးသားများသည် မကြည့်သူများထက်
သိသာခြားနားစွာ သွေးဖိအားအတက်အကျရောဂါကင်းဝေးခြင်း၊သွေးခုန်နှုန်းမှန်ကန်ခြင်းနှင့် လေဖြတ်ခြင်း ၊နှလုံးသွေးကြောကျဉ်းရောဂါ အန္တရာယ်များ နည်းပါးသွားကြောင်း အတည်ပြုနိုင်ခဲ့သည်။
“ဒီလိုလိင် နဲ့ဆိုင်တဲ့ စိတ်လှုပ်ရှားမှုဟာ နှလုံးကိုသွေးညှစ်ပေးမှု တိုးတက်ကောင်းမွန်စေပြီး သွေးလှည့်ပတ်မှုကိုပါ ကောင်းစေတာ သံသယရှိစရာမရှိပါဘူး၊သေချာပါတယ်။
နောက်တစ်ချက်က ကြည့်တာချင်းတူတာတောင် ပိုကြီးတဲ့ရင်သားကိုကြည့်သူတွေက ပိုအကျိုးထူးတာတွေ့ရပါတယ်။
အသက် ၄၀ ကျော်တဲ့ အမျိုးသားတွေဆိုရင်တော့ D-cup size နဲ့ သူ့အထက်တွေကိုကြည့်သင့်ပါတယ်”လို့ဒေါက်တာကပြောသွားပါတယ်။
(သူ ပြောတဲ့ D-cup ဆိုက်က မြန်မာလို ၃၆ ခန့် ရှိတယ်လို့ အတွေ့ကြုံမသေးသူ အယ်ဒီတာကိုကို တစ်ယောက်က ပြောသွားကြောင်းပါ) .ကြည့်ကြပါစို့ ။ …ဟဲ ဟဲ …
Credit: Original Uploade
Credit- Original writer