
အကြင်လင်မယား ဖြစ်ရခြင်း အခြေခံ အကြောင်းရင်း (၂) မျိုး …
၁။ ပုဗ္ဗသန္နဝါသ – ရှေ့ဘဝ၊ ဘဝ မှ လင်မယား ဖြစ်ခဲ့ရဖူးသောကြောင့် လင်မယား ဖြစ်ရ၏။
၂။ ယခုဘဝတွင် တစ်ဦး၏ အကျိုးကို တစ်ဦးက စေတနာ အပြည့်နှင့် သယ်ပိုး ဆောင်ရွက်ခဲ့ဖူးခြင်းကြောင့် လင်မယား ဖြစ်ရ၏။
အောက်ပါ အချက်များနှင့် တူညီတဲ့ အကြင်လင်မယား ဖြစ်ပါက
သမ္မသဒ္ဓါ – သဒ္ဒါတရားချင်း တူညီ
သမသီလာ – အကျင့်ချင်းလည်း တူညီ
သမစာဂါ – စွန့်ကြဲ ပေးကမ်းမှုချင်းလည်း တူညီ
သမပညာ – အယူအဆ၊ အတွေးအခေါ်၊ ပညာချင်းလည်း တူညီမည် ဆိုပါက
ဤ လင်မယား သည် ယခု ဘဝတွင် ကွဲကွာခြင်း မရှိသည့်အပြင်
ယခုလက်ရှိ ဘဝတွင် သာမက နောက်ဘဝ ဆက်ဆက်တိုင်အောင်…
၁ – အကျိုးစီးပွား တိုးတက်ခြင်း
၂ – ကိုယ်ချမ်းသာ စိတ်ချမ်းသာ နေထိုင်ရခြင်း
၃ – ရန်သူများ မနှိပ်စက်နိုင်ခြင်း
၄ – မှန်ကန်သော တရားကို ကျင့်ကြံနိုင်ခြင်း စသည့် အကျိုးတရားများကို
ရရှိနိုင်ပေသည်ဟု ဘုရားရှင် က ဟောကြားတော် မှုခဲ့ပေသည်။
Credit- Original Writer
Zawgyi
အၾကင္လင္မယား ျဖစ္ရျခင္း အေျခခံ အေၾကာင္းရင္း (၂) မ်ိဳး …
၁။ ပုဗၺသႏၷဝါသ – ေရွ႕ဘဝ၊ ဘဝ မွ လင္မယား ျဖစ္ခဲ့ရဖူးေသာေၾကာင့္ လင္မယား ျဖစ္ရ၏။
၂။ ယခုဘဝတြင္ တစ္ဦး၏ အက်ိဳးကို တစ္ဦးက ေစတနာ အျပည့္ႏွင့္ သယ္ပိုး ေဆာင္႐ြက္ခဲ့ဖူးျခင္းေၾကာင့္ လင္မယား ျဖစ္ရ၏။
ေအာက္ပါ အခ်က္မ်ားႏွင့္ တူညီတဲ့ အၾကင္လင္မယား ျဖစ္ပါက
သမၼသဒၶါ – သဒၵါတရားခ်င္း တူညီ
သမသီလာ – အက်င့္ခ်င္းလည္း တူညီ
သမစာဂါ – စြန႔္ႀကဲ ေပးကမ္းမႈခ်င္းလည္း တူညီ
သမပညာ – အယူအဆ၊ အေတြးအေခၚ၊ ပညာခ်င္းလည္း တူညီမည္ ဆိုပါက
ဤ လင္မယား သည္ ယခု ဘဝတြင္ ကြဲကြာျခင္း မရွိသည့္အျပင္
ယခုလက္ရွိ ဘဝတြင္ သာမက ေနာက္ဘဝ ဆက္ဆက္တိုင္ေအာင္…
၁ – အက်ိဳးစီးပြား တိုးတက္ျခင္း
၂ – ကိုယ္ခ်မ္းသာ စိတ္ခ်မ္းသာ ေနထိုင္ရျခင္း
၃ – ရန္သူမ်ား မႏွိပ္စက္ႏိုင္ျခင္း
၄ – မွန္ကန္ေသာ တရားကို က်င့္ႀကံႏိုင္ျခင္း စသည့္ အက်ိဳးတရားမ်ားကို
ရရွိႏိုင္ေပသည္ဟု ဘုရားရွင္ က ေဟာၾကားေတာ္ မႈခဲ့ေပသည္။
Credit- Original Writer