အပျို (၃) မျိုး … အပျိုဆိုတာ ဘာကို ခေါ်တာပါလဲ …

အပျို (၃) မျိုး …

အပျို (၁)

အပျိုဆိုတာ ဘာကို ခေါ်တာပါလဲ။ အားလုံးလည်း သိကြမှာပါ ။ အပျို ဆိုတာ အိမ်ထောင် မရှိသေးတဲ့သူ၊ တရားဝင် လက်မထပ် ရသေးတဲ့ မိန်းကလေးဟာ အပျိုပါပဲ။

အိမ်ထောင်မရှိဘူး ၊ လက်မထပ် ရသေးဘူး ဆိုပေမဲ့ ချစ်သူလဲ ရှိခဲ့ဖူးချင် ရှိခဲ့ဖူးလိမ့်မယ်။

ချစ်သူ ရှိတယ် ဆိုတဲ့ နေရာမှာတောင် သမီးရည်းစား ဆိုတဲ့ အခြေအနေတွေထက် ကျော်လွန်ခဲ့ရင်လဲ ကျော်လွန်ခဲ့မယ်။

ဒါကို ကိုယ်တိုင်ကပဲ သိပါလိမ့်မယ်။ ဒါပေမဲ့ အားလုံး အမြင်မှာ သူမဟာ အပျိုပါပဲ။ ဒါကို အပျို လို့ခေါ်ပါတယ်။

ဒီအပျိုဆိုတဲ့ စာရင်းထဲမှာ လက်မထပ်ရသေးတဲ့ အမျိုးသမီး အားလုံး ပါဝင်နေပါတယ် ။

အပျိုစစ် (၂)

အပျိုစစ် ဆိုတာကတော့ လက်မထပ် ရသေးသူ အားလုံး မပါဝင် နိုင်တော့ပါဘူး။

သူမဟာ ချစ်သူ ရှိခဲ့ဖူးသူ ဖြစ်ပေမဲ့ သာမန် သမီးရည်းစား ဆိုတဲ့ အခြေအနေနဲ့သာရှိပြီး လက်ရှိမှာ အပျိုရည်ကို ထိန်းသိမ်းထားနိုင်သူ၊ အမှားအယွင်း မရှိတဲ့သူကို ဆိုလိုပါတယ်။

ချစ်သူနှုတ်ခမ်းနဲ့ နမ်းဖူးတယ် ဆိုတဲ့ အခြေအနေ မျိုးတော့ ရှိချင် ရှိနိုင်မှာပါ။ ဒါပေမဲ့ သူမဟာ ကာမဆန္ဒ ဖောက်ပြားခဲ့ဖူးခြင်း မရှိခဲ့တဲ့အတွက် အပျိုစစ်လို့ခေါ်ဆိုနိုင်ပါတယ်။

အပျိုစင် (၃)

အပျိုစင် ဆိုတဲ့ နေရာမှာတော့ အမျိုးသမီးငယ်တွေ အားလုံး မပါဝင် နိုင်တော့ပါဘူး ။ ခုလို အခြေအနေမျိုးက အတော်လေးကို ရှားပါးလာပြီးလို့လဲ ပြောလို့ရပါတယ်။

အပျိုစင် ဆိုတာ ဘာကိုပြောတာလဲ။ အပျိုစင် ဆိုတာ ယောင်္ကျား တစ်ယောက်ကို ချစ်ခဲ့ရင် ချစ်ခဲ့လိမ့်မယ်။

ဒါပေမဲ့ ဘယ်ယောကျာၤးနဲ့မှ ထိတွေ့ခဲ့ဖူးခြင်း မဆိုထားနဲ့ သူမရဲ့ စိတ်နှလုံးထဲမှာပါ ညစ်ညမ်းသော အတွေးအခေါ်တွေ မရှိပဲ ပကတိ ဖြူစင်သော မိန်းမပျိုလေးများပဲ ဖြစ်ပါတယ်။

ယနေ့ခေတ်လို အနောက်တိုင်း ယဉ်ကျေးမှု တိုက်စားခံရတဲ့ အခြေအနေမှာ အတော်လေးကို ရှားပါးနေပါပီ။

အပျိုစင် ပြောမနေနဲ့ ၊ အပျိုစစ် ဆိုရင်တောင် ကံကောင်းတယ်လို့ ဆိုရမလိုပါပဲ။ ကိုယ့်ကိုကိုယ် ထိန်သိမ်းရမှာ ကိုယ်ကိုတိုင်ရဲ့ တာဝန်ပါ။

တခြားသူက ဘယ်လိုပဲ ထိန်းသိမ်းစေအုံး ၊ ကိုယ်ကိုတိုင်မှ မထိန်းသိမ်းခဲ့ရင် ဘဝကြီး ရေစုန်မျောရမှာပါ။

ဒါကြောင့် ညီမငယ်များ အပျိုစင် ဆိုတဲ့ အခြေအနေမျိုးကို မပိုင်ဆိုင်ခဲ့ရင်တောင်မှ အပျိုစစ် ဆိုတဲ့ အခြေအနေမျိုးကို ကိုင်စွဲထားနိုင်ဖို့ ကြိုးစားစေချင်ပါတယ်။

CREDIT

Zawgyi

အပ်ိဳ (၃) မ်ိဳး …

အပ်ိဳ (၁)






အပျိုစစ် (၂)




အပျိုစင် (၃)



ဒါပေမဲ့ ဘယ်ယောကျာင်္းနဲ့မှ ထိတွေ့ခဲ့ဖူးခြင်း မဆိုထားနဲ့ သူမရဲ့ စိတ်နှလုံးထဲမှာပါ ညစ်ညမ်းသော အတွေးအခေါ်တွေ မရှိပဲ ပကတိ ဖြူစင်သော မိန်းမပျိုလေးများပဲ ဖြစ်ပါတယ်။





CREDIT