

သမီး ( ၃ ) ယောက် နဲ့ လူရှုပ်တစ်ယောက်ရဲ့ အဖြစ်….
သမီး ( ၃ ) ယောက် နဲ့ လူရှုပ်တစ်ယောက်ရဲ့ အဖြစ်
တစ်ခါက ရွာတစ်ရွာမှာ သမီး ၃ ယောက်မွေးထားတဲ့ အဒေါ်ကြီးတစ်ယောက်ရှိသတဲ့။
အဲဒီရွာမှာပဲ မြို ကရောက်လာတဲ့ အင်မတန်အပြောကောင်းပြီး အလုပ်မလုပ်ပဲ လိမ်ညာစားသောက်နေတဲ့ ပတ်ချွဲနှပ်ချွဲ လူရှုပ်တစ်ယောက်လည်း ရှိသတဲ့……
ကျေးလက်ဒေသရဲ့ဓလေ့စရိုက်အရ ရွာသူရွာသားတွေဟာ အင်မတန်လည်း ရိုးသားကြပါတယ်တဲ့။ ဒီလိုနဲ့ အဒေါ်ကြီးရဲ့ သမီးအကြီးဆုံးဟာလူရှုပ်နဲ့ အကြောင်းပါပါလေရော…..
လူရှုပ်လူလည်ကလည်း သူ့ထုံးစံအတိုင်း ယောက်ခမ နဲ့ ခယ်မတွေကိုပါ အဆင်ပြေအောင်ပြောဆိုစည်းရုံးပြီး တစ်အိမ်လုံးရဲ့မေတ္တာကို ရအောင်ယူထားနိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ တစ်နေ့မှာလူရှုပ်ရဲ့ဇနီးဟာ အမျိုးသမီးရောဂါနဲ့ရုတ်တရက်ကွယ်လွန်ပါတယ်….
မိန်းမဖြစ်သူရဲ့အသုဘမှာလူရှုပ်ဟာ အမျိုးမျိုးသောအလွမ်းအဆွေး တမ်းတမှုတွေနဲ့ကျူကျူပါအောင်ငိုပါတယ် ယောက်ခမခယ်မတွေသာမက အသုဘလာကြတဲ့ ပရိသတ်ကြီးလည်းလူရှုပ်ရဲ့ အလွမ်းအသောလေးတွေကိုနားထောင်ရင်းကရုဏာဖြစ်မိကြတယ်….
ဒီလိုနဲ့အသုဘကိစ္စပြီးလို့ ရက်လည်ဆွမ်းသွပ်တဲ့အခါ အမျှဝေရင်းလူရှုပ်ကသူရဲ့ နောက်ဆုံးငိုကြွေးတမ်းတခြင်းကို ဟန် အပြည့်နဲ့လုပ်ဆောင်ခဲ့ပါတယ်။
အောက်မလေး မောင့်အချစ်ရဲ့မင်းနောက်ဆုံးအချိန်မှာ တတွတ်တွတ်မှာကြားခဲ့ တဲ့စကား ကို မောင်မပြောရက်ပါဘူး မောင့်ကို ခွင့်လွှတ်ပေးပါတော့…
••နောက်ဘဝမှသာ အပြစ်တွေကျေအောင်ဆပ်ပါရစေ ကောင်း မွန်ရာဘုံဘဝမှာ မောင့်ကိုစောင့်နေပါ မောင်အရောက်လာခဲ့ပါ့မယ် တို့နှစ်ဦးဆုံတဲ့အခါမှသာမောင့်ကို အပြစ်တင်ပါတော့ေ မာင့်အချစ်ရဲ့ ဆိုပြီး ၄•၅ ကြိမ် အသံပြာအောင် အော်ဟစ်ငိုယိုပါလေရော….
ပရိသတ်တွေနဲ့ဆွမ်းစားကြွတဲ့ သံဃာတော်တွေလည်း ကရုဏာသက်ရင်းပြန်သွားကြပါသတဲ့။ ဒီလိုနဲ့ ကိစ္စပြီးတော့ ယောက်ခမကြီးက သမီးဖြစ်သူရဲ့နောက်ဆုံးဆန္ဒကို လိုက်လျောချင်တာကြောင့်
သားမက်ကိုခေါ်ပြီး သမီးနောက် ဆုံးဘာမှာခဲ့သလဲသား အားမနာနဲ့အမေ့ကိုပြောပါ ဘာဖြစ်ဖြစ်လုပ်ပေးပါ့မယ် အမေ့သမီးလေးသူ့ခရီးကို ကောင်းကော င်းသွားပါစေကွယ်လို့ ပြောသတဲ့………
သားမက်ဖြစ်သူကလည်း အပူရုပ်ကိုဟန်လုပ်ရင်း ကျနော်မပြောရက်ပါဘူးအမေရယ်လို့ မျက်ရည်လေးတစမ်းစမ်း အသံ တိုးတိုးညင်းညင်းလေးနဲ့ ပြောရှာသတဲ့။
ဒီလိုနဲ့ ကြိမ်ဖန်များစွာ အားနာဖို့မလိုကြောင်း ယောက်ခမဖြစ်သူကပြောေ လေ တာ့ ဘေးကခယ်မအလတ်လေးကို လှမ်းကြည့်ရင်း…..
နားနဲ့မနာဖဝါးနဲ့ နာပါအမေ..အမေ့သမီးကသူမရှိတဲ့နောက်ပိုင်းမှာ ဒီအိမ်ကနေဘယ်ကိုမှထွက်မသွားပဲ.ညီ မေ လးနဲ့ ကျနော့်ကိုလက်ထပ်ပါလို့ သေသေချာချာ မှာသွားတယ်..
ဒါပေမယ့်ကျနော် ဘယ်လိုပြောရက်မှာလဲအေ မရယ်လို့ ပြောရင်းငိုချပါလေရော…..
သမီးဖြစ်သူကို ချစ်ရတဲ့ချစ်ခြင်းကြောင့် ယောက်ခမကြီးခမျာမကြာခင်မှာပဲ သားမက်ဖြစ်သူကိုသမီးအလတ်နဲ့ နေရာချပေး ပါသတဲ့။
သားမက်လူရှုပ်ကလည်း ရှေးကထက်တိုးလို့ ကွယ်လွန်သူဇနီးစကားကို အလေးထားပြီးမိသားစုအပေါ်မှာ အရ င်ကထက်ပိုပြီး ကြင်ကြင်နာနာဆက်ဆံပါသတဲ့….
ဒီလိုနဲ့မကြာခင်မှာ သမီးအလတ်လေးလည်း အမျိုးသမီးရောဂါနဲ့ ကွယ်လွန်ပြန်ပါလေရောတဲ့••• အဲဒီအခါမှာတော့ သား မက်ဟာသူရဲ့ငိုချင်းကို အရှိန်ပိုမြှင့်ပြီး သူ့ဘဝကံဆိုးကြောင်းတွေရော
သူ့ကိုကြင်နာသူမှန်သမျှ လူ့လောကကြီးကေ စာေ စာ ထွက်သွားတတ်ကြောင်းတွေကိုရော သူဟာမကောင်းသော ဂြိုလ်ကောင်ကြီးသာဖြစ်ကြောင်း ဇနီးများရဲ့ကိုယ်စား သူ သာ သေသွားလိုက်ချင်ကြောင်းတွေကို စီကာပတ်ကုံးဖွဲ့နွဲ့ငိုကြွေးပါသတဲ့….
ရွာသူရွာသားတွေလည်း မယားနှစ်ယောက်ဆက်တိုက် ယူနိုင်ခြင်းကိုမေ့ပျောက်ပြီး ကောင်လေးကံဆိုးလိုက်တာဆိုတဲ့ မှတ်ချက်လေးပြုရင်း ကရုဏာသက်ကြပြန်သတဲ့။
ဒီလိုနဲ့အသုဘကိစ္စပြီးလို့ ရက်လည်ဆွမ်းသွပ်တဲ့အခါ အမျှဝေရင်း လူ ရှုပ်က သူရဲ့ဒုတိယမြောက် နောက်ဆုံးငိုကြွေးတမ်းတခြင်းကို အရင်ကထက်ပိုတဲ့ဟန်နဲ့ထပ်ပြီး လုပ်ဆောင်ခဲ့ပြန်ပါတယ်….
အောက်မလေးညီမလေးရဲ့ မင်းလည်းမင်းအစ်မလို အကို့ကိုနောက်ဆုံးအချိန်မှာ တတွတ်တွတ်မှာကြားခဲ့တဲ့စကားကို အကိုဘယ်လိုပြောထွက်ပါ့မတုန်း အကို့ကိုခွင့်လွှတ်ပေးပါတော့ နောက်ဘဝမှသာအပြစ်တွေ ကျေအောင်ဆပ်ပါရစေ ကောင်းမွန်ရာဘုံဘဝမှာ အကို့ကိုစောင့်နေပါ အကိုတို့ဆုံတဲ့အခါမှသာ အပြစ်တင်ပါတော့ ဆိုပြီး ရှေးနည်းအတိုင်း ၄•၅ကြိမ် အသံပြာအောင် အော်ဟစ်ငိုယိုပြန်ပါသတဲ့….
ပရိသတ်တွေနဲ့ဆွမ်းစားကြွတဲ့ သံဃာတော်တွေလည်း ယခင်အတိုင်းကရုဏာသက်ရင်း ပြန်သွားကြပါသတဲ့။ ဒီလိုနဲ့ကိစ္စပြီးတော့ယောက်ခမကြီးက သမီးဖြစ်သူရဲ့နောက်ဆုံးဆန္ဒကို ရိပ်စားမိတာကြောင့်သားမက်ကိုခေါ်ရင်း….
သူ့အစ်မလိုပဲမှာခဲ့သလား သား လို့ မေးရှာသတဲ့ သားမက်ကလည်း မျက်ဝန်းတစ်ဝိုက်က မခြောက်သေးတဲ့မျက်ရည် စက်တွေကို အင်္ကျီလက်နဲ့သုတ်ရင်း ငိုသံလေးနဲ့ဟုတ်ကဲ့ပါ အမေလို့ပြောရင်း တရှုံ့ ရှုံ့ ငိုကြွေးပါသတဲ့….
မိခင်ကြီးကလည်း ဘယ်တတ်နိုင်မလဲကွယ် သွားလေသူတွေရဲ့ဆန္ဒကိုတော့လိုက်လျောပေးရမှာပေါ့လို့ပြောရင်း သားမက် လူရှုပ်ကို သမီးအငယ်ဆုံးလေးနဲ့ နေရာချထားပေးပြန်သတဲ့…
ဒီလိုနဲ့ မင်္ဂလာဆောင်ပြီးတဲ့ည အိပ်ခန်းထဲမဝင်မီမှာ မိခင်ဖြစ်သူက သမီးနဲ့သားမက်ကိုခေါ်ပြီး သမီးလေး အခုအမေ့မှာလည်း သမီးတစ်ယောက်ပဲရှိတော့တယ်သမီး ကျန်းမာရေးကို အထူးဂရုစိုက်ပါ….
ကျန်းမာအောင် နေပါ••• အမေ အထူးမှာချင်တာကတော့ တကယ်လို့သမီးလည်း သမီးအစ်မတွေလို သေဆုံးခဲ့ရမယ်ဆို ရင်••• နောက်ဆုံးစကားကိုလည်း ဆင်ဆင်ခြင်ခြင်ပြောခဲ့ပါ•••
သမီးသေဆုံးသွားရင် အမေပဲကျန်ခဲ့တော့မှာ••• မလုပ်ကောင်းတာတွေကို မမှာခဲ့ပါနဲ့သမီးလို့ ဆုံးမစကားကို ပြောကြားလိုက်လေတော့သတည်း……
Ko Phyu Sinn