
ဒါပေမဲ့ နောက်ပိုင်းမှာ ဘယ်လိုမှထိမ်းချုပ်လို့မရနိုင်လို့မှတ်ချက်ချပြီး ၊ အလုပ်ထုတ်ဖို့စီစဉ်ခဲ့ပါတယ် ၊
အောင်မင်း
unicode
စစ်တပ်လော်ဘီအချင်းချင်း ဖော်ထုတ်ကြတော့ သဇင်ဦးရဲ့ အိပ်ရာထက်ကအကြောင်းတွေ ပေါ်လာ
ကျွန်တော်က ဟန်ငြိမ်းဦးဆိုသူကိုထည့်မပြောပါဘူး ၊ သူမကထည့်ပြောတော့လည်း ပြောရတာပေါ့ ၊
ကျွန်တော်နဲ့ဟန်ငြိမ်းဦး အတူတူနေဘူးပါတယ် ၊ အဲ့ဒီအမျိုးသမီးက ညဘက်ဆိုကျွန်တော်ကို ဖုန်းဆက်တယ်
“သူအလုပ်လုပ်ချင်ပြီ ခေါ်သေးဘူးလားလို့မေးတယ် ၊ ကျွန်တော်က အလုပ်လုပ်ချင်ရင် လာခဲ့ပါ ၊ ဘယ်သူ့ကိုမှ အိမ်တိုင်ယာရောက်မခေါ်ဘူး”လို့ပြောလိုက်ပါတယ် ၊
အဲ့ဒါကို ဟန်ငြိမ်းဦးက သိသွားပြီး ကျွန်တော်ထံက အဲ့အမျိုးသမီးရဲ့ ဖုန်းနံပါတ်တွေ ၊ ဘိုင်ဘာအကောင့်တွေနဲ့ ဖေ့ဘုတ်အကောင့်တွေတောင်းပါတယ် ၊
ကျွန်တော်ပေးလိုက်ပါတယ် ၊ သုံးလေးရက်လောက်ကြာတော့ ဟန်ငြိမ်းဦးက သူသွားခေါ်မယ်ပြောပါတယ် ၊
ကျွန်တော်က “သွားချင်ရင် ကိုယ့်ပိုက်ဆံနဲ့ကိုယ်သွားပါ ၊ အလုပ်သမားတစ်ယောက်ကို အိမ်အထိလိုက်ခေါ်ပြီး အလုပ်ခန့်ရင် အကျင့်ပါတယ် ” လို့ပြောလိုက်ပါတယ် ၊
ချစ်ရည်လူးနေတဲ့ ဟန်ငြိမ်းဦးက တားမရဆီးမရ သူ့ဒေါသနဲ့သူအိမ်အထိ သွားခေါ်ပါတယ် ၊
ကျွန်တော်တို့နေတဲ့နေရာရောက်တော့ ၊ လူကြီးတွေကတားနေတဲ့ကြားက ၊ အဲ့အမျိုးသမီးရယ် ၊ သူမအမေရယ် ဟန်ငြိမ်းဦးရယ် တစ်အိမ်ထဲနေကြပါတယ် ၊
နောက်တော့ သူတို့မိသားစုနေဖို့ အခန်းတစ်ခန်းသက်သက်ကျွန်တော်လုပ်ပေးလိုက်ပါတယ် ၊
ဟန်ငြိမ်းဦးအိမ်နဲ့ ဒီအမျိုးသမီးအိမ်ကြားမှာ ကျွန်တော်တို့ရုံးခန်းရှိပါတယ် ၊ ရုံးတက်ချိန်မနက် (၁၀;၀၀)နာရီလို့ သတ်မှတ်ထားပါတယ် ၊
ဒါပေမဲ့ ရုံးကိုကျော်ပြီး ပျောက်သွားတဲ့ရက်တွေအများကြီးပါ ( ဒါကျွန်တော်ကိစ္စမဟုတ်ပါ) ၊
ရောက်ပြီး (၁၅)ရက်လောက်မှာကတည်းက လူမှု့ရေး အရှုပ်အထွေးတွေဖြစ်လာတော့မယ်ဆိုတာ သိလာလို့ အလုပ်ထုတ်ဖို့စီစဉ်ခဲ့ပါသေးတယ် ၊
ဒါပေမဲ့ လူမှု့ရေးအရ မိသားစုတွေကိုငဲပြီး တည်မတ်ယူမယ်လို့ စိတ်လျှော့ခဲ့ပါတယ် ၊
ဒါပေမဲ့ နောက်ပိုင်းမှာ ဘယ်လိုမှထိမ်းချုပ်လို့မရနိူင်လို့မှတ်ချက်ချပြီး ၊ အလုပ်ထုတ်ဖို့စီစဉ်ခဲ့ပါတယ် ၊
အလုပ်ထုတ်ခံရသူအတွက် လစာမှလွဲပြီး မည်သည့်ခံစားချက်မှ ပေးရန် စာချုပ်မရှိပါ၊
ဟုတ်ပါတယ် ၊ ငါကင်ပေးသူ ဘောစိမှာ ကျွန်တော်မိတ်ဆွေပါ ၊ ဒါပေမဲ့ သူနဲ့ အွန်လိုင်းမှာ အလွန်ရင်းနှီးပြီးသားဖြစ်နေကြပြီလို့ သူမကိုယ်တိုင်ပြောပါတယ် ၊
စားသောက်ဆိုင်အတူတူသွားစားကြပါတယ် ၊ ဒါလောက်ပါဘဲ သိချင်တာရှိရင်မေးကြပါ ၊
(ဒီကိစ္စတွေရှင်းတဲ့နေရာမှာ ကြားလူတွေ အထင်မှားကောင်းမှားကြပါလိမ့်မယ် ၊
ကျွန်တော်တို့ရဲ့သိက္ခာတွေကို နောက်ကွယ်မှာချပေါင်းများနေပါပြီ ၊ ဒါကြောင့်ပါ၊ ဒီထက်တော့ဆက်မရေးတော့ပါဘူး)
အောင်မင်း