ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၏ ဆရာအရင်း ဗိုလ်ချုပ်အုန်းသွင်(ငြိမ်း) နှင့် သားမက်ဖြစ်သူ ဗိုလ်ကြီးဟောင်း ရဲတေဇတို့ ဘဝကူးပြောင်း

ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၏ ဆရာအရင်း ဗိုလ်ချုပ်အုန်းသွင်(ငြိမ်း) နှင့် သားမက်ဖြစ်သူ ဗိုလ်ကြီးဟောင်း ရဲတေဇတို့ ဘဝကူးပြောင်း

ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၏ ဆရာအရင်း ဗိုလ်ချုပ်အုန်းသွင်(ငြိမ်း) နှင့် သားမက်ဖြစ်သူ ဗိုလ်ကြီးဟောင်း ရဲတေဇတို့ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၄

အကြမ်းဖက်စစ်တပ်၏ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဆရာအရင်းဖြစ်သူ ဗိုလ်ချုပ်အုန်းသွင်(ငြိမ်း)နှင့် သားမက် ဗိုလ်ကြီးဟောင်းရဲတေဇ ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များက ယနေ့ တွင် ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။

ယနေ့ မွန်းလွဲ ၃ နာရီဝန်းကျင်အချိန် လှိုင်မြို့နယ် ၁၂ရပ်ကွက်အတွင်းရှိ ၎င်း၏ နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ၊ ဗိုလ်ချုပ်အုန်းသွင်(ငြိမ်း) ကို ပစ်ခတ်စဉ် သားမက်ဖြစ်သူ ဗိုလ်ကြီး ဟောင်းရဲတေဇပါ ကျည်ထိသေဆုံးသွားခြင်းဖြစ်ကြောင်း ရဲသတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။

“သားမက်ဖြစ်သူ( ဗိုလ်ကြီးဟောင်း) ရဲတေဇပါ ဆုံးသွားပါတယ်။ (ဗိုလ်ချုပ်ငြိမ်း) ဦးအုန်းသွင်ရော (ဗိုလ်ကြီးဟောင်း)ရဲတေဇပါ ဆုံးပါတယ်” ဟု ရဲသတင်းရင်းမြစ်က အတည်ပြုပြော ဆိုသည်။

“ဒီနေ့ပစ်ခတ်မှုက သူ့ကိုပဲ ရည်ရွယ်တဲ့ရှင်းလင်းမှုဖြစ်ပေမယ့် သူ့ရဲ့သားမက် ( အငြိမ်းစားဗိုလ်ကြီးရဲတေဇ) က မြို့ပြပြောက်ကျားရဲဘော်တွေကိုရန်ပြုဖို့ကြိုးစားခဲ့လို့သူ့ကိုပါတခါတည်းရှင်းလင်းခဲ့ရပါတယ်။ သူတို့အိမ်မှာ တခြားမိသားစုဝင်တွေအများကြီးရှိပေမယ့် ဘာမှ မလုပ်ခဲ့ပါဘူး” ဟု မြို့ပြပျောက်ကျားတပ်ဖွဲ့က ပြောသည်။

အဆိုပါမြို့ပြ စစ်ဆင်ရေးကို အမည်မဖော်လိုသည့် မြို့ပြတပ်ဖွဲ့တစ်ခုနှင့် Inya Urban Force အဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်အုန်းသွင်သည် DSA စစ်တက္ကသိုလ်အပတ်စဉ် ၁၅ ကျောင်း ဆင်းဖြစ်ပြီး ဗိုလ်မှုးချုပ်/ဗိုလ်ချုပ် ဘဝဖြင့်စစ်တပ်မှအငြိမ်းစားယူကာ မြန်မာနိုင်ငံဆိုင် ရာ သီရိလင်္ကာ သံအမတ်ကြီး ၊ ဘဂ်လားဒေ့ရှ် သံအမတ်၊ မော်လ်ဒိုက် သံ အ မတ် နှင့်တောင်အာဖရိကသံအမတ် အဖြစ်ပါ တာဝန်ယူခဲ့သူလည်းဖြစ်သည်။

စစ်တပ်အာဏာမသိမ်းမီ ၁ နှစ်ခန့် အလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွင်းမှပင်အာဏာ သိမ်းစရာမလိုဘဲ အာဏာထိန်း၍ ရကြောင်းစာတမ်းတစ်ခု ရေး သားကာ အကြမ်း ဖက်စစ်တပ်ဒုခေါင်းဆောင်စိုးဝင်းထံပေးပို့ခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်များက ဆိုသည်။

ဗိုလ်ချုပ်အုန်းသွင်သည် ဒေါ်အောင်ဆန်းစုကြည်ကို လူသိရှင်ကြားဆဲဆိုဖူးသူဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းဆန္ဒပြလူငယ်များသတ်ဖြတ်ခံရချိန်
လူမှုကွန်ရက် ပေါ်တွင်အောင်ပွဲခံခဲ့သူလည်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်၏ အရန်လက်ကိုင်တုတ်ဖြစ်သည့် မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့တွင်လည်း နာယက ​အဖွဲ့ဝင်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အုန်းသွင်သည် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် National Defense College (NDC) တွင်လည်းသင်တန်းပို့ချနေသူဖြစ်ပြီး ၎င်း၏သားမှာ လက်ရှိရခိုင်ပြည်နယ်တွင် တာဝန်ကျ နေသည့်ဗိုလ်မှူး ကျော်ဇင်စိုးဖြစ်ကြောင်း သိရှိရသည်။

ဗိုလ်ချုပ်အုန်းသွင်တွင် သားသမီး ၃ ဦးရှိပြီး အကြီးဆုံးမှာ ကျော်ဇေစိုး၊ အလတ်မှာ ဗိုလ်မှူးကျော်ဇင်စိုးဖြစ်ပြီး သမီးအငယ်ဆုံးမှာလင်းနန္ဒာသွင်ဖြစ်ကြောင်း၊ လင်း နန္ဒာသွင် ၏ ယောက်ျားမှာ စစ်အရာရှိ ဗိုလ်ကြီးဟောင်း ရဲတေဇဖြစ်ပြီး အာဏာမသိမ်းခင်ကအငြိမ်းစားယူထားသူဖြစ်ကြောင်း သိရှိရသည်။