
လက္ယက္ကုန္း႐ြာက ကေလးမ်ားကို သ—တ္-ျဖတ္မႈနဲ႔ပတ္သက္ၿပီး ဗိုလ္နဂါးေျပာၿပီ
လက္ယက္ကုန္း႐ြာ သတ္-ျဖတ္မႈ မယုံၾကည္ႏိုင္ေအာင္ ယုတ္မာ ေအာက္တန္းက်တဲ့ လုပ္ရပ္လို႔ ဗိုလ္နဂါး ေျပာ၊
မထူးဇတ္ခင္းၿပီး မိုက္တြင္းနက္ေနတဲ့ စစ္အုပ္စုကို အျမစ္ျဖတ္ဖို႔ ျပည္သူအားလုံး တတ္ႏိုင္ရာက ပါဝင္ေပးၾကဖို႔ တိုက္တြန္း၊
MFP ၊ စက္တင္ဘာ – ၂၃
စစ္ကိုင္းတိုင္း ဒီပဲယင္းၿမိဳ႕နယ္ လက္ယက္ကုန္း႐ြာ ဘုန္းႀကီးေက်ာင္းထဲမွာ စာသင္ေနတဲ့ ကေလးသူငယ္ေတြကို ပစ္မွတ္ထားၿပီး စစ္အုပ္စုက ရဟတ္ယာဥ္ေတြနဲ႔ ပစ္ခတ္သ-တ္-ျဖတ္ခဲ့မႈဟာ မယုံၾကည္ႏိုင္ေလာက္ေအာင္ ယုတ္မာ ေအာက္တန္းက်တဲ့ လုပ္ရပ္ျဖစ္တယ္လို႔ ျမန္မာ့ေတာ္ဝင္ နဂါးတပ္ေတာ္ (M.R.D.A) ေခါင္းေဆာင္ ဗိုလ္နဂါးက ေျပာပါတယ္။
စစ္အုပ္စုဟာ ကေလး၊ လူႀကီးမေ႐ြး ထင္တိုင္းက်ဲ သ-တ္-ျဖတ္ေနသလို မထူးဇတ္ခင္းၿပီး ဆက္လက္ မိုက္တြင္း နက္ေနတာမို႔ လက္ယက္ကုန္း ျဖစ္စဥ္လို ျဖစ္ရပ္ေတြ ထပ္မံ မျဖစ္ေပၚေစေရး စစ္အုပ္စုကို အျမစ္ျဖတ္ ေမာင္းထုတ္ႏိုင္ဖို႔ လိုတယ္လို႔လည္း ဗိုလ္နဂါးက ေျပာပါတယ္။
ဒုစ႐ိုက္ဂိုဏ္းအျဖစ္ အသြင္ေျပာင္းသြားၿပီ ျဖစ္တဲ့ စစ္အုပ္စုကို အျမစ္ျဖတ္ႏိုင္ဖို႔ အားလုံးမွာ တာဝန္ရွိၿပီး ျပည္သူအားလုံးက တတ္ႏိုင္ရာက ပါဝင္ေပးၾကဖိုပလည္း ဗိုလ္နဂါးက တိုက္တြန္းပါတယ္။
“ဒီပဲယင္းၿမိဳ႕နယ္၊ လက္ယက္ကုန္းေက်း႐ြာ စာသင္ေက်ာင္းကို ပစ္မွတ္ထားၿပီး အၾကမ္းဖက္စစ္ေကာင္စီတပ္မွ ေလေၾကာင္းျဖင့္ လူမဆန္စြာ တိုက္ခိုက္မႈလုပ္ခဲ့ပါသည္။
ဤျဖစ္ရပ္ႏွင့္ ပတ္သက္ၿပီး ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္ (M.R.D.A) အေနျဖင့္ ေနာက္ေနာင္ အလားတူျဖစ္ရပ္မ်ား မျဖစ္ရန္(တစ္နည္း) နည္းႏိုင္သမွ် နည္းရန္အတြက္ က်ေနာ္တို႔ ျပည္သူမ်ား၏ အားျဖည့္ကူညီမႈျဖင့္ အရွိန္အဟုန္ျမန္စြာျဖင့္ ေတာ္လွန္ေရး ေအာင္ျမင္ေရးအတြက္ ႀကိဳးစားလ်က္ရွိပါသည္” လို႔ MRDA က ဒီေန႔ သတင္း ထုတ္ျပန္ပါတယ္။
credit
လက်ယက်ကုန်းရွာက ကလေးများကို သ—တ်-ဖြတ်မှုနဲ့ပတ်သက်ပြီး ဗိုလ်နဂါးပြောပြီ
လက်ယက်ကုန်းရွာ သတ်-ဖြတ်မှု မယုံကြည်နိုင်အောင် ယုတ်မာ အောက်တန်းကျတဲ့ လုပ်ရပ်လို့ ဗိုလ်နဂါး ပြော၊
မထူးဇတ်ခင်းပြီး မိုက်တွင်းနက်နေတဲ့ စစ်အုပ်စုကို အမြစ်ဖြတ်ဖို့ ပြည်သူအားလုံး တတ်နိုင်ရာက ပါဝင်ပေးကြဖို့ တိုက်တွန်း၊
MFP ၊ စက်တင်ဘာ – ၂၃
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်းထဲမှာ စာသင်နေတဲ့ ကလေးသူငယ်တွေကို ပစ်မှတ်ထားပြီး စစ်အုပ်စုက ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်သ-တ်-ဖြတ်ခဲ့မှုဟာ မယုံကြည်နိုင်လောက်အောင် ယုတ်မာ အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်တယ်လို့ မြန်မာ့တော်ဝင် နဂါးတပ်တော် (M.R.D.A) ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။
စစ်အုပ်စုဟာ ကလေး၊ လူကြီးမရွေး ထင်တိုင်းကျဲ သ-တ်-ဖြတ်နေသလို မထူးဇတ်ခင်းပြီး ဆက်လက် မိုက်တွင်း နက်နေတာမို့ လက်ယက်ကုန်း ဖြစ်စဉ်လို ဖြစ်ရပ်တွေ ထပ်မံ မဖြစ်ပေါ်စေရေး စစ်အုပ်စုကို အမြစ်ဖြတ် မောင်းထုတ်နိုင်ဖို့ လိုတယ်လို့လည်း ဗိုလ်နဂါးက ပြောပါတယ်။
ဒုစရိုက်ဂိုဏ်းအဖြစ် အသွင်ပြောင်းသွားပြီ ဖြစ်တဲ့ စစ်အုပ်စုကို အမြစ်ဖြတ်နိုင်ဖို့ အားလုံးမှာ တာဝန်ရှိပြီး ပြည်သူအားလုံးက တတ်နိုင်ရာက ပါဝင်ပေးကြဖိုပလည်း ဗိုလ်နဂါးက တိုက်တွန်းပါတယ်။
“ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို ပစ်မှတ်ထားပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် လူမဆန်စွာ တိုက်ခိုက်မှုလုပ်ခဲ့ပါသည်။
ဤဖြစ်ရပ်နှင့် ပတ်သက်ပြီး မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) အနေဖြင့် နောက်နောင် အလားတူဖြစ်ရပ်များ မဖြစ်ရန်(တစ်နည်း) နည်းနိုင်သမျှ နည်းရန်အတွက် ကျနော်တို့ ပြည်သူများ၏ အားဖြည့်ကူညီမှုဖြင့် အရှိန်အဟုန်မြန်စွာဖြင့် တော်လှန်ရေး အောင်မြင်ရေးအတွက် ကြိုးစားလျက်ရှိပါသည်” လို့ MRDA က ဒီနေ့ သတင်း ထုတ်ပြန်ပါတယ်။
credit