လေလည်ရင် အနံ့ဆိုးတွေအစား ချောကလက်နံ့နဲ့ နှင်းဆီပန်းနံ့တွေ ထွက်လာစေမယ့် ဆေး

လေလည်ရင် အနံ့ဆိုးတွေအစား ချောကလက်နံ့နဲ့ နှင်းဆီပန်းနံ့တွေ ထွက်လာစေမယ့် ဆေး

သင်ဟာ ရုပ်ရှင်ရုံထဲမှာ လူအများနဲ့ ထိုင်နေပြီးတော့ လေလည်ချင်တယ် ဆိုရင် အခက်တွေ့မှာပါ။ ထွက်ပေါက်ကလည်း သင်နဲ့ မလှမ်းမကမ်းမှာ ရှိနေပေမယ့်လည်း ထွက်ဖို့ ခက်နေတယ်ဆိုရင် အဆင်မပြေပါဘူးနော်။ လေလည်ချင်တာကို အောင့်ထားရင်လည်း သင့်ခန္ဓာကိုယ်အတွက် မကောင်းစေပါဘူး။

ဒီနေရာကနေ ထွက်သွားဖို့ကလည်း မလွယ်ကူဘူး၊ လူတွေကလည်း နေရာတိုင်းမှာ ရှိနေတယ်၊ ပြောပြီးထွက်ရင်တော့ ရပေမယ့် သင်က ရှက်နေမယ်၊ အကြောက်တရား တစ်ခုတည်းက သင့်ကို ချုပ်နှောင်ထားတယ်၊ သင်ဒီအခန်းထဲကနေ ထွက်ကိုထွက်ရမှ ဖြစ်တော့မယ်ဆိုရင် ဒီလိုဖိအားမျိုးကို ဘယ်သူကမှ ရေရှည် တောင့်မခံနိုင်ပါဘူး။

တကယ်လို့ သင်သာ ဒီအချိန်မှာ လေလည်လိုက်ရင် ဘယ်လို ခံစားရမလဲ။ အမြှောက်ပြောင်းထဲကနေ ထွက်သွားတဲ့ အမြှောက်ဆံလိုမျိုးလား။ အရာအားလုံးက ပေါ့ပါးသွားသလို ခံစားရပြီးတော့ အရမ်းကို နေလို့ထိုင်လို့ ကောင်းသွားမလား။ လေက အရမ်းလည်ချင်နေတာကို တိုးတိုးလေး ထွက်သွားတယ်ဆိုရင်ကော သင်ဘယ်လို ခံစားရမလဲ။ ဆန္ဒတွေ ပြည့်ဝသွားသလိုမျိုး ခံစားနေရမလား။

ပထမတစ်ကြိမ် တိုးတိုးလေး ထွက်သွားပေမယ့် နောက်တစ်ခါထွက်တာက အသံအရမ်းကျယ်ပြီး နံနေတယ် ဆိုရင်တော့ လူတွေကြားထဲ တော်တော်ကို ရှက်ဖို့ကောင်းပါတယ်။ လူတွေကလည်း ဝိုင်းကြည့်နေကြမယ့်အပြင် အနံ့တွေကလည်း မွှန်ထူနေမှာပါ။

ကံကောင်းထောက်မစွာနဲ့ပဲ ဘယ်သူမှမသိခင် တိုးတိုးလေးနဲ့ ထွက်သွားပြီး အနံ့ပါမနံဘူး ဆိုရင်တော့ သင့်မှာ ငုပ်လျှိုးနေတဲ့ စွမ်းအင်တွေ ရှိနေပါပြီ။ သင့်မှာ လေလည်လိုက်တိုင်း Pulule Pet လိုမျိုး အနံ့သင်းသင်းလေး ရတယ်ဆိုရင်တော့ သင်အချိန်တိုင်း လေလည်ချင်နေမှာပါ။ အခြေအနေက လုံးဝကို ကွဲပြားသွားပါလိမ့်မယ်။

အသက်ရှုလိုက်တိုင်းလည်း ပန်းနံ့နဲ့ ချောကလက်ရဲ့ ရနံ့က သင့်နှာခေါင်းထဲကို တိုးတိုးဝင်လာမယ်။ အရမ်းကို သင်းပျံ့နေပြီးတော့ အရာရာတိုင်းကလည်း ချိုမြိန်နေသလို ခံစားနေရပါလိမ့်မယ်။

လူတိုင်းကလည်း ဒီအနံ့သင်းသင်းလေးက ဘယ်နားကနေ ရနေလဲဆိုတာကို စူးစမ်းတကြီးနဲ့ လိုက်ရှာနေပါမယ်။ အနံ့ပိုင်ရှင်က ဘယ်သူလဲ ဆိုတာကို အရမ်းသိချင်နေကြ ပါလိမ့်မယ်

လေလည်လိုက်တိုင်း အရင်လို အနံ့ပြင်းပြင်းကြီးတွေ မဟုတ်ပဲ ချိုမြိန်စူးရှနေတဲ့ အနံ့လေးထွက်နေမယ် ဆိုရင်တော့ သင်လေလည်ရမှာကို ရှက်တော့မှာမဟုတ်ပါဘူး။ လူတိုင်းကလည်း မျက်စောင်းကြီးတွေနဲ့ လိုက်ကြည့်နေကြတော့မှာ မဟုတ်ပါဘူး။

ဘာကြောင့်လဲ ဆိုတော့ Pulule Pet ဆေးဟာ အစာအိမ်အတွင်းက ဓာတ်ငွေ့တွေရဲ့ အနံ့ကို ပြောင်းလဲအောင် ဖော်စပ်ထားတာကြောင့်ပဲ ဖြစ်ပါတယ်။

ဒီဆေးကို Christian Poincheval လို့ခေါ်တဲ့ အသက် 65 နှစ်အရွယ် အဘိုးအိုတစ်ဦး တီထွင်ထားတာဖြစ်ပြီးတော့ 100% သဘာဝအတိုင်းပဲ ဖြစ်ပါတယ်။ စမုန်နက်၊ ပင်လယ်ရေမှော်နှင့် ဘလူးဘယ်ရီ စတဲ့ပစ္စည်းတွေ ပါဝင်ပါတယ်။

ဆေးတွေမှာ မတူညီတဲ့ အနံ့တွေ ရှိပါတယ်။ နှင်းဆီ၊ ဂျင်းနှင့် ချောကလက်အနံ့တို့လည်း ရရှိနိုင်ပါတယ်။ လေလည်ရင် အနံ့ပြင်းတဲ့ သူငယ်ချင်းကို လက်တို့လိုက်ပါဦးနော်။

Credit