ကားစီးရင် ဖယောင်းတိုင်တစ်တိုင် အမြဲဆောင်ထားသင့်တဲ့ အကြောင်းရင်း
ကားစီးရင် ဖယောင်းတိုင်တစ်တိုင် အမြဲ ဆောင်ထားသင့်တဲ့ အကြောင်းရင်း
ကျွန်တော်ငယ်ငယ် ကားစီးရတာ ကြိုက်ပေမဲ့ အသက် 20 လောက်မှာ ကားစီးရင် ကားမူးလာပါတယ် ။
ကားမူးတတ်တဲ့ ကျတော့် သောက်ကျင့်ကို ကျတော်လွန်စွာမှ မုန်းပါတယ်။
ကားစီးရင် ကားမူးပျောက် ဆေးသောက်ရပါတယ် မသောက်ဘဲ ကားစီးမိရင် လူက မူးမော့နေတာ၊
တစ်နေ့ ကျွန်တော် မန်းလေးသွားတော့ ကားမူးသောက်ဆေးသောက်တာ မသက်သာဘဲ ဖြစ်နေတာ မူးချက်ကတော့ လက်ကုန်ပါဘဲ။
ဖြစ်ချင်တော့ ကျတော့ဘေးက ကျတော်ဆရာမ ဒေါ်သန့်သန့်ဝင်းက လိုက်လာတာပါ ဆရာမက ပြောတယ်။
ကားမူးရင် ဖယောင်းတိုင် ရင်ဘက်ထဲ ထည့်ထားတဲ့ လုံးဝကောင်းတယ် လက်တွေ့တဲ့ ဆရာမ ပြောပြောချင်းတုန်းက နည်းနည်း ကြောင်သွားတယ်။
ကားမူးတာနဲ့ ဖယောင်းတိုင်နဲ့ ဘာဆိုင်လည်းပေါ့။ဆရာမစကားဆိုတော့လည်း နားထောင်ရတာပေါ့ ။
အဲလိုနဲ့ ကျွန်တော် ရွှေတောင်ဦးနား ကားရပ်တော့ စတိုးဆိုင်မှာ ဖယောင်းတိုင် ဆင်းဝယ်ပြီး၊ ရင်ဘက်ထဲ တစ်ဖက် သုံးချောင်းဆီကို ထိုးထည့်လိုက်ပါတယ်။
ဆိုင်က ကောင်မလေးက အမ ဘာဖြစ်လို့လည်းတဲ့ မေးပါလေရော ကျွန်တော်ကလည်း အေး ငါလည်း မလုပ်ဖူးဘူး ။
ငါ့ဆရာမက လုပ်ဆိုလို့ လုပ်တာ ကားမူးပျောက်တယ်ဆိုလို့ လို့ ပြောလိုက်ပါတယ်။
တစ်ကယ်လည်း ဖယောင်းတိုင် ထည့်ပြီးရော့ 5 မိနစ်လောက်နေတော့ ခေါင်းက ကြည်လာပါတယ်။
ရွှေတောင်ဦးကနေ မန်းလေးအထိ ကားမမူးတော့ပါဘူး ကျတော်ဆို ဆရာမကို ကျေးဇူးတင်လွန်းလို့။
ကျတော် ဖယောင်းတိုင်ထည့်ပြီး 5 ခါလောက် စီးပြီးပါပြီ စီးတိုင်း မမူးဘူးဆိုတာ စမ်းသပ်ပြီးမှ ၊ဒီစာကို မျှဝေပြီး တင်ပေးတာပါ။
ကားမူးတဲ့ညီမ နှစ်ယောက်ကိုလည်း စမ်းထည့်ပြီးပြီ သူတို့လည်း ကားမမူးတော့ပါဘူး။
ဒီလိုလေး လုပ်ရင် ဒီလိုလေး ဖြစ်တယ်ဆိုတာ သိစေချင်လို့ပါ ။
အရမ်းနံပြီး အရမ်းအေးတဲ့ air ကားတွေတော့ မစမ်းသပ်ရသေးဘူးပေါ့လေ။
မှတ်ချက် ။ ။ ဖယောင်းတိုင်ထည့်ရင် ချိုးထည့်ပါလေ ချိုးမထည့်လို့၊ ထိုးထိုးထောင်ထောင် ဖြစ်နေရင် ဘာကြီးလည်းဟ ဆိုပြီး ဝိုင်းကြည့်ခံနေရအုံးမယ်။
အမျိုသားတွေကတော့ ရင်ဘက်ကို တိတ်နဲ့ကပ်ပေါ့လေ အမျိုးသမီးတွေကတော့ အိကီင်္ျနှစ်ထပ် ဝတ်ထားရတာဆိုတော့ ဒီတစ်ခါတော့ အားသာချက်ရတာပေါ့နော်။
ဖယောင်းတိုင်က ဘယ်/ ညာ နှစ်ဖက်လုံး ထည့်ရတာနော် ဘယ်ဘက်တစ်တိုင် ညာဘက်တစ်တိုင် အရမ်းမူးရင် တစ်ဖက် နှစ်တိုင်ဆီ ထည့်ပေါ့ ၊
အရမ်းမူးရင် များပြီးထည့်ပေါ့ သုံးခါလောက် ပြန်သုံးလို့ရပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။
မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
ကားမူးတက်တဲ့ ကျတော့သောက်ကျင့်ကို ကျတော်လွန်စွာမှ မုန်းပါတယ်။