ဇလားဗီးယားငါးကို လုံးဝမစားပဲ အသက်ရှည်ရှည်နေလိုက်ပါ
ကျွန်တော် တို့ ဇလား ပီးယားငါးတွေကို အရမ်းကြိုက်တယ် ။ မွှေးနေတဲ့ ငါးကင်ကို ဈေးကြီးပေးပြီးတော့ကိုစားတယ် ၊ စားလို့လဲကောင်းတယ် ။ ဒါပေမယ့် နောက်ကွယ်က အကြောင်းတရားလေးတွေကိုတော့ မစဉ်းစားမိကြဘူး ။
ဇ လားဗီးယားငါးတွေဟာ နိုင်ငံတကာမှာ ကျယ်ပြန့်စွာမွေးမြူပြီးစားသုံးနေကြတဲ့ ငါးတစ်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း ကင်ပြီးတော့ပဲဖြစ်ဖြစ်၊ ပေါင်းပြီးတော့ပဲဖြစ်ဖြစ်၊ ကြော်ပြီးတော့ပဲဖြစ်ဖြစ် ဘယ်လိုချက်စားစား စားကောင်းပြီး ဈေးနှုန်းလည်း သင့်တင့်တာကြောင့် လူကြိုက်များတဲ့ ငါးတစ်မျိုးဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဇလားဗီးယားငါးတွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အတွက်ကြောင့် အလွန်အကျွံ မစားသုံးသင့်ပါဘူး။ အကြောင်းရင်းတွေကတော့ ဒီမှာပါ။
(၁) မွေးမြူရေးငါးတွေဖြစ်တယ်
ဇလားဗီးယားငါးတွေဟာ များသောအားဖြင့် ငါးကန်ထဲမှာ ကျပ်သိပ်နေအောင် မွေးမြူထားတဲ့ မွေးမြူရေးငါးတွေဖြစ်ပါတယ်။ ဒီငါးတွေဟာ အစားမရွေးတာကြောင့် ဘာကျွေးကျွေးစားကြပါတယ်။
ဒါကြောင့် မစင်တွေနဲ့ထမင်းသိုးတွေ ဟင်းသိုးတွေနဲ့မွေးမြူကြတာဖြစ်တဲ့အတွက် စားလိုက်တဲ့အခါမှာ ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။
အထူးသဖြင့်တော့ တရုတ်ပြည်က ငါးကန်တွေမှာ မွေးမြူတဲ့ ဇလားဗီးယားငါးတွေကို သတိထားပြီး စားသောက်ဖို့အတွက် ကမ္ဘာတစ်ဝန်းက ကျန်းမာရေး ပညာရှင်တွေက တိုက်တွန်းထားပါတယ်။
(မြန်မာနိုင်ငံမှာဆိုလည်း ငါးကန်ပေါ်ကြက်ခြံတည်ပြီးမွေးကျတာတွေရှိနေတယ် ။ကြက်မစင်နဲ့တကွ စွန့်ထုတ်အညစ်အကြေးများသည် ငါးစာဖြစ်ကာ ကူးစက်ရောဂါများအတွက် ကွင်းဆက်သဖွယ် ဆက်စပ်နေလေ့ရှိသည်။)
(၂) မကောင်းတဲ့အဆီတွေပါတယ်
ခန္ဓာကိုယ်ထဲမှာ လိုအပ်တဲ့ ကောင်းမွန်တဲ့ အဆီဟာ Omega 3 fatty acid ဖြစ်ပါတယ်။ တခြားငါးတွေနဲ့ယှဉ်ရင် ဇလားဗီးယားငါးတွေထဲမှာ Omega 3 ပါဝင်မှုနှုန်း နည်းပါတယ်။ ဇလားဗီးယားငါးတွေမှာ Omega 6 acid တွေသာကြွယ်ဝစွာပါဝင်တာကြောင့် ကောင်းကျိုးနည်းတဲ့အပြင် သင့်ခန္ဓာကိုယ်ကို ဖောရောင်စေနိုင်ပါတယ်။
(၃) ကင်ဆာဖြစ်စေတယ်
ဇလားဗီးယားငါးတွေဟာ တခြားငါးတွေထက် ကင်ဆာဖြစ်ပွားစေနှုန်း ၁၀ ဆပိုမြင့်ပါတယ်။ ၎င်းတို့ထဲမှာပါဝင်တဲ့ Dioxin ဆိုတဲ့ ဓာတ်ကို ချေဖျက်ဖို့အတွက် ခန္ဓာကိုယ်က နှစ်ပေါင်းများစွာ အချိန်ယူရပါတယ်။ ဒီဓာတ်တွေဟာ ခန္ဓာကိုယ်ထဲကိုရောက်သွားတဲ့အခါ ပျက်စီးယိုယွင်းမှုတွေ ဖြစ်လာပါတော့တယ်။
(၄) သတိမေ့ရောဂါဖြစ်စေတယ်
ဇလားဗီးယားငါးထဲမှာပါဝင်တဲ့ Arachidonic acid ဟာ သတိမေ့ရောဂါ ဖြစ်ပွားနှုန်းကို တိုးမြင့်စေပါတယ်။ ဒါကြောင့် အသက်ကြီးလာတဲ့အခါ မှတ်ဉာဏ်ချို့ယွင်းတာ၊ သတိမေ့တာမျိုးတွေမဖြစ်ချင်ရင် ဇလားဗီးယားငါးတွေကို မစားသင့်တော့ပါဘူး။
crd-original writer
Unicode