
ကောင်လေးနဲ့ ကောင်မလေး ရည်းစားဖြစ်ကြပြီဆိုတာနဲ့ Sex…see more
ကောင်လေးနဲ့ ကောင်မလေး ရည်းစားဖြစ်ကြပြီဆိုတာနဲ့ Sex ဆက်ဆံကြတာများတယ် ။
ဒီခေတ်ကြီးမှာ ကွန်ဒုံး နဲ့ ဆေးစွမ်းတွေကြောင့် Sex ဆက်ဆံပြီးရင်တောင် ကောင်မလေးတွေ ဗိုက်ကြီးတယ်ဆိုတာ မရှိကြတော့ဘူး ။
ဒီခေတ်ကြီးမှာ လင်မယူရသေးပေမယ့် အပျိုမစစ်တော့တဲ့ မိန်းမအိုတွေ အများကြီးပဲ ။ ပြည့်တန်ဆာနဲ့ ဘာမှ မခြားတော့တဲ့ မိန်းကလေးတွေလည်း အများကြီးရှိကြတယ်။
မိန်းမ မယူရသေးပေမယ့် လူပျိုရည် ပျက်နေတဲ့ ကောင်တွေ အများကြီးပဲ ။ Sex ဆက်ဆံချင်တာနဲ့ပဲ ရည်းစားဘဝကို ရယူပစ်တတ်ကြတာတွေ အတွဲတွေ အများကြီးပဲ ။
ဒါဟာ မှားယွင်းတဲ့ လုပ်ရပ်တွေပဲလို့ မြင်တယ် ။ ပြီးရင် မလိုလားအပ်တဲ့ ပြဿနာတွေက ပေါ်လာရတာပဲ ။ ဘာပြဿနာပေါ်တာလဲဆိုရင် ကောင်လေးတစ်ယောက်ဟာ မိန်းကလေးတစ်ယောက် Sex လုပ်ပြီးတဲ့အခါ
အဲ့ဒီမိန်းကလေးကို နောက်ထပ် မဆက်ဆံချင်တော့ပဲ အခြားကောင်မလေးတွေဆီ ခြေဦးတည်တော့တာပါပဲ ။ဒါဟာ ကောင်လေးအတော်များများရဲ့ စိတ်နေစိတ်ထားတစ်ခုပါပဲ ။
မိန်းကလေးတစ်ယောက်ကို Sex မဆက်ဆံခင် ကောင်လေးတွေ ပြောတတ်တဲ့ စကားနှစ်ခွန်းက ” မင်းကိုပဲ ချစ်တာပါ ။ အတည်ယူပါ့မယ် ” ဆိုတာပါပဲ ။
ဒါကို မိန်းကလေးတွေက အတည်မှတ်ပြီး သူတို့ရဲ့ အပျော်စင်ဘဝကို အချိန်အတိုအတွင်း ဖျက်စီးခွင့် ပေးလိုက်ကြတယ် ။
အချို့မိန်းကလေးတွေ တန်ဖိုးထားခြင်း မခံရခြင်းဟာ ရည်းစားရှုပ်ခြင်းပါပဲ ။
ဒါဟာ ကိုယ်ချင်းမစာလို့ ပြောခြင်းမဟုတ်ဘဲ မိန်းကလေးတွေကို အင်မတန် တန်ဖိုးထားလို့ ပြောတာပါ ။ မိန်းကလေးတစ်ယောက်မှာ တန်ဖိုးအရှိဆုံးဟာ အိမ်ထောင်မကျခင်အထိ အပျိုစင်ဘဝကို ထိန်းသိမ်းထားနိုင်ခြင်းပဲ ဆိုတာကို နှလုံးသွင်းထားသင့်တယ်။
အတော်များများ ကိုယ်ချင်းစာစိတ် / ချစ်သူအပေါ် တန်ဖိုးထားတတ်တဲ့ စိတ်တွေ လျော့ပါးလာကြပြီ ။ ခေတ်ကြီးက ဘာနဲ့တူသလဲဆိုရင် ကိုယ်လက်ထပ်မယ့်သူက အပျို / လူပျို စစ်ခြင်း မစစ်ခြင်းထက် အကြိမ်ရေနည်းပါစေလို့ပဲ ဆုတောင်းနေရတာမျိုး ဖြစ်နေပြီ ။
အချို့မိန်းကလေးတွေက အခမဲ့ပြည့်တန်ဆာ ဆန်လာပြီး အချို့ကောင်လေးတွေကလည်း ဖာခေါင်းဆန်လာကြပြီ ။
အနည်းဆုံးတော့ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ကြပြီး ကိုယ့်ရဲ့ သန့်စင်တဲ့ ဘဝလေးကို ဂုဏ်ရှိရှိ တန်ဖိုးထားစေချင်မိတာတော့ အမှန်ပါပဲ ။
သော့ကလောက်တစ်လုံးဟာ ဘယ်သော့တံနဲ့မဆို ဖွင့်လို့ရနေရင် အဲ့ဒီသော့ကလောက် ပျက်စီးတော့တာပါပဲ ။ အဆုံးသတ်မှာ အများဆုံး နစ်နာသူကတော့ သော့ကလောက်ပါပဲ ။
ဒါ့ကြောင့် မိမိရဲ့ သော့ကလောက်ကို တန်ဖိုးထားတတ်ကြပါစေ ။ credit