
ခင်ပွန်းကိုသတ်ဖို့ ကြိုးစားတဲ့ အမျိုးသမီး ( အရမ်းကောင်းလို့ ဖတ်ကြည့်စေချင်ပါတယ် )
တစ်ခါက လှပတဲ့ မိန်းကလေးတစ်ယောက်ဟာ အိမ်ထောင်ရေးမှာ ငြီးငွေ့လာပြီး သူမရဲ့အိမ်ထောင်ဖက်ကို သတ်ပစ်ချင်ခဲ့တယ်။ တစ်မနက်မှာ သူ့အမေဆီ ပြေးလာပြီး “အမေရယ်၊ သမီးခင်ပွန်းကို သမီးငြီးငွေ့နေပြီ၊ ဒီအရူးရဲ့ တာဝန်တွေလည်း ဘာမှ မလုပ်ပေးချင်တော့ဘူး။
သမီးသူ့ကို သတ်ချင်ပေမယ့် အဖမ်းခံရမှာလည်းကြောက်လို့ ဘယ်လို လုပ်ရမယ်ဆိုတာ ကျေးဇူးပြုပြီး အကြံပေးနိုင်မလား”လို့ အကူအညီတောင်းတယ်။
အမေကဖြေတယ် ” မေမေသမီကို ကူညီပေးနိုင်ပါတယ် ဒါပေမယ့် မေမေပြောသလိုတော့ လုပ်မှဖြစ်မယ် ” သမီးက “ဘာလုပ်ပေးရမလဲအမေ ဘာပဲလုပ်ရလုပ်ရ လုပ်ပါ့မယ် ” ” ဟုတ်ပြီ ” အမေကပြောတယ်။ သမီး သူနဲ့အဆင်ပြေအောင်နေ ဒါမှသူသေသွားရင် ဘယ်သူမှ သမီးကို သံသရမရှိမှာ။
သမီး ဒီနေ့ကစပြီး ငယ်ရွယ်နုပျိုပြီး ဆွဲဆောင်မှုရှိတဲ့ ပုံပေါက်ဖို့အတွက် သမီကိုသမီး လှလှပပနေရမယ်။ သမီးသူ့ကိုကောင်းကောင်း ဂရုစိုက်ပြီး ချစ်ခင်မြတ်နိူးတဲ့ပုံစံနဲ့နေရမယ်။ သမီးသူ့ကိုစိတ်ရှည်ရမယ်။ သူ့စကား နားထောင်တဲ့ ပုံပေါက်ရမယ်။
သူကိုရိုသေပုံပေါ်ရမယ်။ သူလိုအပ်မယ် ထင်တာအတွက် သမီးပိုက်ဆံသုံးပြီး သူကသမီးကို ပိုက်ဆံမပေးရင်တောင် စိတ်မဆိုးတဲ့ပုံနဲ့နေရမယ်။
သမီး သူကိုဆန့်ကျင်ပြီး အော်တာ ဟစ်တာမလုပ်နဲ့ သူက မကြာခင် သေခြာပေါက် သေတော့မှာပဲလေ လို့တွေးပြီး သူ့ကို မေတ္တာစိတ်နဲ့ အေးအေးဆေးဆေး ဆက်ဆံရမယ်။ အဲဒါတွေအားလုံးကို သမီးလုပ်နိုင်ပါ့လား? အမေက မေးတယ်။ ” ရတယ် သမီးလုပ်နိုင်တယ် ” လို့ သူမက ပြန်ဖြေတယ်။
” ကောင်းပြီ ” လို့ အမေကပြောပြီး နောက်ဘေးသို့ ဝင်သွားတယ်။ ခဏအကြာမှာ အထုပ်လေး တစ်ထုပ်နဲ့ ပြန်ထွက်လာပြီး ” ဒီအမှုန့်ကို သူ့စားတဲ့ အစာထဲမှာ နေ့တိုင်းနည်းနည်း ခပ်ထည့်လိုက်ရင် သမီးယောက်ျား ဖြည်းဖြည်းချင်း သေသွားလိမ့်မယ်။ ” ရက်ပေါင်း 30 လောက်အကြာမှာတော့ သမီးဖြစ်သူက ပျာရိပျာယာနဲ့ သူ့အမေဆီ ပြန်ရောက်လာတယ်။
” မေမေ၊ သမီးကိုကယ်ပါဦး သမီးသူ့ကိုသတ်ဖို့ ရည်ရွယ်ချက်မရှိတော့ဘူး။ အခုချိန်မှာတော့ သူလုံးဝပြောင်းလဲသွားတဲ့အတွက် သူ့ကိုသမီးချစ်နေပြီ အခုတော့သူက သမီးစိတ်ကူးထားတဲ့ ခင်ပွန်းကောင်း တယောက်ဖြစ်နေပြီ။” ” သူ့ကို အဆိပ်နဲ့မသေဘို့ သမီးဘာလုပ်ရမလဲ ” လို့ မျက်ရည်တွေနဲ့မေးတယ်။
” ကျေးဇူးပြုပြီး ကူညီပေးပါဦး အမေရယ် ” ဆိုပြီး ငိုလေသည်။ အမေက ပြုံးပြီး ပြန်ပြောသည် ။ ” စိတ်မပူပါနဲ့ သမီးရယ်။ အမေပေးခဲ့တာက ရိုးရိုး ဟင်းခေတ်အမှုန့်တွေပါ ။ သမီးယောက်ကျားမသေပါဘူး ” တဲ့။ တကယ်တော့ သင်ကိုယ်တိုင်ကသာ သင့်ခင်ပွန်းကို ဖြည်းဖြည်းချင်း သေစေနိုင်တဲ့ အဆိပ်ပါပဲ။
သူ့ကိုချစ်ဖို့၊ ရိုသေပြီး မြတ်နိုးလာဘို့ကြိုးစားချိန်ကစပြီး သူ့ဟာချစ်စရာကောင်းတဲ့ ခင်ပွန်းအဖြစ် သင့်အမြင်မှာ ပြောင်းလဲသွားတာပါ။သင်တို့ရဲ့ ဆက်ဆံပုံကြောင်း ၎င်းတို့၏ တုံ့ပြန်မှုနှင့် ခံစားချက်များလည်း သင်တို့အပေါ် ပြောင်းလဲစေနိူင်ပါတယ်။
အမျိုးသမီးတွေကသာ ခင်ပွန်းအပေါ် လေးစားမှု၊ ချစ်ခင်မှု၊ ဂရုစိုက်မှုတွေကိုသာ ပြသနိုင်မယ်ဆိုရင် သူကသင့်အတွက် 100% ရှိနေမှာပါ။
Credit ; Saya U Khin Zaw ( ဘာသာပြန် )