
ရွှေကျီးသာနိမိတ်အဟောနှင့် အလွန်မှန်သည့် သာဓကများ
ရွှေကျီးသာနိမိတ်အဟောနှင့် အလွန်မှန်သည့် သာဓကများပဲဖြစ်ပါတယ် … ။
မင်္ဂလာပါ လူတွေအမြဲတမ်း သတိပြုထားသင့်ကာ လေ့လာမှတ်သား သိထားသင့်တဲ့ အတိတ်နိမိတ် စနည်းတဘောင်များစွာထဲမှ ရွှေကျီးသာနိမိတ်အဟောကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
“ကျီးးး”လူတိုင်းလူတိုင်း ငယ်စဉ်က ဆိုခဲ့ကြဘူးမှာပါ။
မိုးလေဝသဗေဒင်ဟော တောက်တဲ့ကိုလူချော ရွှေကျီးညို သာပါပေါ့ ဧည့်သည်လာပါတော့။ ဒါတွေက အကြောင်းမဲ့မဟုတ်ဘူးဆိုတာ အတိတ်နိမိတ်ကို လက်ခံယုံကြည်ကြသူတိုင်း သိကြမှာပါ။
ရတနာပုံနေပြည်တော် ပျက်သုဉ်းပြီး သီပေါပါတော်မူဖို့
ရက်တရာအလိုမှာသော်လည်းကောင်း၊ ဗိုလ်ချူပ်အောင်ဆန်းလုပ်ကြံခံရဖို့ ရက်ပိုင်းအလိုမှာသော်လည်းကောင်း ထင်ရှားတဲ့များစွာသော နိမိတ်များထဲမှ ကျီးသာ သို့မဟုတ်၊ ကျီးပြို -အလွန်များသောကျီးတို့ တမြို့လုံးတနယ်လုံး နားမခံသာအော်မြည်ခြင်း။
ထိုသို့သော ကျီးသာနိမိတ်နဲ့စပ်သော အထင်ရှားများစွာ ရှိခဲ့ကြပါသည်။ ထိုကြောင့် ကျီးသာနိမိတ်နဲ့ အဆိုးအကောင်းကို ထင်မြင်သာစွာ သိစိမ့်သောငှာ မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
ကျီးသည် အရှေ့အရပ်သာသော် ချစ်ရခင်ရသော၏မိတ်ဆွေအပေါင်းသင်း သိုမဟုတ် ချစ်သူရောက်လာတတ် တွေ့ဆုံတတ်ပါသည်။
ကျီးသည် အရှေ့တောင်ဒေါင့်အရပ်မှာသာသော် မိသားစုအပူကြီးဖြစ်အံ့ မီးဘေးသော်လည်းသင့်နိုင်ပါသည်။
ကျီးသည် တောင်အရပ်မှသာသော် လာတ်လာဘရမည် .. ။
တူ-တူမများ အိမ်ရောက်လာတတ်ပါသည်။ ကျီးသည် အနောက်တောင်ဒေါင့်မှသာသော် အိမ်တွင်းသို့ သူခိုးသူဝှက် ကြံစည်ခံရတတ်သည်။
ကျီးသည် အနောက်အရပ်မှသာသော် ဒါဏ်သင့်ခြင်း ဥပါဒ်ရောက်ခြင်း အပူသောကရောက်ရခြင်းတွေ ဖြစ်စေတတ်ပါသည်။
ကျီးသည် အနောက်မြောက်ဒေါင့်မှသာသော် ကျွဲ နွား ဆင် မြင်း ကျေးကျွန်အခိုင်းစေများ ရစေတတ်ပါသည်။
ကျီးသည် မြောက်အရပ်မှသာသော် သတင်းကောင်းသတင်းထူး ကြားရတတ်ပါသည်။
ကျီးသည်အရှေ့မြောက်ဒေါင့် အရပ်မှသာသော် ကြီးသူငယ်သူလူအများနဲ့ သူတစ်ပါးတို့၏ ပူဇော်ခြင်းကိုခံရပါမည်။ ဗဟုသုတ-ပညာစာပေကို လေ့လာလိုက်စားကြသော အမျိုးသားသမီးကောင်းတို့အတွက် ဇလွန်မြို့အဗျင်းရွာမှ
နန္ဒဝန်ကျောင်းကြီး ဆရာတော် ရေးစပ်ပေးထားသော ကျီးသာနိမိတ်တေးထပ်လေးကိုပါ မျှဝေပေးလိုက်ပါတယ်။ ရွှေကျီးညိူနုတ်သာစွရယ်နဲ့ ဗြုဗ္ဗာကလှစ်ကြူ။ မုချာပ ချစ်သူငယ် ရောက်ယူမယ်မှတ်သား။
ဒါဏ်ဥပါဒ်အနောက်ထွေတယ် မြောက်ရပ်လေကောင်းတဲ့စကား။ ကိုယ့်တူရောက်တောင်ခွင် ရှေ့မြောက်တွင်လာဘ်များ။ ရှေ့တောင်ခွင်သတိထားပါတော့ လောင်လိမ့်ငြားမီးတွေ။
နောက်မြောက်ခွင်ကျွန်လာတတ် နောက်တောင်ရပ်ခိုးသူ့ရန်မွှေ။ ဖွံ့ဖြိူးမှုမှန်မသွေသည်။ ညာဏ်အခြေ ဖွေဖွေမှီးပါတော့ ရွှေ-ရွှေကျီးနုတ်ကချိုသာ ထုတ်ဟဆိုလာ။
နိမိတ်ထွန်းကျွန်းလက်ယာမှာ ညွှန်းမြွတ်ပါရွှေကျီးသာတဲ့ကိန်း။ မကောင်းကျိူးပျောက် ကောင်းကျိုးရောက် ထွန်းတောက်ဘုန်းကံမြင့်ပါစေ။
Credit
Zawgyi
ေ႐ႊက်ီးသာနိမိတ္အေဟာႏွင့္ အလြန္မွန္သည့္ သာဓကမ်ား
ေ႐ႊက်ီးသာနိမိတ္အေဟာႏွင့္ အလြန္မွန္သည့္ သာဓကမ်ားပဲျဖစ္ပါတယ္ … ။
မဂၤလာပါ လူေတြအၿမဲတမ္း သတိျပဳထားသင့္ကာ ေလ့လာမွတ္သား သိထားသင့္တဲ့ အတိတ္နိမိတ္ စနည္းတေဘာင္မ်ားစြာထဲမွ ေ႐ႊက်ီးသာနိမိတ္အေဟာကို မွ်ေဝေပးလိုက္ပါတယ္ခင္ဗ်ာ။
“က်ီးးး”လူတိုင္းလူတိုင္း ငယ္စဥ္က ဆိုခဲ့ၾကဘူးမွာပါ။
မိုးေလဝသေဗဒင္ေဟာ ေတာက္တဲ့ကိုလူေခ်ာ ေ႐ႊက်ီးညိဳ သာပါေပါ့ ဧည့္သည္လာပါေတာ့။ ဒါေတြက အေၾကာင္းမဲ့မဟုတ္ဘူးဆိုတာ အတိတ္နိမိတ္ကို လက္ခံယုံၾကည္ၾကသူတိုင္း သိၾကမွာပါ။
ရတနာပုံေနျပည္ေတာ္ ပ်က္သုဥ္းၿပီး သီေပါပါေတာ္မူဖို႔
ရက္တရာအလိုမွာေသာ္လည္းေကာင္း၊ ဗိုလ္ခ်ဴပ္ေအာင္ဆန္းလုပ္ႀကံခံရဖို႔ ရက္ပိုင္းအလိုမွာေသာ္လည္းေကာင္း ထင္ရွားတဲ့မ်ားစြာေသာ နိမိတ္မ်ားထဲမွ က်ီးသာ သို႔မဟုတ္၊ က်ီးၿပိဳ -အလြန္မ်ားေသာက်ီးတို႔ တၿမိဳ႕လုံးတနယ္လုံး နားမခံသာေအာ္ျမည္ျခင္း။
ထိုသို႔ေသာ က်ီးသာနိမိတ္နဲ႔စပ္ေသာ အထင္ရွားမ်ားစြာ ရွိခဲ့ၾကပါသည္။ ထိုေၾကာင့္ က်ီးသာနိမိတ္နဲ႔ အဆိုးအေကာင္းကို ထင္ျမင္သာစြာ သိစိမ့္ေသာငွာ မွ်ေဝေပးလိုက္ပါတယ္ခင္ဗ်ာ။
က်ီးသည္ အေရွ႕အရပ္သာေသာ္ ခ်စ္ရခင္ရေသာ၏မိတ္ေဆြအေပါင္းသင္း သိုမဟုတ္ ခ်စ္သူေရာက္လာတတ္ ေတြ႕ဆုံတတ္ပါသည္။
က်ီးသည္ အေရွ႕ေတာင္ေဒါင့္အရပ္မွာသာေသာ္ မိသားစုအပူႀကီးျဖစ္အံ့ မီးေဘးေသာ္လည္းသင့္ႏိုင္ပါသည္။
က်ီးသည္ ေတာင္အရပ္မွသာေသာ္ လာတ္လာဘရမည္ .. ။
တူ-တူမမ်ား အိမ္ေရာက္လာတတ္ပါသည္။ က်ီးသည္ အေနာက္ေတာင္ေဒါင့္မွသာေသာ္ အိမ္တြင္းသို႔ သူခိုးသူဝွက္ ႀကံစည္ခံရတတ္သည္။
က်ီးသည္ အေနာက္အရပ္မွသာေသာ္ ဒါဏ္သင့္ျခင္း ဥပါဒ္ေရာက္ျခင္း အပူေသာကေရာက္ရျခင္းေတြ ျဖစ္ေစတတ္ပါသည္။
က်ီးသည္ အေနာက္ေျမာက္ေဒါင့္မွသာေသာ္ ကြၽဲ ႏြား ဆင္ ျမင္း ေက်းကြၽန္အခိုင္းေစမ်ား ရေစတတ္ပါသည္။
က်ီးသည္ ေျမာက္အရပ္မွသာေသာ္ သတင္းေကာင္းသတင္းထူး ၾကားရတတ္ပါသည္။
က်ီးသည္အေရွ႕ေျမာက္ေဒါင့္ အရပ္မွသာေသာ္ ႀကီးသူငယ္သူလူအမ်ားနဲ႔ သူတစ္ပါးတို႔၏ ပူေဇာ္ျခင္းကိုခံရပါမည္။ ဗဟုသုတ-ပညာစာေပကို ေလ့လာလိုက္စားၾကေသာ အမ်ိဳးသားသမီးေကာင္းတို႔အတြက္ ဇလြန္ၿမိဳ႕အဗ်င္း႐ြာမွ
နႏၵဝန္ေက်ာင္းႀကီး ဆရာေတာ္ ေရးစပ္ေပးထားေသာ က်ီးသာနိမိတ္ေတးထပ္ေလးကိုပါ မွ်ေဝေပးလိုက္ပါတယ္။ ေ႐ႊက်ီးညိဴႏုတ္သာစြရယ္နဲ႔ ျဗဳဗၺာကလွစ္ၾကဴ။ မုခ်ာပ ခ်စ္သူငယ္ ေရာက္ယူမယ္မွတ္သား။
ဒါဏ္ဥပါဒ္အေနာက္ေထြတယ္ ေျမာက္ရပ္ေလေကာင္းတဲ့စကား။ ကိုယ့္တူေရာက္ေတာင္ခြင္ ေရွ႕ေျမာက္တြင္လာဘ္မ်ား။ ေရွ႕ေတာင္ခြင္သတိထားပါေတာ့ ေလာင္လိမ့္ျငားမီးေတြ။
ေနာက္ေျမာက္ခြင္ကြၽန္လာတတ္ ေနာက္ေတာင္ရပ္ခိုးသူ႔ရန္ေမႊ။ ဖြံ႕ၿဖိဴးမႈမွန္မေသြသည္။ ညာဏ္အေျခ ေဖြေဖြမွီးပါေတာ့ ေ႐ႊ-ေ႐ႊက်ီးႏုတ္ကခ်ိဳသာ ထုတ္ဟဆိုလာ။
နိမိတ္ထြန္းကြၽန္းလက္ယာမွာ ၫႊန္းႁမြတ္ပါေ႐ႊက်ီးသာတဲ့ကိန္း။ မေကာင္းက်ိဴးေပ်ာက္ ေကာင္းက်ိဳးေရာက္ ထြန္းေတာက္ဘုန္းကံျမင့္ပါေစ။
Credit