ခေါင်းကိုက်ကိုက်နဲ့ အိပ်ယာဝင်ခဲ့ရာမှ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတဲ့ မိန်းကလေး

ခေါင်းကိုက်လို့ အိပ်ယာဝင်ခဲ့ရာမှ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတဲ့(၂၁)နှစ်အရွယ် မိန်းမလှလေးNews.AU မှ ဖော်ပြချက်အရ အသက်၂၁နှစ်အရွယ် အမျိုးသမီးငယ်လေး တစ်ဦးမှာ ခေါင်းကိုက်ကိုက် နဲ့ ညအိပ်ယာဝင်သွားခဲ့ပြီး

နောက်တစ်နေ့မနက် မှာတော့ အသက်ဆုံးရှုံးခဲ့ရတယ် ဆိုပြီး ဖတ်ခဲ့ရပါတယ်။ဖြစ်စဉ် အသေးစိတ်ကိုတော့ ကိုးကားဖော်ပြပေးလိုက် ပါတယ်။ UK, Gateshead မှာ မိခင်နဲ့ အတူတူနေထိုင်နေတဲ့ အသက် ၂၁ နှစ်အရွယ် မိန်းကလေး Jessica

Cain ပါ။သူမဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာလ တုန်းက ရုတ်တရက် အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ မသေဆုံးခင်ညတုန်းက Jessica ဟာ မိခင်ကိုခေါင်းကိုက်တယ်လို့ပြောခဲ့တယ်တဲ့။

ဒါကြောင့် ပါရာစီတမောတောင်းသောက်ကာ အိပ်ယာစောစောဝ င်သွားခဲ့ပါတယ်။နောက်တစ်နေ့ မနက်ကျတော့ မိခင်ဖြစ်သူက သမီးလေး သက်သာလားမေးမလို့ သွားနှိုးခဲ့ပေမယ့် Jessica ပြန်မထူးခဲ့ပါဘူး။

ဘယ်လောက် လှုပ်နှိုးနှိုး မျက်တောင်တစ်ချက်ခတ်မလောတဲ့ Jessica ရဲ့အခြေအနေကို မိခင် ခင်ဗျာခေါင်းနားပမ်းကြီးကာ စိုးရိမ်လာစပြုနေခဲ့ပါပြီ။ဒါကြောင့် အရေးပေါ်ဌာန ကို အကြောင်းကြားကာ အမြန်လာစေခဲ့ပြီး ဆေးရုံတင်တဲ့

အခါမှာတော့ Jessica လေးဟာ အသက်မရှိတော့ပါဘူးတဲ့။မိခင်ရဲ့ပြောကြားချက်အရ Jessica ဟာ ကျန်းမာတဲ့ ကလေးတစ်ယောက်ပါ။ခရီးတွေထွက်ရတာကြိုက်ပြီး အမြဲတမ်းပြုံးနေတတ်တဲ့ ကောင်မလေး တစ်ယောက်ည်းဖြစ်ပါတယ်။

လက်ရှိ မှာတော့ Derby တက္ကသိုလ်မှာ အနုပညာမေဂျာ ကို သင်ကြားနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ဒီလို ထက်ထက်မြက်မြက်နဲ့ ရုပ်ကလေးကလည်းချော၊ စိတ်သဘောထားလည်းကောင်းတဲ့ Jessica တစ်ယောက် ဆုံးပါးသွားတယ်

ဆိုတော့မိသားစုတွေရော သူငယ်ချင်းတွေပါ တော်တော်လေး ယူကျုံးမရဖြစ်ခဲ့ကြပါတယ်။သေဆုံးတဲ့အကြောင်း အရင်းကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ Jessica ဟာ ဦးနှောက်အမှေးရောင်နေပြီး သွေးဆိပ်လည်းသင့်နေခဲ့တာပါတဲ့

ဦးနှောက်အေမှေးရောင်တဲ့ လက္ခဏာတွေကတော့(၁) အဖျား ရှိမယ်(၂) နေသာထိုင် သာမရှိဘဲ အော့အန်ချင်မယ်(၂) ခေါင်းကိုက်မယ်(၃) ခန္ဓာကိုယ်ပေါ် မှာ အနီစက် (ကြာလာရင် ခရမ်းရောင်အစက်) လေးတွေဖြစ်လာမယ်၊

အဲဒီ အစက်လေးတွေပေါ် ဖန်ခွက်နဲ့ဖိကာလှိမ့်ကြည့်တဲ့အခါ အရောင် မမှိန်သွားဘဲ ဒီအတိုင်းပဲရှိနေမယ်…(၄) လည်ပင်းနား မှာ အပ်နဲ့ထိုးနေသလို စူးစူးလေးတွေဖြစ်နေမယ်(၅) အလင်းရောင်ကို ခံနိုင်ရည်မရှိဘူး

(၆) အင်အား ယုတ်လျော့နေခြင်း(၇) ခြေဖျား၊ လက်ဖျားအေးစက်ခြင်း(၈) တက်ခြင်း စတာတွေပဲဖြစ်ပါတယ်။ ဒီလို လက္ခဏာမျိုးရှိနေပြီဆိုရင်တော့ သာမန် အအေးမိပြီးဖျားတာ၊

ခေါင်းကိုက်တာမျိုးမဟုတ်ဘဲ ဦးနှောက်အမြှေးပါးယောင်နေပြီဆိုတာသေချာသလောက်ရှိနေပြီမလို့ နီးစပ်ရာဆေးရုံ ကို ပြေးပါလို့ပဲ တိုက်တွန်းပါရစေ။

crd-original writer