
အိုမင်းမစွမ်း ဖြစ်နေတဲ့ အဖေကို သားဖြစ်သူက စားသောက်ဆိုင်တစ်ခုကို ခေါ်သွားတယ်။အဖေဖြစ်သူဟာ အိုမင်းမစွမ်း ဖြစ်နေတာကြောင့် စားသောက်တဲ့အခါအစားအစာတွေဟာဘေးကိုဖိတ်စင်ကုန်တယ်။
အဖေရဲ့ဘောင်းဘီနဲ့အင်္ကျီတွေပေါ်မှာလဲပေကျံလို့နေခဲ့ပါတယ်။ တခြားဝိုင်းက လူတွေဟာအဖေဖြစ်သူကိုရွံရှာတဲ့အမြင်နဲ့ကြည့်လို့နေပေမယ့် သားဖြစ်သူကတော့ အေးအေးဆေးဆေးပါပဲ။
အဖေစားလို့သောက်လို့အပြီးမှာတော့ သူ့အဖေခုလိုဖြစ်နေတာကိုလုံးဝမရှက်မိတဲ့ သားဟာထိုင်ခုံကထလို့အဖေ့ကို တွဲကာသန့်စင်ခန်းခေါ်သွားပါတယ်။
သန့်စင်ခန်းထဲမှာပေကျံနေတာတွေကို သေချာသုတ်တယ်။ အင်္ကျီကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြန် တည့်ပေးတယ်။ ဆံပင်ကိုညီနေအောင်သေချာဂရုစိုက် လို့ ဖြီးပေးတယ်။ မျက်မှန်ကိုသုတ်ပြီးတည့်တည့်ဖြစ်အောင် ပြန်တပ်ပေးတယ်။
သူတို့ ၂ ယောက်သန့်စင်ခန်းထဲကပြန် ထွက်လာတဲ့အခါမှာတော့စားသောက် ဆိုင်တစ်ခုလုံးကလူတွေဟာပြောမပြတတ်အောင်သူတို့ကိုယ်သူတို့အကြီးအကျယ်ရှက်မိလို့ ငြိမ်သက်နေခဲ့တယ်။
သားဖြစ်သူဟာကျသင့်ငွေကိုရှင်းပြီး ပြန်ဖို့အတွက်သူ့အဖေကို လှမ်းတွဲလိုက်တဲ့အချိန်မှာဘေးဝိုင်းကအဘိုးအိုတစ်ယောက်ဟာသားဖြစ်သူကိုလှမ်းအော်ပြောလိုက်ပါတယ်။
“သားရေ… တစ်ခုခုများကျန်ခဲ့တယ်လို့ မထင်ဘူးလားကွယ့်။”
“မကျန်ခဲ့ပါဘူးခင်ဗျ။” လို့ သားဖြစ်သူလူငယ်က ဖြေတယ်။
အဘိုးအိုက “ကျန်ခဲ့တာပေါ့ကွယ်။ ဒီစားသောက်ဆိုင်ထဲမှာရှိနေတဲ့ သားတိုင်းအတွက်သင်ခန်းစာကျန်ခဲ့သလို အဖေတိုင်းအတွက်မျှော်လင့်ချက်တွေ တပုံကြီးကိုကျန်ခဲ့ပါတယ်ကွယ်။” စားသောက်ဆိုင်တစ်ခုလုံးဟာစောစောကထက်ကိုပိုငြိမ်သက်သွားခဲ့တယ်။
သင်ခန်းစာ …..
တချိန်ကကိုယ့်ကိုပြုစုပျိုးထောင်ပေးခဲ့တဲ့ အဖေနဲ့အမေသူတို့ မသန်မစွမ်းနိုင်တော့တဲ့အခါပြန်လည် ပြုစုပျိုးထောင်ပေးရခြင်းဟာဘယ်တော့မှအပိုအလုပ်မဟုတ်သလိုနိမ့်ကျစရာအလုပ်တစ်ခု မဟုတ်ပါဘူး။ အလွန် မြင့်မြတ်တဲ့ အလုပ်တခုပါ။
ကိုယ့်မိဘဟာကိုယ့်ကိုဘယ်လိုစိတ်နဲ့ ဘယ်အထိုပုစုခဲ့သလဲဆိုတာကိုကျွန်တော်တို့တွေ အသိဆုံးပါ။မွေးစတုန်းကဆိုရင်အနှီးကအစလဲပေးခဲ့သူတွေချည်းပါပဲ။ ဒါလေးတွေကို ကျေးဇူးတင်ပါ။ သိတတ်ပါ။ မဖြစ်ဖြစ်တဲ့နည်းနဲ့ရသလောက်ကျေးဇူးဆပ်သွားနိုင် ကြပါစေ။
အမိအဖကိုသိတတ်တဲ့ သားကောင်းသမီးမြတ်တွေ ဖြစ်ကြပါစေ…..။…..
Credit:Original Owner
Zawgyi
အိုမင္းမစြမ္း ျဖစ္ေနတဲ့ အေဖကို သားျဖစ္သူက စားေသာက္ဆိုင္တစ္ခုကို ေခၚသြားတယ္။အေဖျဖစ္သူဟာ အိုမင္းမစြမ္း ျဖစ္ေနတာေၾကာင့္ စားေသာက္တဲ့အခါအစားအစာေတြဟာေဘးကိုဖိတ္စင္ကုန္တယ္။
အေဖရဲ႕ေဘာင္းဘီနဲ႔အက်ႌေတြေပၚမွာလဲေပက်ံလို႔ေနခဲ့ပါတယ္။ တျခားဝိုင္းက လူေတြဟာအေဖျဖစ္သူကို႐ြံရွာတဲ့အျမင္နဲ႔ၾကည့္လို႔ေနေပမယ့္ သားျဖစ္သူကေတာ့ ေအးေအးေဆးေဆးပါပဲ။
အေဖစားလို႔ေသာက္လို႔အၿပီးမွာေတာ့ သူ႔အေဖခုလိုျဖစ္ေနတာကိုလုံးဝမရွက္မိတဲ့ သားဟာထိုင္ခုံကထလို႔အေဖ့ကို တြဲကာသန႔္စင္ခန္းေခၚသြားပါတယ္။
သန႔္စင္ခန္းထဲမွာေပက်ံေနတာေတြကို ေသခ်ာသုတ္တယ္။ အက်ႌကိုသပ္သပ္ရပ္ရပ္ျဖစ္ေအာင္ျပန္ တည့္ေပးတယ္။ ဆံပင္ကိုညီေနေအာင္ေသခ်ာဂ႐ုစိုက္ လို႔ ၿဖီးေပးတယ္။ မ်က္မွန္ကိုသုတ္ၿပီးတည့္တည့္ျဖစ္ေအာင္ ျပန္တပ္ေပးတယ္။
သူတို႔ ၂ ေယာက္သန႔္စင္ခန္းထဲကျပန္ ထြက္လာတဲ့အခါမွာေတာ့စားေသာက္ ဆိုင္တစ္ခုလုံးကလူေတြဟာေျပာမျပတတ္ေအာင္သူတို႔ကိုယ္သူတို႔အႀကီးအက်ယ္ရွက္မိလို႔ ၿငိမ္သက္ေနခဲ့တယ္။
သားျဖစ္သူဟာက်သင့္ေငြကိုရွင္းၿပီး ျပန္ဖို႔အတြက္သူ႔အေဖကို လွမ္းတြဲလိုက္တဲ့အခ်ိန္မွာေဘးဝိုင္းကအဘိုးအိုတစ္ေယာက္ဟာသားျဖစ္သူကိုလွမ္းေအာ္ေျပာလိုက္ပါတယ္။
“သားေရ… တစ္ခုခုမ်ားက်န္ခဲ့တယ္လို႔ မထင္ဘူးလားကြယ့္။”
“မက်န္ခဲ့ပါဘူးခင္ဗ်။” လို႔ သားျဖစ္သူလူငယ္က ေျဖတယ္။
အဘိုးအိုက “က်န္ခဲ့တာေပါ့ကြယ္။ ဒီစားေသာက္ဆိုင္ထဲမွာရွိေနတဲ့ သားတိုင္းအတြက္သင္ခန္းစာက်န္ခဲ့သလို အေဖတိုင္းအတြက္ေမွ်ာ္လင့္ခ်က္ေတြ တပုံႀကီးကိုက်န္ခဲ့ပါတယ္ကြယ္။” စားေသာက္ဆိုင္တစ္ခုလုံးဟာေစာေစာကထက္ကိုပိုၿငိမ္သက္သြားခဲ့တယ္။
သင္ခန္းစာ …..
တခ်ိန္ကကိုယ့္ကိုျပဳစုပ်ိဳးေထာင္ေပးခဲ့တဲ့ အေဖနဲ႔အေမသူတို႔ မသန္မစြမ္းႏိုင္ေတာ့တဲ့အခါျပန္လည္ ျပဳစုပ်ိဳးေထာင္ေပးရျခင္းဟာဘယ္ေတာ့မွအပိုအလုပ္မဟုတ္သလိုနိမ့္က်စရာအလုပ္တစ္ခု မဟုတ္ပါဘူး။ အလြန္ ျမင့္ျမတ္တဲ့ အလုပ္တခုပါ။
ကိုယ့္မိဘဟာကိုယ့္ကိုဘယ္လိုစိတ္နဲ႔ ဘယ္အထိုပုစုခဲ့သလဲဆိုတာကိုကြၽန္ေတာ္တို႔ေတြ အသိဆုံးပါ။ေမြးစတုန္းကဆိုရင္အႏွီးကအစလဲေပးခဲ့သူေတြခ်ည္းပါပဲ။ ဒါေလးေတြကို ေက်းဇူးတင္ပါ။ သိတတ္ပါ။ မျဖစ္ျဖစ္တဲ့နည္းနဲ႔ရသေလာက္ေက်းဇူးဆပ္သြားႏိုင္ ၾကပါေစ။
အမိအဖကိုသိတတ္တဲ့ သားေကာင္းသမီးျမတ္ေတြ ျဖစ္ၾကပါေစ…..။…..
Credit:Original Owner