
ဒီကိစ္စဟာ နိုင်ငံတစ်နိုင်ငံအတွက် ကောင်းတဲ့အလားအလာမဟုတ်ပါဘူး။
ကျွန်မတို့ ကျောင်းဆရာမတွေထဲမှာ အပျိုကြီးဆရာမတွေ ပိုပိုများလာတာတွေ့ရပါတယ်။
တွေ့လိုက်ရတဲ့အပျိုကြီးဆရာမတိုင်းဟာရုပ်ရည်ချောမောပြေပြစ်ပြီး စားဝတ်နေရေးပြည့်စုံ ကုံလုံတဲ့သူတွေချည်းပါပဲ။
ပညာတတ်တွေက သူတို့ရဲ့မျိုးဆက်တွေချန်မထားခဲ့ဘူးဆိုရင်နိုင်ငံရဲ့အနာဂတ်မှာ ဘယ်လိုမျိုးဆက်တွေနဲ့ နိုင်ငံတစ်နိုင်ငံကို ထူထောင်ကြမှာလဲ။
စင်္ကာပူဝန်ကြီးချုပ် လီကွမ်ယုကတော အမြော်အမြင်ကြီးစွာပဲ ဘွဲ့ရပညာတတ်တွေ အိမ်ထောင်ပြုလို့ ကလေး ၂ယောက်မွေးရင် တစ်ယောက်ကို တာဝန်ယူပေးသတဲ့။
ဒီနိုင်ငံမှာတော့ ပညာတတ်မိဘတွေဟာ ကလေးတစ်ယောက်ကို အောင်မြင်ဖြစ်ထွန်းအောင်မွေးမြူနိုင်ဖို့ကိုယ့်အတိုင်းအတာနဲ့ ချင့်ချိန်ပြီးသားသမီးကို တစ်ယောက်စ နှစ်ယောက်စလွန်ရော ကျွံရော သုံးလေးယောက်ထက်ပိုမယူကြတော့ဘူး။
ပိုဆိုးတာက ဘွဲ့ရပညာတတ်မိန်းမတွေကိုယ့်အားကိုယ်ကိုးပြီးရပ်တည်နိုင်တဲ့မိန်းမအတော်များများဟာ အိမ်ထောင်မပြုကြတော့တာပါပဲ။
စာစောင်တစ်ခုထဲမှာ မိန်းမဦးရေက ယောက်ျားဦးရေထက်နှစ်ဆနီးပါး ပိုများလာခဲ့တယ် လို့ဖတ်လိုက်ရတယ်။
ဒီဘက်ခေတ်မှာ အရက်သောက် မူးယစ်ဆေးဝါးသုံးစွဲတဲ့လူငယ်တွေအများအပြားရှိလာခဲ့တယ်။
လူမသိ သူမသိသေနေတာတွေလည်း အများအပြားပါပဲ။
တိုင်းပြည်မှာ အရက်နဲ့မူးယစ်ဆေးဝါးကို အလွယ်တကူပေါပေါများများသုံးစွဲခွင့်ရလာကြတာဟာလူသားအရင်းအမြစ်တွေဆုံးရှုံးရတဲ့အပြင် နိုင်ငံသားကောင်းတွေလည်း ဆုံးရှုံးရတယ်။
ခေတ်အဆက်ဆက် နိုင်ငံတစ်နိုင်ငံမှာ စနစ်တစ်ခုပြောင်းလဲတော့မယ်ဆိုရင် ပညာတတ်လူလတ်တန်းစား တွေရဲ့အားနဲ့ပဲ ပြောင်းလဲရသတဲ့။ဒီနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုရော ပညာတတ်လူလတ်တန်းစားတွေက ဘယ်နေရာကပါဝင်မလဲ။
ပညာကိုတန်ဖိုးထားပြီး ပညာတတ်လူလတ်တန်းစားကိုနေရာပေးတဲ့တစ်နေ့တော့ နိုင်ငံဟာ တစ်မျိုးတစ်ဖုံပြောင်းလဲသွားမယ်လို့ယူဆမိတယ်။
ခုလောလောဆယ်တော့ လူငယ်ရင်းမြစ်တွေအဆက်မပြတ်ဆုံးရှုံးနေတဲ့ ပြဿနာနဲ့အိမ်ထောင်မပြုကြပဲ တစ်ကိုယ်ရည် အဆင်ပြေအောင်ဖြစ်သလိုနေထိုင်နေကြတဲ့လူ့အဖွဲ့အစည်းအတွက်မျိုးဆက်ပြတ်သုန်းခြင်းများဖြစ်သွားမလားဆိုတဲ့ စိုးရိမ်မှုက စိတ်ထဲမှာ တနုံ့နုံ့ဖြစ်စေခဲ့ပါတယ်။
(ဒီကနေ့ တွေးမိတဲ့အတွေးတစ ပါ)
” ကျောင်းဆရာမတစ်ဦး”
Credit……..