အသက် (၂၄)နှစ်ပြည့်ပြီးနောက်ပိုင်းမှာ လုံး၀ မလုပ်သင့်တော့တဲ့အရာများ…
အသက် (၂၄)နှစ်ပြည့်ပြီးနောက်ပိုင်းမှာ လုံး၀ မလုပ်သင့်တော့တဲ့အရာများ…
သင်ဟာ ၁၉၉၆ ခုနှစ်မှာ မွေးသူတစ်ဦးဆိုရင် ဒီနှစ်ထဲမှာ ၂၅ နှစ်ပြည့်မှာဖြစ်ပြီး ၉၆ အောက်မွေးသူတွေကတော့ ၂၅ နှစ် ကျော်သွားပါပြီ …။
ဒီအရွယ်ဟာ လူငယ်လည်းမဟုတ်တော့သလို၊ လူကြီးလည်းမဟုတ်ပေမယ့် လူလတ်ပိုင်းအရွယ်အစ ဖြစ်တာမို့နေထိုင်မှုပုံစံမှာ ပြုပြင်ပြောင်းလဲမှုလေး အနည်းငယ် လိုအပ်လာပါပြီနော် …။
(၁) ဈေးပေါပေါ အင်္ကျီတွေမဝယ်ပါနဲ့တော့။
ဒီအရွယ်မှာ အများအားဖြင့် ဝင်ငွေရှာနိုင်တဲ့ အရွယ်အပိုင်းအခြား ဖြစ်နေပြီဖြစ်သလို ငယ်ငယ်တုန်းကလို ဈေးနည်းနည်းနဲ့ အထည်များများ ဝယ်တာမျိုး မလုပ်သင့်တော့ပါဘူး …။
သင့်ရဲ့အလုပ်အကိုင်၊ အသက်အရွယ်၊ ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်ညီတဲ့ အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်သင့်သလို …၊
ခပ်ပေါပေါ အဝတ်အစားမျိုးထက် ဈေနှုန်းသင့်တင့်ပြီး ဝတ်လိုက်တာနဲ့ အဆင့်အတန်းတစ်ခုရှိတဲ့ ပုံစံမျိုးကိုသာ ရွေးချယ် ဝတ်ဆင်သင့်ပါတယ် …။
(၂) ရည်းစားမရှုပ်နဲ့တော့
ဘဝအတွက် အတည်တကျ ရွေးချယ်သင့်တဲ့ အရွယ်တစ်ခု ရောက်နေပြီမို့ ငယ်ငယ်တုန်းကလို အပျော်ရည်းစားထားတာမျိုးကို ဒီအချိန်မှာ ရှောင်ရှားသင့်ပါပြီ …။
သင်နဲ့ အမူအကျင့်ခြင်း လိုက်ဖက်ညီမယ့်၊ သင်ကိုချစ်တဲ့၊ သင်ကလည်းချစ်တဲ့
ဘဝလက်တွဲဖော်တစ်ဦးကို နှလုံးသားနဲ့ ဦးနှောက်တို့ ပူးပေါင်းပြီး ရွေးချယ်သင့်တဲ့ အချိန်ဖြစ်ပါတယ် …။
(၃) သူများတွေရဲ့ထင်မြင်ချက်တွေကို ဂရုမစိုက်နဲ့တော့။
ငယ်ငယ်တုန်းကတော့ မိဘကခွင့်မပြုလို့ မလုပ်ရဘူး။ ပတ်ဝန်းကျင်က ဒီလိုမြင်မှာဆိုးလို့ မလုပ်ဖြစ်ဘူး …၊
ဟိုလူတွေကဟိုလိုများပြောမလား၊ ဒီလိုများပြောမလားဆိုပြီး သူများရဲ့ ဝေဖန်မှုတွေကို ဂရုစိုက် မနေပါနဲ့တော့ ..။
သင့်မှာလည်း ထိုက်သင့်တဲ့ အသိဉာဏ်၊ အတွေးအခေါ်ရှိနေပြီမို့ သင့်ရဲ့လုပ်ကိုင်ပုံ ကောင်းခြင်း၊ ဆိုးခြင်းကို သင်ကိုယ်တိုင် အမှားအမှန်ခွဲခြားနေနိုင်ပါပြီနော် …။
(၄) မိဘတွေကို အပြစ်မတင်နဲ့တော့။
ဟုတ်ပါတယ်။ ဘယ်သူမှတော့ အရာရာပြီးပြည့်စုံတယ်ရယ်လို့ မရှိပါဘူး။ ဆင်းဆင်းရဲရဲမွေးလာရတဲ့ သင့်အပြစ်မဟုတ်ပါဘူး။ ဆင်းဆင်းရဲရဲသေသွားရရင်သာ သင့်အပြစ် ဖြစ်ပါတယ် …။
သင်မိဘတွေက သင့်အပေါ် မဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ အချို့သော ကိစ္စရပ်တွေအတွက် သူတို့ကို ဗွေမယူပါနဲ့။ သင့်သားသမီးတွေလက်ထက်မှာ သင်ဖြည့်ဆည်းပေးနိုင်အောင်သာ ကြိုးစားသင့်ပါတယ် …။
(၅) ငွေတွေမဖြုန်းနဲ့တော့။
လူငယ်ဘဝမှာတော့ ငွေတန်ဖိုးမသိသေးလို့ မလိုအပ်တဲ့ အပိုတွေကို သုံးဖြုန်းပစ်မိခဲ့ပေမယ့် ၂၄ ဆိုတဲ့ ဒီအရွယ်နောက်ပိုင်းမှာတော့ ငွေစုချိန်ရောက်နေပြီ ဖြစ်ပါတယ် …။
သင့်ဘဝတိုးတက်ရေးအတွက် ငွေကို မလိုအပ်ပဲ မဖြုန်းပစ်သင့်သလို စုနေယုံနဲ့လည်း မပြီးပဲ တိုးပွားအောင် ကြံဆောင်နိုင်ရမယ့် အရွယ်ပါ။ ပညာကိုရှာပြီးချိန်မို့ အချိန်တွေကို ဥစ္စာ အတွက် ရင်းနှီးမြှုပ်နှံ ပေးပါ …။
(၆) အင်တာနက်မှာပဲ အချိန်တွေအကြာကြီး မဖြုန်းနဲ့တော့။
ယနေ့ခေတ်မှာ လူငယ်တွေဟာ အင်တာနက် လူမှုကွန်ယက်တွေကို ပိုမိုစွဲလမ်းလာကြပြီး အဲ့ဒီအပေါ်မှာပဲ အလကားအချိန်တွေ ကုန်နေတတ်ကြပါတယ် …။
၂၄ နှစ်နောက်ပိုင်းမှာတော့ ဒီအပြုအမူတွေကို အတတ်နိုင်ဆုံး လျှော့ချထားပါ …။
အင်တာနက်သုံးတယ်ဆိုရင်လည်း Facebook တစ်ခုထဲသာ အဓိကမထားပဲ သင့်ရဲ့ လူမှုရေး၊ အလုပ်အကိုင်၊ ပညာရေးဆိုင်ရာတွေအတွက် အချိန်အနည်းငယ်တော့ အသုံးချထားသင့်ပါပြီ …။
(၇) လူတိုင်းအပေါ် အရမ်းမကောင်းနဲ့တော့။
စေတနာသည် လူတိုင်းနဲ့မတန်ဆိုတာ ဒီအရွယ်မှာ သဘောပေါက်သင့်သလောက် ပေါက်ပြီးသား ဖြစ်မှာပါ …။
လူတိုင်းအပေါ် အရမ်းမကောင်းပါနဲ့။ ဒါဟာစိတ်ယုတ်မွေးဖို့ကို ဆိုလိုတာမဟုတ်ပဲ၊ လှိုက်လှိုက်လဲှလှဲ ပစ်ယုံလိုက်တာမျိုးကို ရှောင်ရှားတတ်ဖို့ ဆိုလိုတာပါ …။
အားနာလို့ ခါးပါရတဲ့ ကိစ္စမျိုးကို ပရိယာယ်နဲ့ ရှောင်ပါနော် …။ ။
Credit : မူရင်း
Unicode
Credit : မူရင်း