စားအုန်းဆီစားသုံးခြင်းရဲ့ ဘေးထွက်ဆိုးလေးတွေကို ဝေမျှပေးလိုက်တယ်နော်

ကျွန်တော်တို့ မြန်မာလူမျိုးတွေ ထမင်းဟင်းချက်ရင် ဆီကို ဖောဖောသီသီ ထည့်ချက်တတ်ကြပါတယ်။

စီးပွားရေးကောင်းတဲ့ မိသားစုတစ်ခုရဲ့ ထမင်းဝိုင်းကို ကြည့်လိုက်ရင် ဆီပြန်ဟင်း (၂) မျိုး၊ (၃) မျိုးတော့ ပါဝင်နေတတ်ပါတယ်။

ကြွယ်ဝမှုကိုဖော်ပြတဲ့ မြန်မာ့ရိုးရာစကားပုံတစ်ခုမှာလည်း “ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ” ဆိုတဲ့အတိုင်း ဆီကိုဖောဖောသီသီ အသုံးပြုတတ်ကြတဲ့ လူူမျိုးဆိုတာ သိသာနေပါတယ်။

အဲဒီထဲမှာ စားအုန်းဆီအသုံးပြုမှုက အမြင့်မားဆုံးထဲမှာပါဝင်နေပါတယ်။

စားအုန်းဆီမှာ ကျန်းမာရေးကို အထောက်အကူ ပြုစေနိုင်တဲ့ ကောင်းကျိုးလေးတွေရှိသလို ဘေးထွက်ဆိုးကျိုးလေးတွေလည်း ဖောဖောသီသီ ရှိနေပါတယ်။ အဲဒါတွေကတော့

၁။ ဝမ်းလျှောမယ်

စားအုန်းဆီဟာ ခန္ဓာကိုယ်တွင်းမှာ ဘက်တီးရီးယားတွေကို တိုက်ခိုက်မှုကို တာဝန်ယူလုပ်ဆောင်ပါတယ်။

အဲဒီလို ဘက်တီးရီးယားတွေကို တိုက်ခိုက်ချေမှုန်းလိုက်တဲ့ လုပ်ဆောင်မှုက ယာယီဘေးထွက် ဆိုးကျိုးအချို့ကို ဖြစ်စေနိုင်ပါတယ်။ အဲဒီထဲကတစ်ခုကတော့ ဝမ်းလျှောခြင်းပါပဲ။

စားအုန်းဆီပါဝင်မှု များပြားတဲ့ အစားအစာတွေကို စားမိရင် ဝမ်းလျှောစေနိုင်ပေမဲ့ တချို့တွေက ဆီကိုအပြစ်မတင်မိဘဲ အစားအစာကြောင့် ဝမ်းလျှောတယ်လို့ ထင်မိတတ်ကြပါတယ်။

၂။ ဝက်ခြံပေါက်မယ်

အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေမှာ ပိုအဖြစ်များပါတယ်။ အုန်းသီးထဲမှာပါဝင်တဲ့ လော်ရစ်အက်ဆစ်ဟာ ဘက်တီးရီးယားတွေကို ချေမှုန်းပေးနိုင်တယ်ဆိုတာက

အဆီမပြန်တဲ့ အသားအရေ ပိုင်ရှင်တွေအတွက်ဖြစ်ပြီး အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေကတော့ အရေပြားပေါ်မှာ အဆီပိုတွေစုလာပြီး ဝက်ခြံတွေအများကြီး ပိုထွက်လာစေနိုင်ပါတယ်။

ဒါကြောင့် မိမိမှာ အဆီပြန်တတ်တဲ့ အသားအရေရှိတယ်ဆိုရင် စားအုန်းဆီအစား တခြားဆီတွေကို ရွေးချယ်သင့်ပါတယ်။

၃။ ကိုလက်စ်ထရောများလာမယ်

ဟားဗတ်ဆေးတက္ကသိုလ်ရဲ့ သုတေသနတစ်ခုအရ စားအုန်းဆီဟာ သံလွင်ဆီတို့၊ ပဲပိစပ်ဆီတို့လို ဟင်းသီးဟင်းရွက် ဆီတွေလောက် ကျန်းမာရေးနဲ့ မညီညွတ်ပါဘူးတဲ့။

ဘာလို့လဲဆိုတော့ ကိုလက်စ်ထရော ပမာဏလည်း မြင့်မားလို့ပါပဲ။ စားအုန်းဆီဟာ ခန္ဓာကိုယ်ထဲမှာ IDL လို့ခေါ်တဲ့ မကောင်းတဲ့ ကိုလက်စ်ထရောတွေ များပြားလာစေနိုင်ပါတယ်။

နောက်တစ်ခုကတော့ စားအုန်းဆီထဲမှာ ပါဝင်တဲ့ ပြည့်ဝအဆီဓာတ်က တခြားဆီတွေထက်စာရင် ပိုမိုမြင့်မားပါတယ်။ ဒါက ရေရှည်မှာ နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

၄။ အလာ့ဂျစ်ထစေနိုင်တယ်

စားအုန်းဆီဟာ တချို့ထိလွယ်ရှလွယ်တဲ့ အရေပြားပိုင်ရှင်တွေမှာ အလာ့ဂျစ်ထစေနိုင်ပါတယ်။

အလာ့ဂျစ်လက္ခဏာတွေထဲမှာ ခေါင်းမူးခြင်း၊ အရေပြားနီရဲပြီး ယားယံခြင်း၊ နှင်းခူနာပေါက်ခြင်း၊ အော့အန်ခြင်းနဲ့ အသက်ရှူရခက်ခဲခြင်းတွေ ပါဝင်နိုင်ပါတယ်။

ဒါကြောင့် ကိုယ့်မှာစားအုန်းဆီ အလာ့ဂျစ်ရှိနေပြီလို့ သိပြီဆိုရင် ချောကလက်တို့၊ ကိတ်မုန့်တို့၊ ရုပ်ရှင်ရုံတွေမှာရောင်းတဲ့ ထောပတ်ပေါက်ပေါက်တို့ကို စားသုံးခြင်းကို ရှောင်ရှားပါ။

၅။ ခေါင်းကိုက်စေနိုင်တယ်

တစ်ခါတလေကျရင် အလုပ်လုပ်နေရင်း ခေါင်းကိုက်ခေါင်းခဲလာရင်း အလုပ်စိတ်ဖိစီးမှုကိုပဲ အပြစ်တင်မိတတ်ကြပါတယ်။

တကယ်တမ်းကျတော့ ခေါင်းကိုက်ခေါင်းခဲခြင်းကို ဖြစ်စေတဲ့ထဲမှာ စားအုန်းဆီလည်း ပါဝင်နေနိုင်ပါတယ်။ စားအုန်းဆီထဲက medium-chain ဖက်တီးအက်ဆစ်ဟာ

ခန္ဓာကိုယ်ထဲက မှိုရောဂါတွေကို တိုက်ဖျက်ပေးနိုင်ပြီး သွေးစီးဆင်းမှုထဲမှာ မှိုရောဂါပိုးတွေ ပါလာတဲ့အခါ ခေါင်းကိုက်ခေါင်းခဲခြင်းကို ဖြစ်စေနိုင်တာပါ။

Credit – Duwun