အရက်သမားအား အိမ်ထောင်ဘက်အဖြစ် ရွေးချယ်လိုက်ခြင်း၏ ကောင်းကျိုး (၁၀) ချက်…(‌အမျိုးသမီးများ ဖတ်ရန်)

အရက်သမားအား အိမ်ထောင်ဘက်အဖြစ် ရွေးချယ်လိုက်ခြင်း၏ ကောင်းကျိုး (၁၀) ချက်…(‌အမျိုးသမီးများ ဖတ်ရန်)

၁ ။ မူးနေသည့်အချိန်များတွင် မိမိ မလှသော်ငြားလည်း သူတို့အမြင်တွင် အရမ်းလှသည်ဟု ထင်မြင်နေတတ်ခြင်း

၂ ။ ညနေတိုင်း အရက်ဆိုင်တွင် အနေများသဖြင့် ညနေစာကို အမြဲတစ်ယောက်စာ လျှော့ချက်ရခြင်း

၃ ။ ဆေးသမား ဖဲသမား မဟုတ်သည့်အတွက် အရက်ဖိုးလေး မဆိုသလောက်မျှသာ ကုန်ခြင်း

၄ ။ ကိစ္စရှိလို့ အရေးတကြီးလိုအပ်လျှင် အရက်ဆိုင်တွင် အလွယ်တကူ သွားရောက်ခေါ်နိုင်ခြင်း

၅ ။ အိမ်ရှင်မများ အနေဖြင့် အိမ်၏စီးပွားရေးအား ကိုယ်တိုင်ဦးစီးအုပ်ချုပ် လုပ်ကိုင်နိုင်ပြီး တစ်အိမ်လုံး၏ ဝင်ငွေထွက်ငွေကို မိမိစိတ်တိုင်းကျစီမံခန့်ခွဲသုံးစွဲနိုင်ခြင်း

၆ ။ ထွေလီဖောက်ပြား ဖောက်ပြန်ဖို့ မပြောနဲ့ မူးပြီး အိမ်ပြန်တာတောင် သူ့ဖာသာ အနိုင်နိုင် မနဲထိန်းပြီး လမ်းလျှောက်ပြန်လာရခြင်း

၇ ။ သူတစ်ပါးအသက် သတ်ဖို့နေနေသာသာ သူ့ဖာသာ အန်ဖတ်ဆို့ မ သေအောင် မနဲဂရုစိုက်နေရခြင်း

၈ ။ တစ်ပါးသူပစ္စည်းခိုးဖို့ မပြောနဲ့ သူ့မှာပါလာတဲ့ပစ္စည်း မေ့ကျန်တာ ပျောက်ရှတာ အခိုးခံရတာ အလုခံရတာ မဖြစ်အောင် အမြဲဂရုစိုက်နေရခြင်း

၉ ။ လိမ်လည် လှည့်ဖျား ပြောဆိုဖို့ဆိုတာ ဝေးလို့ ထန်းရေမူးရင် ကျွဲခိုးပေါ်ဆိုတဲ့စကားပုံလိုပဲ၊ လုပ်ထားသမျှ အကုန်ပြန်ပြောပြနေလို့ ရိုက်စစ်စရာ မလိုအောင် ကိုသိရခြင်း

၁၀ ။ လူ့ပတ်ဝန်းကျင်၌လည်း အရက်လေးပဲ သောက် တတ်တာပါအေ ကျန်တာအကုန်ကောင်းတယ်ဟု ချီးမွမ်း ထောပနာပြု ခံရ၍ ဂုဏ်ယူနိုင်ခြင်း

ထိုထိုသော အချင်းအရာများ ကြောင့် အိုဘဲ့ အမျိုးကောင်းသမီးတို့ မိမိတို့အနေနဲ့ကိုယ်ယူမည့် အမျိုးသားသည် အရက်သမားဖြစ်ဖို့ လိုအပ်၏

တိန်…..

Crd

Zawgyi

အရက္သမားအား အိမ္ေထာင္ဘက္အျဖစ္ ေ႐ြးခ်ယ္လိုက္ျခင္း၏ ေကာင္းက်ိဳး (၁၀) ခ်က္…(‌အမ်ိဳးသမီးမ်ား ဖတ္ရန္)

၁ ။ မူးေနသည့္အခ်ိန္မ်ားတြင္ မိမိ မလွေသာ္ျငားလည္း သူတို႔အျမင္တြင္ အရမ္းလွသည္ဟု ထင္ျမင္ေနတတ္ျခင္း

၂ ။ ညေနတိုင္း အရက္ဆိုင္တြင္ အေနမ်ားသျဖင့္ ညေနစာကို အၿမဲတစ္ေယာက္စာ ေလွ်ာ့ခ်က္ရျခင္း

၃ ။ ေဆးသမား ဖဲသမား မဟုတ္သည့္အတြက္ အရက္ဖိုးေလး မဆိုသေလာက္မွ်သာ ကုန္ျခင္း

၄ ။ ကိစၥရွိလို႔ အေရးတႀကီးလိုအပ္လွ်င္ အရက္ဆိုင္တြင္ အလြယ္တကူ သြားေရာက္ေခၚႏိုင္ျခင္း

၅ ။ အိမ္ရွင္မမ်ား အေနျဖင့္ အိမ္၏စီးပြားေရးအား ကိုယ္တိုင္ဦးစီးအုပ္ခ်ဳပ္ လုပ္ကိုင္ႏိုင္ၿပီး တစ္အိမ္လုံး၏ ဝင္ေငြထြက္ေငြကို မိမိစိတ္တိုင္းက်စီမံခန႔္ခြဲသုံးစြဲႏိုင္ျခင္း

၆ ။ ေထြလီေဖာက္ျပား ေဖာက္ျပန္ဖို႔ မေျပာနဲ႔ မူးၿပီး အိမ္ျပန္တာေတာင္ သူ႔ဖာသာ အႏိုင္ႏိုင္ မနဲထိန္းၿပီး လမ္းေလွ်ာက္ျပန္လာရျခင္း

၇ ။ သူတစ္ပါးအသက္ သတ္ဖို႔ေနေနသာသာ သူ႔ဖာသာ အန္ဖတ္ဆို႔ မ ေသေအာင္ မနဲဂ႐ုစိုက္ေနရျခင္း

၈ ။ တစ္ပါးသူပစၥည္းခိုးဖို႔ မေျပာနဲ႔ သူ႔မွာပါလာတဲ့ပစၥည္း ေမ့က်န္တာ ေပ်ာက္ရွတာ အခိုးခံရတာ အလုခံရတာ မျဖစ္ေအာင္ အၿမဲဂ႐ုစိုက္ေနရျခင္း

၉ ။ လိမ္လည္ လွည့္ဖ်ား ေျပာဆိုဖို႔ဆိုတာ ေဝးလို႔ ထန္းေရမူးရင္ ကြၽဲခိုးေပၚဆိုတဲ့စကားပုံလိုပဲ၊ လုပ္ထားသမွ် အကုန္ျပန္ေျပာျပေနလို႔ ႐ိုက္စစ္စရာ မလိုေအာင္ ကိုသိရျခင္း

၁၀ ။ လူ႔ပတ္ဝန္းက်င္၌လည္း အရက္ေလးပဲ ေသာက္ တတ္တာပါေအ က်န္တာအကုန္ေကာင္းတယ္ဟု ခ်ီးမြမ္း ေထာပနာျပဳ ခံရ၍ ဂုဏ္ယူႏိုင္ျခင္း

ထိုထိုေသာ အခ်င္းအရာမ်ား ေၾကာင့္ အိုဘဲ့ အမ်ိဳးေကာင္းသမီးတို႔ မိမိတို႔အေနနဲ႔ကိုယ္ယူမည့္ အမ်ိဳးသားသည္ အရက္သမားျဖစ္ဖို႔ လိုအပ္၏

တိန္…..