နောင်တချိန် ငါ့သမီးလေးကို ပြောပြရမယ် (သမီးရှိတဲ့ မိဘများ ဖတ်ဖြစ်အောင် ဖတ်သွားပါ)

တချိန် ငါ့သမီးလေးကို ပြောပြရမယ်

ထမင်းစားဖို့ လင်ယူစရာမလိုတဲ့ မိန်းကလေးဟာ ကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲ

တချိန် သမီးလေး သိဖို့”ကိစ္စမရှိဘူး ငါတို့က အချိန်တန်ယောက်ျားယူမှာ ယောက်ျားက ရှာကျွေးလိမ့်မယ်”တဲ့ဘာရယ်မဟုတ် ပြုံးတော့ပြုံးမိသား….

၁၆နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့အတွေးက သိပ်ရိုးရှင်းတယ်လို့ တွေးရင်တွေးလို့ရသလို အန္တရာယ်များလိုက်တာလို့ တွေးရင်လည်းတွေးလို့ရနိုင်တာကိုး….

သမီးတို့အနေနဲ့ ယောက်ျားနောက်လိုက်သွားရုံနဲ့ အရာရာ အဆင်ပြေသွားမယ်လို့ ထင်နေကြတာတွေ ထမင်းစားဖို့အတွက် ယောက်ျားယူလိုက်မယ်လို့

ခပ်လွယ်လွယ်တွေးလိုက်တာတွေ သိပ်များနေပြီလားလို့လည်းတွေးမိပါ့…ခုခေတ် ယောက်ျားတွေ(အများစု)က အတွေးအမြင်တွေ ပြောင်းကုန်ကြတာသမီးတို့မသိသေးတာလား?

ယောက်ျားတွေက အလုပ်ရှိတဲ့မိန်းကလေး ကိုယ်က သိပ်ရုန်းပေးစရာမလိုတဲ့ မိန်းကလေးကို ပိုသဘောကျကြတယ်ဆိုတာ..

.ငွေရှိရင်ရှိ မရှိရင်ပညာတတ်ရာထူးရှိမှ ပိုသဘောကျကြတယ်ဆိုတာ…အလုပ်လုပ်တတ် စီးပွားရှာတတ် အမြင်ကျယ်တဲ့ မိန်းကလေးကိုမှ ပိုတွဲချင်ကြတယ်ဆိုတာ..

သူတို့ကိုအစစအရာရာ သိပ်မမှီခိုတဲ့ အရည်အချင်းရှိတဲ့ မိန်းကလေးကိုမှ တန်ဖိုးပိုထားကြတယ်ဆိုတာ…ငါ့သမီးတို့သိအောင်ပြောပြချင်ပါဘိ…

ယောက်ျားလုပ်စာလက်ဖြန့်တောင်းပြီး အိမ်မှာပဲ ထမင်းချက် ကလေးထိုင်မွေးမယ့် မိန်းကလေးမျိုးကို

သိပ်မရွေးချင်ကြတော့ဘူးဆိုတာလည်း ပြောပြချင်သေးတယ် (တချို့တွေကိုဆိုလိုတာနော် အားလုံးလို့မပြောဘူး)

ခုခေတ်ယောက္ခမတွေကရော…..

အိမ်ပေါ်တက်လာတဲ့ချွေးမကို ဘယ်လိုကြိုဆိုကြသလဲ ဘာပညာမှမတတ် ဘာအလုပ်မှမလုပ်တတ် ဘယ်နေရာမှ ဝင်မဆန့်တဲ့ မိန်းကလေးမျိုးကို

ဝမ်းသာအားရ ကြိုဆိုမယ့် ယောက္ခမမျိုး သိပ်ကိုရှားသွားပြီဆိုတာ ငါ့သမီးတို့သိပါလေစ…

အိမ်ထောင်မပြုခင် လူ့လောကအတွက် အခက်အခဲတွေတွေ့ရင် ရင်ဆိုင်နိုင်အောင် မိဘတွေက လက်နက်မျိုးစုံ တပ်ဆင်ပေးနေတာကို ငါ့သမီးတို့သိပါလေစ…

ရော့ ပညာလက်နက် ငါ့ပညာနဲ့ငါလုပ်စားလို့ရတယ် လင်မျက်နှာ ယောက္ခမမျက်နှာ ကြည့်စရာမလိုဘူး

ရော့ အတွေးအခေါ်လက်နက် ဘယ်ဟာအကောင်း ဘယ်ဟာအဆိုး ငါခွဲခြားနိုင်တယ်

ရော့ အလုပ်အကိုင်လက်နက် ငါ့မှာ အလုပ်အကိုင်ရှိတယ် အသိုင်းအဝိုင်းရှိတယ် ငါ့တစ်ဝမ်းတစ်ခါး ငါရှာစားနိုင်တယ် အဲဒီလိုလက်နက်တွေပါသွားတော့ ပိုမကောင်းဘူးလား

မွေးရာပါလက်နက်ဟာ တစ်ဘဝလုံးအတွက်အာမခံချက်မရှိဘူးဆိုတာ ငါ့သမီးတို့ကို ပြောပြမယ့်သူမရှိဘူးလား…

ပညာကမစုံ အတွေ့အကြုံကမရင့်ကျက် အလုပ်အကိုင်ကမရှိနဲ့ လင်ယူလိုက်ရုံနဲ့ဒုက္ခတွေငြိမ်းသွားတာမဟုတ်ဘူး ငါ့သမီးတို့…လင်ယူလိုက်မှ ဒုက္ခတွေစတာဆိုတာ ပြောပြချင်လိုက်တာ…

တကယ်လို့များ သမီးလေးတို့ ရွေးချယ်လိုက်တဲ့ ယောက်ျားဟာ ကုတင်ပေါ်မှာပဲ ချစ်တတ်ပြီး ကျန်တဲ့အချိန်မှာ ဘဝရဲ့ဒုက္ခတွေအခက်အခဲတွေကိုမျှဝေခံစားဖော်မရတဲ့ ယောက်ျားမျိုးဆိုရင်…

လင်ယူပြီးမှ ကိုယ့်ဝမ်းကိုယ်ရှာစားနေရပြီး သူ့ကိုပါ ရှာကျွေးနေရရင် ငါ့သမီးတို့ အလကားနေအလကား လင်တစ်ယောက် အဖက်တင်နေမှာပေါ့…

ကဲ…. ဘဝက ထင်သလောက်လွယ်သေးလား?လိုအပ်တဲ့လက်နက်မျိုးစုံ အစုံအလင်ပါမှလောကကြီးထဲ ထွက်လိုက်စမ်းပါ…

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ မိန်းကလေးဟာကမ္ဘာပေါ်မှာ အလှဆုံးပဲ

ကိုယ်ရပ်တည်ဖို့အတွက် ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုတဲ့ မိန်းကလေးဟာ ကမ္ဘာပေါ်မှာ အလှဆုံးပဲ

ထမင်းစားဖို့ လင်ယူစရာမလိုတဲ့ မိန်းကလေးဟာ ကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲ ငါ့သမီးတွေ ကမ္ဘာ့အလှဆုံးမိန်းကလေးတွေဖြစ်ကြစမ်းပါ…။

©® owner CRDTO❀ စာပေချစ်သူများကို အစဉ်လေးစားလျှက် ❀မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

zawgyi

တခ်ိန္ ငါ့သမီးေလးကို ေျပာျပရမယ္

ထမင္းစားဖို႔ လင္ယူစရာမလိုတဲ့ မိန္းကေလးဟာ ကမာၻေပၚမွာ အေခ်ႏိုင္ဆုံးပဲ

တခ်ိန္ သမီးေလး သိဖို႔”ကိစၥမရွိဘူး ငါတို႔က အခ်ိန္တန္ေယာက္်ားယူမွာ ေယာက္်ားက ရွာေကြၽးလိမ့္မယ္”တဲ့ဘာရယ္မဟုတ္ ၿပဳံးေတာ့ၿပဳံးမိသား….

၁၆ႏွစ္အ႐ြယ္ မိန္းကေလးတစ္ေယာက္ရဲ႕အေတြးက သိပ္႐ိုးရွင္းတယ္လို႔ ေတြးရင္ေတြးလို႔ရသလို အႏၲရာယ္မ်ားလိုက္တာလို႔ ေတြးရင္လည္းေတြးလို႔ရႏိုင္တာကိုး….

သမီးတို႔အေနနဲ႔ ေယာက္်ားေနာက္လိုက္သြား႐ုံနဲ႔ အရာရာ အဆင္ေျပသြားမယ္လို႔ ထင္ေနၾကတာေတြ ထမင္းစားဖို႔အတြက္ ေယာက္်ားယူလိုက္မယ္လို႔

ခပ္လြယ္လြယ္ေတြးလိုက္တာေတြ သိပ္မ်ားေနၿပီလားလို႔လည္းေတြးမိပါ့…ခုေခတ္ ေယာက္်ားေတြ(အမ်ားစု)က အေတြးအျမင္ေတြ ေျပာင္းကုန္ၾကတာသမီးတို႔မသိေသးတာလား?

ေယာက္်ားေတြက အလုပ္ရွိတဲ့မိန္းကေလး ကိုယ္က သိပ္႐ုန္းေပးစရာမလိုတဲ့ မိန္းကေလးကို ပိုသေဘာက်ၾကတယ္ဆိုတာ..

.ေငြရွိရင္ရွိ မရွိရင္ပညာတတ္ရာထူးရွိမွ ပိုသေဘာက်ၾကတယ္ဆိုတာ…အလုပ္လုပ္တတ္ စီးပြားရွာတတ္ အျမင္က်ယ္တဲ့ မိန္းကေလးကိုမွ ပိုတြဲခ်င္ၾကတယ္ဆိုတာ..

သူတို႔ကိုအစစအရာရာ သိပ္မမွီခိုတဲ့ အရည္အခ်င္းရွိတဲ့ မိန္းကေလးကိုမွ တန္ဖိုးပိုထားၾကတယ္ဆိုတာ…ငါ့သမီးတို႔သိေအာင္ေျပာျပခ်င္ပါဘိ…

ေယာက္်ားလုပ္စာလက္ျဖန႔္ေတာင္းၿပီး အိမ္မွာပဲ ထမင္းခ်က္ ကေလးထိုင္ေမြးမယ့္ မိန္းကေလးမ်ိဳးကို

သိပ္မေ႐ြးခ်င္ၾကေတာ့ဘူးဆိုတာလည္း ေျပာျပခ်င္ေသးတယ္ (တခ်ိဳ႕ေတြကိုဆိုလိုတာေနာ္ အားလုံးလို႔မေျပာဘူး)

ခုေခတ္ေယာကၡမေတြကေရာ…..

အိမ္ေပၚတက္လာတဲ့ေခြၽးမကို ဘယ္လိုႀကိဳဆိုၾကသလဲ ဘာပညာမွမတတ္ ဘာအလုပ္မွမလုပ္တတ္ ဘယ္ေနရာမွ ဝင္မဆန႔္တဲ့ မိန္းကေလးမ်ိဳးကို

ဝမ္းသာအားရ ႀကိဳဆိုမယ့္ ေယာကၡမမ်ိဳး သိပ္ကိုရွားသြားၿပီဆိုတာ ငါ့သမီးတို႔သိပါေလစ…

အိမ္ေထာင္မျပဳခင္ လူ႔ေလာကအတြက္ အခက္အခဲေတြေတြ႕ရင္ ရင္ဆိုင္ႏိုင္ေအာင္ မိဘေတြက လက္နက္မ်ိဳးစုံ တပ္ဆင္ေပးေနတာကို ငါ့သမီးတို႔သိပါေလစ…

ေရာ့ ပညာလက္နက္ ငါ့ပညာနဲ႔ငါလုပ္စားလို႔ရတယ္ လင္မ်က္ႏွာ ေယာကၡမမ်က္ႏွာ ၾကည့္စရာမလိုဘူး

ေရာ့ အေတြးအေခၚလက္နက္ ဘယ္ဟာအေကာင္း ဘယ္ဟာအဆိုး ငါခြဲျခားႏိုင္တယ္

ေရာ့ အလုပ္အကိုင္လက္နက္ ငါ့မွာ အလုပ္အကိုင္ရွိတယ္ အသိုင္းအဝိုင္းရွိတယ္ ငါ့တစ္ဝမ္းတစ္ခါး ငါရွာစားႏိုင္တယ္ အဲဒီလိုလက္နက္ေတြပါသြားေတာ့ ပိုမေကာင္းဘူးလား

ေမြးရာပါလက္နက္ဟာ တစ္ဘဝလုံးအတြက္အာမခံခ်က္မရွိဘူးဆိုတာ ငါ့သမီးတို႔ကို ေျပာျပမယ့္သူမရွိဘူးလား…

ပညာကမစုံ အေတြ႕အႀကဳံကမရင့္က်က္ အလုပ္အကိုင္ကမရွိနဲ႔ လင္ယူလိုက္႐ုံနဲ႔ဒုကၡေတြၿငိမ္းသြားတာမဟုတ္ဘူး ငါ့သမီးတို႔…လင္ယူလိုက္မွ ဒုကၡေတြစတာဆိုတာ ေျပာျပခ်င္လိုက္တာ…

တကယ္လို႔မ်ား သမီးေလးတို႔ ေ႐ြးခ်ယ္လိုက္တဲ့ ေယာက္်ားဟာ ကုတင္ေပၚမွာပဲ ခ်စ္တတ္ၿပီး က်န္တဲ့အခ်ိန္မွာ ဘဝရဲ႕ဒုကၡေတြအခက္အခဲေတြကိုမွ်ေဝခံစားေဖာ္မရတဲ့ ေယာက္်ားမ်ိဳးဆိုရင္…

လင္ယူၿပီးမွ ကိုယ့္ဝမ္းကိုယ္ရွာစားေနရၿပီး သူ႔ကိုပါ ရွာေကြၽးေနရရင္ ငါ့သမီးတို႔ အလကားေနအလကား လင္တစ္ေယာက္ အဖက္တင္ေနမွာေပါ့…

ကဲ…. ဘဝက ထင္သေလာက္လြယ္ေသးလား?လိုအပ္တဲ့လက္နက္မ်ိဳးစုံ အစုံအလင္ပါမွေလာကႀကီးထဲ ထြက္လိုက္စမ္းပါ…

ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္ႏိုင္တဲ့ မိန္းကေလးဟာကမာၻေပၚမွာ အလွဆုံးပဲ

ကိုယ္ရပ္တည္ဖို႔အတြက္ ဘယ္သူ႔ကိုမွ ဂ႐ုစိုက္စရာမလိုတဲ့ မိန္းကေလးဟာ ကမာၻေပၚမွာ အလွဆုံးပဲ

ထမင္းစားဖို႔ လင္ယူစရာမလိုတဲ့ မိန္းကေလးဟာ ကမာၻေပၚမွာ အေခ်ႏိုင္ဆုံးပဲ ငါ့သမီးေတြ ကမာၻ႔အလွဆုံးမိန္းကေလးေတြျဖစ္ၾကစမ္းပါ…။

©® owner CRDTO❀ စာေပခ်စ္သူမ်ားကို အစဥ္ေလးစားလွ်က္ ❀ေမတၱာျဖင့္ျပန္လည္မွ်ေဝပါသည္