အေဖာ္အိပ္ေပးမယ့္ ကေလးေတြ မေရာက္ခင္ ခ်ိဳးခ်ိဳးခြၽတ္ခြၽတ္ သံၾကားလို႔ မသိမသာၾကည့္လိုက္တဲ့အခါ…

အသက္၄၀ နီးပါးရွိေန ၿပီျဖစ္ေသာ အပ်ိဳႀကီး တစ္ေယာက္…ကူေဖာ္ေလာင္ဖက္ လည္း မရွိေတာ့ ညက်ရင္ အိမ္နီးခ်င္း သူငယ္မေလးေတြကို ေခါၿပီးအိပ္တယ္ …။ တစ္ည အေဖာ္အိပ္ေပးမယ့္ ကေလးေတြ

မေရာက္ခင္ ခ်ိဳးခ်ိဳးခြၽတ္ခြၽတ္ သံ ၾကားလို႔ မသိမသာၾကည့္ လိုက္ေတာ့ သူခိုး ကပ္ေနမွန္း သိလိုက္တယ္ …။ေၾကာက္လည္း ေၾကာက္တယ္၊ ရွိစုမဲ့ေလးေတြ ပါသြားမွာလည္း စိုးတယ္၊ေ အာ္လိုက္ျပန္လည္း

သူခိုးက ဒီအတိုင္း ထြက္ေျပးရင္ေတာ္ရဲ႕ သူမကို ရန္ျပဳမွျဖင့္ …။ ခဏေနေတာ့ အႀကံရသြားတယ္။ ဟဲ့ ေကာင္မေလးေတြ ညည္းတို႔ကို ငါပုံျပင္ေျပာျပ မယ္ဆိုၿပီး သူ႔ေဘးမွာ လူရွိေနသလို အသံ ခပ္က်ယ္က်ယ္နဲ႔ ေျပာတယ္ …။

ဟုတ္ကဲ့ နားေထာင္မွာေပါ့ရွင့္ ဆိုၿပီး ေကာင္မေလးေတြက ျပန္ေျပာေလဟန္ အသံဖ်က္ၿပီး သူ႔ဟာသူ ေျပာျပန္တယ္။ ၿပီးေတာ့ ပုံျပင္ စ ေျပာတယ္ …။ “ေရွးအခါက ႐ြာတစ္႐ြာမွာ အလြန္ ကပ္ေစးနဲတဲ့

မိန္းမႀကီး တစ္ေယာက္ ရွိတယ္…တစ္ေန႔ေတာ့ အဲဒီမိန္းမႀကီးဟာ ေခ်ာင္းတစ္ ဖက္ကမ္းမွာရွိတဲ့ ႐ြ ာတစ္႐ြာကို အေႂကြးသြားေတာင္း တာေပါ့ …သူေခ်ာင္းျဖတ္ဖို႔ ေလွတစ္စင္းကိုေခၚၿပီး ဟိုဖက္ကမ္းကို အသြားအျပန္

ေငြတစ္ျပားေပးမယ္…ပို႔ေပးႏိုင္ မလားေမးတာေပါ့…ေလွသမားကလည္း ပို႔ေပးမယ္ဆိုတာနဲ႔ သူလည္း အဲဒီေလွ နဲ႔ ေခ်ာင္းကို ျဖတ္သြားလိုက္တယ္… ကမ္းကိုေရာက္ေတာ့ မိန္းမႀကီးက ပိုက္ဆံမေပးခဲ့ပဲ

ျပန္မွေပးမယ္ ေစာင့္ေနလို႔ မွာခဲ့ၿပီး အေႂကြး သြားေတာင္းတာေပါ့…” အပ်ိဳႀကီးက ေျပာလက္စကို ခဏရပ္ၿပီး အသံကို နားစြင့္တယ္…

သူ႔ ပုံျပင္ကို သူခိုးကလည္း နားေထာင္ေန မွန္းသိေတာ့ အသံေန အသံထားနဲ႔ ဆက္ၿပီး ေျပာတယ္ …။ “မိန္းမႀကီးက သူ႔ကိစ ၥၿပီးလို႔ ျပန္လာတယ္…ေခ်ာင္းကိုျဖတ္ မယ္လည္း လုပ္ေကာ သူစီးလာတဲ့ေလွက

တစ္ဘက္ ကမ္းကို ျပန္ေရာက္ေနတာ ေတြ႕လိုက္တယ္တဲ့ …။ အဲဒါနဲ႔ မိန္းမႀကီးလည္း အနီးအနား ရွိတဲ့ေလွကိုပဲ ေငြတစ္ျပားေပး မယ္ဆိုၿပီး ထပ္ငွားခဲ့ ရျပန္တာေပါ့ ။ အဲ့ မိန္းမႀကီး စီးလာတဲ့ေလွနဲ႔

အရင္က စီးခဲ့တဲ့ ေလွတို႔ဟာ ေရလယ္မွာေတြ႕ၾကတယ္ …။ ပထမေလွရွင္က သူ႔လူကို ဘာေၾကာင့္ တင္ေခၚလာရ တာလဲ ငါျပန္တင္ပို႔ရင္ ေငြတစ္ျပားရမယ္ ခုေတာ့ ငါပို႔တဲ့တစ္ေခါက္ဟာ အလကားျဖစ္

သြားၿပီဆိုၿပီး ေျပာတာေပါ့ …။ ဒုတိယေ လွရွင္ကလည္း ငါ့ကိုငွားလို႔ ငါတင္တယ္နဲ႔ စကားေတြမ်ား ေနၾကေတာ့တာေပါ့ေ လွရွင္ႏွစ္ဦး အျငင္းအခုန္ျဖစ္ေနေတာ့ မိန္းမႀကီးက ေျပာ လိုက္တယ္ …။ကဲ…ကဲ…

ႏွစ္ေယာက္လုံး ပိုက္ဆံရေအာင္ႏွစ္စီးလုံးကို ငါစီးမယ္…ေလွခ်င္းကပ္ၾကလို႔ ေျပာတယ္…ေလွရွင္ႏွစ္ဦးလည္း ေလွေတြကို ပူးကပ္ေပးလိုက္ၾကတယ္… မိန္းမႀကီးက ေလွႏွစ္စီးလုံးကို ခြၿပီး စီးလိုက္သြာ တာေပါ့ …။

ကမ္းနားလည္း ေရာက္ကာနီးေကာ ေလွတစ္စင္းဟာ တက္လည္သြားတာနဲ႔ အဲဒီခြစီးလာတဲ့မိန္းမႀကီးလည္း ကြၽမ္းျပန္သြားၿပီး” အမယ္ေလး၊ ကူၾကပါ၊ ကယ္ၾကပါ ”လို႔ ေအာ္တာေပါ့ …။ ပုံျပင္ထဲက ဇာတ္ေၾကာင္းနဲ႔ေရာၿပီး

“အမေလး ကယ္ၾကပါ…အမေလး ကယ္ၾကပ္…ကယ္ၾကပါအုံးေတာ္….”အသံကုန္ ေအာ္လိုက္တယ္ …။ သူခိုး ငပိန္းကေတာ့ ပုံျပင္ေျပာေန တာပဲဆိုၿပီး ရယ္လို႔ေမာ လို႔ ေကာင္းတုန္း …။

အပ်ိဳႀကီးေအာ္ သံေၾကာင့္ေရာက္လာတဲ့ ႐ြာသားေတြက ထိုင္ၿပီးရယ္ေနတဲ သူခိုးကို အလြယ္တကူ ဖမ္းမိသြားတယ္ …။ေျပာခ်င္တာကေတာ့

ကိုယ့္ရည္႐ြယ္ခ်က္ကိုဦးတည္ၿပီးမလုပ္ဘဲေဘးစကားေတြနားေထာင္ေနမယ္ဆိုရင္ ဒုကၡေတြပဲ ႀကဳံႏိုင္တယ္ဆိုတာပါပဲေနာ္ …။ ။ မူရင္းေရးသားသူအား ေလးစားလွ်က္…။

Credit ေပးပါတယ္….။

Unicode

အဖော်အိပ်ပေးမယ့် ကလေးတွေ မရောက်ခင် ချိုးချိုးချွတ်ချွတ် သံကြားလို့ မသိမသာကြည့်လိုက်တဲ့အခါ…
အသက်၄၀ နီးပါးရှိနေ ပြီဖြစ်သော အပျိုကြီး တစ်ယောက်…ကူဖော်လောင်ဖက် လည်း မရှိတော့ ညကျရင် အိမ်နီးချင်း သူငယ်မလေးတွေကို ခေါပြီးအိပ်တယ် …။ တစ်ည အဖော်အိပ်ပေးမယ့် ကလေးတွေ

မရောက်ခင် ချိုးချိုးချွတ်ချွတ် သံ ကြားလို့ မသိမသာကြည့် လိုက်တော့ သူခိုး ကပ်နေမှန်း သိလိုက်တယ် …။ကြောက်လည်း ကြောက်တယ်၊ ရှိစုမဲ့လေးတွေ ပါသွားမှာလည်း စိုးတယ်၊ေ အာ်လိုက်ပြန်လည်း

သူခိုးက ဒီအတိုင်း ထွက်ပြေးရင်တော်ရဲ့ သူမကို ရန်ပြုမှဖြင့် …။ ခဏနေတော့ အကြံရသွားတယ်။ ဟဲ့ ကောင်မလေးတွေ ညည်းတို့ကို ငါပုံပြင်ပြောပြ မယ်ဆိုပြီး သူ့ဘေးမှာ လူရှိနေသလို အသံ ခပ်ကျယ်ကျယ်နဲ့ ပြောတယ် …။

ဟုတ်ကဲ့ နားထောင်မှာပေါ့ရှင့် ဆိုပြီး ကောင်မလေးတွေက ပြန်ပြောလေဟန် အသံဖျက်ပြီး သူ့ဟာသူ ပြောပြန်တယ်။ ပြီးတော့ ပုံပြင် စ ပြောတယ် …။ “ရှေးအခါက ရွာတစ်ရွာမှာ အလွန် ကပ်စေးနဲတဲ့

မိန်းမကြီး တစ်ယောက် ရှိတယ်…တစ်နေ့တော့ အဲဒီမိန်းမကြီးဟာ ချောင်းတစ် ဖက်ကမ်းမှာရှိတဲ့ ရွ ာတစ်ရွာကို အကြွေးသွားတောင်း တာပေါ့ …သူချောင်းဖြတ်ဖို့ လှေတစ်စင်းကိုခေါ်ပြီး ဟိုဖက်ကမ်းကို အသွားအပြန်

ငွေတစ်ပြားပေးမယ်…ပို့ပေးနိုင် မလားမေးတာပေါ့…လှေသမားကလည်း ပို့ပေးမယ်ဆိုတာနဲ့ သူလည်း အဲဒီလှေ နဲ့ ချောင်းကို ဖြတ်သွားလိုက်တယ်… ကမ်းကိုရောက်တော့ မိန်းမကြီးက ပိုက်ဆံမပေးခဲ့ပဲ

ပြန်မှပေးမယ် စောင့်နေလို့ မှာခဲ့ပြီး အကြွေး သွားတောင်းတာပေါ့…” အပျိုကြီးက ပြောလက်စကို ခဏရပ်ပြီး အသံကို နားစွင့်တယ်…

သူ့ ပုံပြင်ကို သူခိုးကလည်း နားထောင်နေ မှန်းသိတော့ အသံနေ အသံထားနဲ့ ဆက်ပြီး ပြောတယ် …။ “မိန်းမကြီးက သူ့ကိစ ္စပြီးလို့ ပြန်လာတယ်…ချောင်းကိုဖြတ် မယ်လည်း လုပ်ကော သူစီးလာတဲ့လှေက

တစ်ဘက် ကမ်းကို ပြန်ရောက်နေတာ တွေ့လိုက်တယ်တဲ့ …။ အဲဒါနဲ့ မိန်းမကြီးလည်း အနီးအနား ရှိတဲ့လှေကိုပဲ ငွေတစ်ပြားပေး မယ်ဆိုပြီး ထပ်ငှားခဲ့ ရပြန်တာပေါ့ ။ အဲ့ မိန်းမကြီး စီးလာတဲ့လှေနဲ့

အရင်က စီးခဲ့တဲ့ လှေတို့ဟာ ရေလယ်မှာတွေ့ကြတယ် …။ ပထမလှေရှင်က သူ့လူကို ဘာကြောင့် တင်ခေါ်လာရ တာလဲ ငါပြန်တင်ပို့ရင် ငွေတစ်ပြားရမယ် ခုတော့ ငါပို့တဲ့တစ်ခေါက်ဟာ အလကားဖြစ်

သွားပြီဆိုပြီး ပြောတာပေါ့ …။ ဒုတိယေ လှရှင်ကလည်း ငါ့ကိုငှားလို့ ငါတင်တယ်နဲ့ စကားတွေများ နေကြတော့တာပေါ့ေ လှရှင်နှစ်ဦး အငြင်းအခုန်ဖြစ်နေတော့ မိန်းမကြီးက ပြော လိုက်တယ် …။ကဲ…ကဲ…

နှစ်ယောက်လုံး ပိုက်ဆံရအောင်နှစ်စီးလုံးကို ငါစီးမယ်…လှေချင်းကပ်ကြလို့ ပြောတယ်…လှေရှင်နှစ်ဦးလည်း လှေတွေကို ပူးကပ်ပေးလိုက်ကြတယ်… မိန်းမကြီးက လှေနှစ်စီးလုံးကို ခွပြီး စီးလိုက်သွာ တာပေါ့ …။

ကမ်းနားလည်း ရောက်ကာနီးကော လှေတစ်စင်းဟာ တက်လည်သွားတာနဲ့ အဲဒီခွစီးလာတဲ့မိန်းမကြီးလည်း ကျွမ်းပြန်သွားပြီး” အမယ်လေး၊ ကူကြပါ၊ ကယ်ကြပါ ”လို့ အော်တာပေါ့ …။ ပုံပြင်ထဲက ဇာတ်ကြောင်းနဲ့ရောပြီး

“အမလေး ကယ်ကြပါ…အမလေး ကယ်ကြပ်…ကယ်ကြပါအုံးတော်….”အသံကုန် အော်လိုက်တယ် …။ သူခိုး ငပိန်းကတော့ ပုံပြင်ပြောနေ တာပဲဆိုပြီး ရယ်လို့မော လို့ ကောင်းတုန်း …။

အပျိုကြီးအော် သံကြောင့်ရောက်လာတဲ့ ရွာသားတွေက ထိုင်ပြီးရယ်နေတဲ သူခိုးကို အလွယ်တကူ ဖမ်းမိသွားတယ် …။ပြောချင်တာကတော့

ကိုယ့်ရည်ရွယ်ချက်ကိုဦးတည်ပြီးမလုပ်ဘဲဘေးစကားတွေနားထောင်နေမယ်ဆိုရင် ဒုက္ခတွေပဲ ကြုံနိုင်တယ်ဆိုတာပါပဲနော် …။ ။ မူရင်းရေးသားသူအား လေးစားလျှက်…။

Credit ပေးပါတယ်….။