မင်းမိန်းမနဲ့ ဘာလို့ ကွာရှင်းချင် တာလဲလို့ တရား သူကြီးက မေးသောအခါ…

တရားရုံးတွင် ကွာရှင်းဖို့ လာတော့ ဇနီးမောင်နှံ နှစ်ဉီးအနက် ယောက်ျားဖြစ် သူကို တရားသူကြီးက မေးတယ်…“ကျနော့ကို နေ့စဉ် ကြက်သွန်ဖြူ ခွာခိုင်းတယ် ကြက်သွန်နီ လှီးခိုင်းတယ်၊ ပန်းကန် ဆေးခိုင်းတယ် အဲဒါကြောင့်”

” အဲဒါ ဘာများ အပန်းကြီးလဲ…လွယ်လွယ်လေးဟာကို….ကြက်သွန်ဖြူ မခွာခင် မီးအပူလေး ပေးလိုက်… အခွံခွာ ရတာ လွယ်လွယ်ေ လးဖြစ်သွားမယ် ကြက်သွန်နီ လှီးခိုင်းရင် လှီးမဲ့ကြက်သွန်ကို

ရေခဲသေတ္တာ အထဲ ခဏထား..နောက်လှီးကြည့်… မျက်စိ မစပ်တော့ ဘူးပေါ့…ဒီလိုပဲလေ..ပန်းကန် လည်း မဆေးခင် ရေထဲ ဆယ်မိနစ်လောက် စိမ်ထား ဆေးရတာ လွယ်လွယ်လေး…

ဒါပေမဲ့..မင်းကို အဝတ်တော့ မလျှော်ခိုင်းသေးဘူး မဟုတ်လား…နောက် အဝတ်လျှော်ခိုင်းရင် ဒီလိုလုပ်ကွေ သချာ မှတ်ထား….အဝတ်မလျှော်ခင် ဆပ်ပြာရည် အထဲ မှာ အဝတ်ကို ဆယ့်ငါးမိ နစ်လောက် စိမ်ထား…

ဂျီးတွေ သူ့အလို လို ထွက်လာမယ်…လျှော်တဲ့ အချိန် အားသုံးစရာ မလိုတော့ဘူးပေါ့.. ပြီးတော့…သနပ်ခါး..သွေး…” “ရပါပြီ ခင်ဗျ… ကျနော့် လျှောက်လွှာ ပြန်ရုပ် သိမ်းခွင့်ပြုပါ..တရားသူကြီးမင်း ခင်ဗျား”

“မင်း.. ငါပြောတာ နားလည်သွား လို့ပေါ့ ဟုတ်လား” “အမှန်တော့ ကျနော်ဟာ တရားသူကြီး ထက်စာရင် အများကြီး သက်သာ ပါသေးတယ် ဆိုတာ သိသွားလို့ပါ..” ဒီလိုကာလကြီးမှာ ခဏ တာလေးဖြစ်ဖြစ် ရယ်မောပျော်ရွှင် နိုင်ကြပါစေ…။

မူရင်းအား Credit

Unicode






