
စာေရးဆရာ အၾကည္ေတာ္ ကြယ္လြန္…….see more
စာေရးဆရာအၾကည္ေတာ္သည္ ယေန႔ ႏိုဝင္ဘာ ၉ ရက္ ည ၈ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္တြင္ ကြယ္လြန္ဆုံးပါးသြားၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။
ဆရာအၾကည္ေတာ္သည္ ရန္ကုန္ၿမိဳ႕ရွိ ပင္လုံေဆး႐ုံတြင္ ေဆးကုသမႈခံယူေနစဥ္အခ်ိန္တြင္ ကြယ္လြန္သြားျခင္းျဖစ္ေၾကာင္း ၎မိသားစုဝင္မ်ားက အသိေပးေျပာဆိုထားသည္။
စာေရးဆရာအၾကည္ေတာ္သည္ ယခုႏွစ္ စက္တင္ဘာလအတြင္းက ထိုင္းႏိုင္ငံ၌ သြားေရာက္ေဆးကုသမႈခံယူခဲ့ၿပီးေနာက္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိလာစဥ္ ရက္ပိုင္းအတြင္း ႐ုတ္တရက္ က်န္းမာေရးဆိုး႐ြားလာသည့္အတြက္ ပင္လုံေဆး႐ုံ၌ ေဆးကုသမႈခံယူေနျခင္းျဖစ္သည္။
“ဦးကို (ဆရာအၾကည္ေတာ္) ျငင္သာစြာပဲ ႏႈတ္ဆက္သြားပါၿပီ” ဟု ဆရာအၾကည္ေတာ္၏ မိသားစုဝင္တစ္ဦးက အသိေပးေျပာဆိုထားသည္။
စာေရးဆရာအၾကည္ေတာ္ ေရးသားခဲ့ေသာ စာအုပ္မ်ားထဲတြင္ “ေက်ာက္သင္ပုန္းေတြ မိုးထားတဲ့အိမ္”၊ “နတ္ေနကိုင္း”၊ “ကေဝပ်ိဳ၏ နိဒါန္း”၊ “ေဇာ္က ကေနသည္” စေသာ စာအုပ္မ်ားသည္ လူသိမ်ားထင္ရွားၿပီး ပရိသတ္အမ်ားအျပား၏အားေပးျခင္းကို ရရွိထားသည္။
ဆရာအၾကည္ေတာ္သည္ ဟာသစာေပအမ်ားအျပားကို ေရးသားခဲ့သူျဖစ္ကာ ၎၏အမည္ရင္းမွာ ေစာၾကည္ျဖဴ ျဖစ္ၿပီး ကြယ္လြန္ခ်ိန္တြင္ အသက္(၅၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ လူမႈကြန္ယက္စာမ်က္ႏွာမ်ား၌ စာေရးဆရာအၾကည္(ခ)ေစာၾကည္ျဖဴ ကြယ္လြန္သြားမႈအေပၚ ၎၏စာဖတ္ပရိသတ္မ်ားက မိသားႏွင့္အတူ ထပ္တူဝမ္းနည္းေၾကာင္း ေျပာဆိုေရးသားလ်က္ရွိသည္ကို ေတြ႕ရသည္။ crdit……..
စာရေးဆရာအကြည်တော်သည် ယနေ့ နိုဝင်ဘာ ၉ ရက် ည ၈ နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် ကွယ်လွန်ဆုံးပါးသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဆရာအကြည်တော်သည် ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ်အချိန်တွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ၎င်းမိသားစုဝင်များက အသိပေးပြောဆိုထားသည်။
စာရေးဆရာအကြည်တော်သည် ယခုနှစ် စက်တင်ဘာလအတွင်းက ထိုင်းနိုင်ငံ၌ သွားရောက်ဆေးကုသမှုခံယူခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာစဉ် ရက်ပိုင်းအတွင်း ရုတ်တရက် ကျန်းမာရေးဆိုးရွားလာသည့်အတွက် ပင်လုံဆေးရုံ၌ ဆေးကုသမှုခံယူနေခြင်းဖြစ်သည်။
“ဦးကို (ဆရာအကြည်တော်) ငြင်သာစွာပဲ နှုတ်ဆက်သွားပါပြီ” ဟု ဆရာအကြည်တော်၏ မိသားစုဝင်တစ်ဦးက အသိပေးပြောဆိုထားသည်။
စာရေးဆရာအကြည်တော် ရေးသားခဲ့သော စာအုပ်များထဲတွင် “ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်”၊ “နတ်နေကိုင်း”၊ “ကဝေပျို၏ နိဒါန်း”၊ “ဇော်က ကနေသည်” စသော စာအုပ်များသည် လူသိများထင်ရှားပြီး ပရိသတ်အများအပြား၏အားပေးခြင်းကို ရရှိထားသည်။
ဆရာအကြည်တော်သည် ဟာသစာပေအများအပြားကို ရေးသားခဲ့သူဖြစ်ကာ ၎င်း၏အမည်ရင်းမှာ စောကြည်ဖြူ ဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက်(၅၁)နှစ်အရွယ်ရှိပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် လူမှုကွန်ယက်စာမျက်နှာများ၌ စာရေးဆရာအကြည်(ခ)စောကြည်ဖြူ ကွယ်လွန်သွားမှုအပေါ် ၎င်း၏စာဖတ်ပရိသတ်များက မိသားနှင့်အတူ ထပ်တူဝမ်းနည်းကြောင်း ပြောဆိုရေးသားလျက်ရှိသည်ကို တွေ့ရသည်။ crdit……..