
ဝင္းပၿပီးၾကည္လင္တဲ့ အသားအေရကို ပိုင္ဆိုင္ခ်င္ တာ မိန္းကေလးတိုင္းရဲ႕ ဆႏၵပါ။
ေနေရာင္ျခည္ဒဏ္ကို ခံရပါမ်ားလာတဲ့အခါ အသားအေရက မြဲေျခာက္ၾကမ္းတမ္းၿပီး အဖုအႀကိတ္ေတြထြက္ကာ မလွမပျဖစ္သြားႏိုင္ပါတယ္။
ခုေဖာ္ျပေပးမွာကေတာ့ အသားအေရကိုျဖဴ ဝင္းေစၿပီး ေနေလာင္တာေတြကို သက္သာေပ်ာက္ကင္းေစမယ့္ ေပါင္းတင္နည္းေလးေတြပဲျဖစ္ပါတယ္။
သဘာဝပစၥည္းေလးေတြျဖစ္တာေၾကာင့္ မတည့္ မွာေတြကို လုံးဝစိုးရိမ္စရာမလိုပါဘူးေနာ္။ ကဲၾကည့္ လိုက္ပါဦး။
(၁) အာလူး နဲ႔ သံပုယို အာလူးဟာ ေနေလာင္တဲ့ အသားအေရအတြက္ အင္မတန္ေကာင္းမြန္ေၾကာင္း ရွာေဖြေတြ႕ရွိထားပါတယ္။
အာလူးတစ္လုံးကို ေကာင္းမြန္စြာႀကိတ္ေခ်ၿပီး သံပုယို ၂ စက္ခန႔္ေရာကာေမႊလိုက္ပါ။
ရလာတဲ့ အႏွစ္ကို ဆန္မႈန႔္အနည္းငယ္ေရာၿပီး မ်က္ ႏွာကို လိမ္းလိုက္ပါ။ မိနစ္ ၂၀အၾကာမွာေတာ့ ၾကက္ သီးေႏြးေရေလးနဲ႔ ေဆးေၾကာေပးလိုက္႐ုံပါပဲ။
(၂) ႏြားႏို႔နဲ႔ပဲမႈန႔္ ႏြားႏို႔ဟာ အသားအေရကိုျဖဴ ဝင္းေစတဲ့ သဘာဝေဆးေကာင္းတစ္လက္ျဖစ္ပါတယ္။
အသားအေရကို ႏူးညံ့စိုျပည္ေစ႐ုံသာမက အသားအေရကို အထူးလွပေစပါတယ္။ပဲမႈန႔္ဟာအသားအေရကို ေနေရာင္ျခည္ဒဏ္မွ ကာကြယ္ေပးႏိုင္စြမ္းရွိပါတယ္။
ႏြားႏို႔ကို ပဲမႈန႔္နဲ႔ ဆတူေရာစပ္ၿပီး ေသေသခ်ာခ်ာေမႊေပးရပါမယ္။ ၿပီးရင္ေတာ့ မ်က္ႏွာမွာလိမ္းၿပီး တစ္နာရီခန႔္ အၾကာမွာ ေရေအးေလးနဲ႔ ေဆးေၾကာေပးလိုက္ ႐ုံပါပဲ။
(၃) ဒိန္ခ်ဥ္နဲ႔ပ်ားရည္ ပ်ားရည္ဟာ အသားအေရကို ျဖဴဝင္းေစပါတယ္။ ဒါတင္မက အသားအေရကို ေအးျမေစႏိုင္ပါတယ္။
ေနေလာင္လို႔ ျဖစ္ေပၚလာတဲ့ အသားအေရ နီျမန္းတာေတြ၊ အမဲကြက္ေတြကို သက္သာေပ်ာက္ကင္းေစပါတယ္။
အသုံးျပဳပုံကေတာ့ ဒိန္ခ်ဥ္အသန႔္ လက္ဖက္ရည္ဇြန္း ၂ဇြန္းကို ပ်ားရည္လက္ဖက္ရည္ဇြန္း ၁ဇြန္းနဲ႔ ေရာၿပီး မ်က္ႏွာမွာလိမ္းရမွာပါ။ ၁၅ မိနစ္အၾကာမွာေတာ့ ေရေႏြးနဲ႔ အရင္ေဆးၿပီး ေရေအးနဲ႔ျပန္လည္ေဆးေၾကာေပးရမွာပါ။
credit original writer
unicode
ဝင်းပပြီးကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်ချင် တာ မိန်းကလေးတိုင်းရဲ့ ဆန္ဒပါ။
နေရောင်ခြည်ဒဏ်ကို ခံရပါများလာတဲ့အခါ အသားအရေက မွဲခြောက်ကြမ်းတမ်းပြီး အဖုအကြိတ်တွေထွက်ကာ မလှမပဖြစ်သွားနိုင်ပါတယ်။
ခုဖော်ပြပေးမှာကတော့ အသားအရေကိုဖြူ ဝင်းစေပြီး နေလောင်တာတွေကို သက်သာပျောက်ကင်းစေမယ့် ပေါင်းတင်နည်းလေးတွေပဲဖြစ်ပါတယ်။
သဘာဝပစ္စည်းလေးတွေဖြစ်တာကြောင့် မတည့် မှာတွေကို လုံးဝစိုးရိမ်စရာမလိုပါဘူးနော်။ ကဲကြည့် လိုက်ပါဦး။
(၁) အာလူး နဲ့ သံပုယို အာလူးဟာ နေလောင်တဲ့ အသားအရေအတွက် အင်မတန်ကောင်းမွန်ကြောင်း ရှာဖွေတွေ့ရှိထားပါတယ်။
အာလူးတစ်လုံးကို ကောင်းမွန်စွာကြိတ်ချေပြီး သံပုယို ၂ စက်ခန့်ရောကာမွှေလိုက်ပါ။
ရလာတဲ့ အနှစ်ကို ဆန်မှုန့်အနည်းငယ်ရောပြီး မျက် နှာကို လိမ်းလိုက်ပါ။ မိနစ် ၂၀အကြာမှာတော့ ကြက် သီးနွေးရေလေးနဲ့ ဆေးကြောပေးလိုက်ရုံပါပဲ။
(၂) နွားနို့နဲ့ပဲမှုန့် နွားနို့ဟာ အသားအရေကိုဖြူ ဝင်းစေတဲ့ သဘာဝဆေးကောင်းတစ်လက်ဖြစ်ပါတယ်။
အသားအရေကို နူးညံ့စိုပြည်စေရုံသာမက အသားအရေကို အထူးလှပစေပါတယ်။ပဲမှုန့်ဟာအသားအရေကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။
နွားနို့ကို ပဲမှုန့်နဲ့ ဆတူရောစပ်ပြီး သေသေချာချာမွှေပေးရပါမယ်။ ပြီးရင်တော့ မျက်နှာမှာလိမ်းပြီး တစ်နာရီခန့် အကြာမှာ ရေအေးလေးနဲ့ ဆေးကြောပေးလိုက် ရုံပါပဲ။
(၃) ဒိန်ချဉ်နဲ့ပျားရည် ပျားရည်ဟာ အသားအရေကို ဖြူဝင်းစေပါတယ်။ ဒါတင်မက အသားအရေကို အေးမြစေနိုင်ပါတယ်။
နေလောင်လို့ ဖြစ်ပေါ်လာတဲ့ အသားအရေ နီမြန်းတာတွေ၊ အမဲကွက်တွေကို သက်သာပျောက်ကင်းစေပါတယ်။
အသုံးပြုပုံကတော့ ဒိန်ချဉ်အသန့် လက်ဖက်ရည်ဇွန်း ၂ဇွန်းကို ပျားရည်လက်ဖက်ရည်ဇွန်း ၁ဇွန်းနဲ့ ရောပြီး မျက်နှာမှာလိမ်းရမှာပါ။ ၁၅ မိနစ်အကြာမှာတော့ ရေနွေးနဲ့ အရင်ဆေးပြီး ရေအေးနဲ့ပြန်လည်ဆေးကြောပေးရမှာပါ။
credit original writer