











unicode

(၁၄)နှစ်အရွယ် (၉)တန်းကျောင်းသူလေး ကိုယ်ဝန်(၇)လရှိမှ အားလုံးသိရတဲ့အဖြစ်

ဆီဆိုင်မြို့နယ် နောင်မွန် ကျေးရွာ နားဆိုင်းရပ်မှနေထိုင်တဲ့ ခွန်မောင်စန်း (ခ) မူဆာ အသက် (38) နှစ်အရွယ်ရှိသူက

အသက် ၁၄ နှစ် အရွယ် ရှိ သမီး အရင်း ကိုးတန်း ကျောင်းသူ အား

သားမယားပြု ကျင့် ခဲ့တယ်လို့သိရသည်။

သမီးဖြစ်သူ မှာ ကိုယ်ဝန် ၇ လခန့်ရှိလာတဲ့အတွက် ကျောင်း မှ ထုတ်ပယ်ခြင်းခံခဲ့ရကြောင်း

အဆိုပါနောင်မွန်ကျေးရွာရှိ မူဆာရဲ့ အမျိုးတော်စပ်သူများနဲ့ နောင်မွန် ကျေးရွာ မှ ပြည်သူများက သိရှိပြီးဝိုင်းဝန်း ဖမ်းဆီးခဲ့ကြသည်။

မူဆာ နှင့် သမီးဖြစ်သူ တို့ဆီဆိုင်မြို့အောင်ချမ်းသာ ရပ်ကွက် သို့ထွက်ပြေးတိမ်းရှောင်လာပြီး ပုန်းအောင်းနေကြောင်း သတင်းရရှိသည်။

အောင်ချမ်းသာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးများ ဆီဆိုင်မြို့မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ နယ်ထိန်းတပ်ဖွဲ့ဝင်များက

မူဆာတည်းခိုနေသောအိမ်သို့သွားရောက်ရှာဖွေ ဖမ်းဆီးပြီး

သက်ဆိုင်ရာ နယ်မြေ ဘန်းယဉ် ရဲ စခန်းမှူး အားအကြောင်းကြားအပ်နှံပေးခဲ့ကြပါတယ်။