ခင်ပွန်းကိုသတ်ဖို့ ကြိုးစားတဲ့ အမျိုးသမီး ( အရမ်းကောင်းလို့ ဖတ်ကြည့်စေချင်ပါတယ် )

ခင်ပွန်းကိုသတ်ဖို့ ကြိုးစားတဲ့ အမျိုးသမီး ( အရမ်းကောင်းလို့ ဖတ်ကြည့်စေချင်ပါတယ် )

တစ်ခါက လှပတဲ့ မိန်းကလေးတစ်ယောက်ဟာ အိမ်ထောင်ရေးမှာ ငြီးငွေ့လာပြီး သူမရဲ့အိမ်ထောင်ဖက်ကို သတ်ပစ်ချင်ခဲ့တယ်။ တစ်မနက်မှာ သူ့အမေဆီ ပြေးလာပြီး “အ​မေရယ်၊ သမီးခင်ပွန်းကို သမီးငြီးငွေ့နေပြီ၊ ဒီအရူးရဲ့ တာဝန်တွေလည်း ဘာမှ မလုပ်ပေးချင်တော့ဘူး။

သမီးသူ့ကို သတ်ချင်ပေမယ့် အဖမ်းခံရမှာလည်းကြောက်လို့ ဘယ်လို လုပ်ရမယ်ဆိုတာ ကျေးဇူးပြုပြီး အ​ကြံပေးနိုင်မလား”လို့ အကူအညီတောင်းတယ်။

အမေကဖြေတယ် ” မေမေသမီကို ကူညီပေးနိုင်ပါတယ် ဒါပေမယ့် မေမေပြောသလိုတော့ လုပ်မှဖြစ်မယ် ” သမီးက “ဘာလုပ်​​ပေးရမလဲအ​မေ ဘာပဲလုပ်ရလုပ်ရ လုပ်ပါ့မယ် ” ” ဟုတ်ပြီ ” အမေကပြောတယ်။ သမီး သူနဲ့အဆင်ပြေအောင်နေ ဒါမှသူသေသွားရင် ဘယ်သူမှ သမီးကို သံသရမရှိမှာ။

သမီး ဒီနေ့ကစပြီး ငယ်ရွယ်နုပျိုပြီး ဆွဲဆောင်မှုရှိတဲ့ ပုံပေါက်ဖို့အတွက် သမီကိုသမီး လှလှပပနေရမယ်။ သမီးသူ့ကိုကောင်းကောင်း ဂရုစိုက်ပြီး ချစ်ခင်မြတ်နိူးတဲ့ပုံစံနဲ့နေရမယ်။ သမီးသူ့ကိုစိတ်ရှည်ရမယ်။ သူ့စကား နားထောင်တဲ့ ပုံ​ပေါက်ရမယ်။

သူကိုရိုသေပုံ​ပေါ်ရမယ်။ သူလိုအပ်မယ် ထင်တာအတွက် သမီးပိုက်ဆံသုံး​ပြီး သူကသမီးကို ပိုက်ဆံမပေးရင်တောင် စိတ်မဆိုးတဲ့ပုံနဲ့နေရမယ်။

သမီး သူကိုဆန့်ကျင်​ပြီး အော်တာ ဟစ်တာမလုပ်နဲ့ သူက မကြာခင် သေခြာပေါက် သေတော့မှာပဲလေ လို့တွေးပြီး သူ့ကို မေတ္တာစိတ်နဲ့ အေးအေးဆေးဆေး ဆက်ဆံရမယ်။ အဲဒါတွေအားလုံးကို သမီးလုပ်နိုင်ပါ့လား? အမေက မေးတယ်။ ” ရတယ် သမီးလုပ်နိုင်တယ် ” လို့ သူမက ပြန်ဖြေတယ်။

” ကောင်းပြီ ” လို့ အမေကပြောပြီး နောက်​ဘေးသို့ ဝင်သွားတယ်။ ခဏအကြာမှာ အထုပ်လေး တစ်ထုပ်နဲ့ ပြန်ထွက်လာပြီး ” ဒီအမှုန့်ကို သူ့စားတဲ့ အစာထဲမှာ နေ့တိုင်းနည်းနည်း ခပ်ထည့်လိုက်ရင် သမီးယောက်ျား ဖြည်းဖြည်းချင်း သေသွားလိမ့်မယ်။ ” ရက်ပေါင်း 30 လောက်အကြာမှာတော့ သမီးဖြစ်သူက ပျာရိပျာယာနဲ့ သူ့အမေဆီ ပြန်ရောက်လာတယ်။

” မေမေ၊ သမီးကိုကယ်ပါဦး သမီးသူ့ကိုသတ်ဖို့ ရည်ရွယ်ချက်မရှိ​တော့ဘူး။ အခုချိန်မှာတော့ သူလုံးဝပြောင်းလဲသွားတဲ့အတွက် သူ့ကိုသမီးချစ်နေပြီ အခုတော့သူက သမီးစိတ်ကူးထားတဲ့ ခင်ပွန်းကောင်း တယောက်ဖြစ်နေပြီ။” ” သူ့ကို အဆိပ်နဲ့မသေဘို့ သမီးဘာလုပ်ရမလဲ ” လို့ မျက်ရည်တွေနဲ့မေးတယ်။

” ကျေးဇူးပြုပြီး ကူညီပေးပါဦး အမေရယ် ” ဆိုပြီး ငိုလေသည်။ အမေက ပြုံးပြီး ပြန်ပြောသည် ။ ” စိတ်မပူပါနဲ့ သမီးရယ်။ အမေပေးခဲ့တာက ရိုးရိုး ဟင်းခေတ်အမှုန့်တွေပါ ။ သမီးယောက်ကျားမသေပါဘူး ” တဲ့။ တကယ်တော့ သင်ကိုယ်တိုင်ကသာ သင့်ခင်ပွန်းကို ဖြည်းဖြည်းချင်း သေစေနိုင်တဲ့ အဆိပ်ပါပဲ။

သူ့ကိုချစ်ဖို့၊ ရိုသေပြီး မြတ်နိုးလာဘို့​ကြိုးစားချိန်ကစပြီး သူ့ဟာချစ်စရာကောင်းတဲ့ ခင်ပွန်းအဖြစ် သင့်အမြင်မှာ ပြောင်းလဲသွားတာပါ။သင်တို့ရဲ့ ဆက်ဆံပုံကြောင်း ၎င်းတို့၏ တုံ့ပြန်မှုနှင့် ခံစားချက်များလည်း သင်တို့အပေါ် ပြောင်းလဲစေနိူင်ပါတယ်။

အမျိုးသမီးတွေကသာ ခင်ပွန်းအပေါ် လေးစားမှု၊ ချစ်ခင်မှု၊ ဂရုစိုက်မှုတွေကိုသာ ပြသနိုင်မယ်ဆိုရင် သူကသင့်အတွက် 100% ရှိနေမှာပါ။

Credit ; Saya U Khin Zaw ( ဘာသာပြန် )