အင်္ဂလိပ် လို ရေးပေးတဲ့ ရည်းစားစာ ကို ၈ တန်း ဒုတိယနှစ်ကျောင်းသားကို ဘာသာပြန် ခိုင်းသောအခါ

အင်္ဂလိပ် လို ရေးပေးတဲ့ ရည်းစားစာ ကို ၈ တန်း ဒုတိယနှစ်ကျောင်းသားကို ဘာသာပြန် ခိုင်းသောအခါ

“အေးကြည်မ ရော့ ”

“ဟဲ့ အဲဒါဘာတုန်း ”

“ရည်းစားစာ ”

“ဗုဒ္ဓေါ ”

အေးကြည်မ က အံ့ဩလွန်းလို့ရင်ဘတ်ကိုဖိထားရတယ် ငြိမ်းမောင် ကတော့ ခပ်တည်တည်ပဲ

“ယူလေ ”

“အိ မယူပါဘူး ”

“အင့်ဟာ ယူ ”

ငြိမ်းမောင်က စာကိုအေးကြည်မလက်ထဲထိုးပေးပြီးပြန်သွားရော အေးကြည်မတစ်ယောက်လမ်းပေါ်မတ်တပ်ရပ်ပြီး ဘာလုပ်ရမှန်းမသိ ငူတူတူကြီးကျန်နေခဲ့ရောသိလည်း သိချင်သေး၍ စာကိုဖွင့်ကြည့်လိုက်လေတော့

“ကျစ် ငြိမ်းမောင်တော့ငါ့ကို ပညာပြသွားပြီ ”

ရေးထားသည်က အင်္ဂလိပ်စာများဖြစ်သည် သူမလည်း မဖတ်တတ် မဖတ်တတ်၍ ပိုသိချင်လာသဖြင့် အိမ်ရောက်မှတူဖြစ်သူအားဖတ်ခိုင်းမည်ဟုကြံကာ အိမ်ပြန်လာခဲ့တော့သည်

“တူလေး ဒါလေးဖတ်ပြ ”

“ဘာလေးလဲ ”

တူတော်မောင်က အေးကြည်မလက်ထဲမှစာအားဆွဲယူလိုက်ပြီးဖွင့်ကြည့်လိုက်သည် ပြီးနောက်

“မုန့်ဖိုးပေးမှ ဖတ်ပြမယ် ”

“အေးပါဟယ် နှစ်ရာ ပေးမယ် ”

“မရဘူး တစ်ထောင်ပေးရမယ် ”

“ဟော ”

“မပေးလည်းရတယ်နော် မဖတ်ဘူး ”

“ပေးမှာပါဟာ ဖတ်ပြနော် ”

“ပြီးရော ”

ငတိက စာရွက်ကိုဖွင့်ကာ ကြည့်ပြီးပြုံးလိုက်သေးသည်အမှန်တော့ သူလည်းသေသေချာချာမသိ ရှစ်တန်းနှစ်ခါ ကျထားသူဖြစ်၏

“ယူအာမိုင် စကိုင်း ”

“You are my sky ”

“အဲဒါ ဘာလဲဟဲ့ ”

“နင့်ဖက်က စပြီး ကိုင်းပေးပါ ”

“ဟဲ့ ဘယ်လိုတုန်းဟ ”

အေးကြည်မ တွေး၍မရချေ ပထမဆုံးမို့ နာမလည်ခြင်းဖြစ်နိုင်သည်ဟုတွေးလိုက်၏

“ဆက်ဖတ် ”

“အိုင်အမ် သယ် ဘရိုက်ဂျက် စတား ”

“I am the brightest star ”

“ပြောပါဦးဟဲ့ ”

“မင်းကို အလင်းရောင်ဝင်တဲ့အထိ ကျယ်အောင်လုပ်ပေးမယ် ”

“အို့ ဘယ်လိုကြီးတုန်း ”

အေးကြည်မအဖြေရှာရ ပိုခက်လေပြီ ဘာတွေမှန်းမသိ

“ဆက်ဖတ်ပါဟာ ”

“အိုင်ဟုပ် ယွာ လက်ဖ်”

“I hope your love ”

“အေး အဲဒါ ဘာတုန်း ”

“ငါ မင်းရဲ့ လက်ကို ဟက်မယ်တဲ့ ”

“ဘာ ”

“အသ်ဖ်ယူ လက်ဖ်မီ ရီတန်းဘက်ခ်တူမီ ”

“If you love me,return back to me”

“အဲဒါက ဘာလဲ ”

“မင်း ငါ့လက်ကိုပြန် ဟက်ချင်ရင်တော့ငါတို့အတန်းဖက်ကိုလာခဲ့ပါတဲ့ ”

“ဖွီး မိုက်ရိုင်းတဲ့ကောင် ”

အေးကြည်မ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည် ပြီးနောက် ငြိမ်းမောင်ရှိရာ တမာတန်းဖက်သို့ထွက်လာခဲ့လေတော့သည်သူမကို ကျယ်အောင်ချဲ့မည်လည်းပြောသည်လက်ကိုလည်းကိုက်ဦးမည်သူမအားလည်းလက်ပြန်ကိုက်ခိုင်းသေးသည် တွေ့ပြီငြိမ်းမောင်တော့ တွေ့ပြီ

“ငြိမ်းမောင် ”

“ဟင် အေးကြည်မ ”

“ဖြန်း ”

“ရော့ ပြန်ယူ ”

ငြိမ်းမောင်ခမျာ စာရွက်ကလေးကိုင်ပြီးပါးလေးပွတ်ကာကျန်နေခဲ့လေတော့သည် စိတ်နာနာနဲ့စာရွက်ကလေးပြန်ကြည့်တော့ ကျောဖက်မှာစာပြန်ရေးထားတာတွေ့လိုက်ရသည်

“ခန့်ဇော် ဒုတိယနှစ်ရှစ်တန်း ရမ်းသမ်း ဘာသာပြန်ပေးလိုက်သည် “တဲ့

“ဖွီး သောက်ကလေး ဒီတစ်နှစ်လည်း စာမေးပွဲအောင်မှာမဟုတ်ဘူး ”မှတ်စမ်း အင်္ဂလိပ်လို ရည်းစားစာပေးချင်ဦး

Credit : ငြိမ်းမောင်