စစ်အာဏာရှင်ရဲ့နောက်ဆုံးနေ့ မဝေးတော့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးပြောကြား

တော်လှန်ရေးမှာ ခြေလှမ်းနှေးခြင်း မြန်ခြင်းထက် ခြေလှမ်းမမှားဖို့ ပိုမိုအရေးကြီးကြောင်း NUG ကာကွယ်ရေးဝန်ကြီးပြောကြား

နိုဝင်ဘာ (၂၃)ရက် |||နွေဦးအသံ|||

◾ စစ်အာဏာရှင်ရဲ့နောက်ဆုံးနေ့ မဝေးတော့

တော်လှန်ရေးမှာ ခြေလှမ်းနှေးခြင်း မြန်ခြင်းထက် ခြေလှမ်းမမှားရေးက ပိုမိုအရေးကြီးကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က PDF ရဲဘော်တွေကိုပြောကြားနေတဲ့ အပတ်စဉ်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

နိုဝင်ဘာ (၂၃)ရက် ဒီကနေ့မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ တော်လှန်ရေးအနှေးအမြန်ဆိုတာ မိမိရဲ့ စိတ်ဆန္ဒတစ်ခုတည်းပေါ်မှာ စီမံဆောင်ရွက်လို့ရတာမျိုး မဟုတ် ဘူး။ မဟာမိတ်တည်ဆောက်မှု၊ တပ်မတော်ဖွဲ့စည်းမှု၊ လက်နက်တပ်ဆင်မှုဆိုတာတွေက စိတ်ရှိတိုင်းမမြန် နိုင်ဘူး။ မိမိအင်အား၊ ရန်သူ့အင်အား၊ ပြည်တွင်းအခြေအနေ၊ နိုင်ငံတကာအခြေအနေ၊ ကိုယ့်ပြည်သူလူထုအ ခြေအနေဘက်ပေါင်းစုံကို စဉ်းစားချင့်ချိန်ကြရမယ် လို့ပြောကြားပါတယ်။

ဒါ့အပြင် ကိုယ့်အင်အား၊ ကိုယ့်အရင်းအမြစ်ကို စုစည်းပြီး အကောင်းဆုံးနဲ့အထိရောက်ဆုံး တော်လှန်စစ်ကို ဆင်နွှဲကြဖို့ လိုအပ်ကြောင်း ခြေလှမ်းနှေးတာ၊ မြန်တာထက် ခြေလှမ်းမမှားဖို့က ပိုအရေးကြီးတယ်။

တည်တည်ငြိမ်ငြိမ်၊ ခေါင်းအေးအေးထားပြီး ခြေလှမ်းမှန်မှန်လှမ်းနိုင် ရင် ပန်းတိုင်ဟာ တစ်နေ့ထက်တစ်နေ့ နီးလာမယ်။ တော်လှန်ရေး လမ်းမလွဲဖို့၊ တော်လှန်ရေး လမ်းမချော်ဖို့ ဆိုရင် ကိုယ့်အချင်းချင်းစိတ်ဝမ်းမကွဲရေး၊ နားလည်မှု ရှိရေးဟာ အင်မတန်အရေးကြီးတယ်” လို့ ပြည်ထောင် စုဝန်ကြီးကပြောကြားခဲ့ပါတယ်။

“ အခုဆို အညာကလူထုသပိတ်တိုက်ပွဲဟာ မုံရွာလို မြို့ကြီးတွေရဲ့ လမ်းမတွေပေါ်ရောက်ရှိလာခဲ့ပြီဖြစ်တယ်။ ဒီအချက်က ပြည်သူ့တော်လှန်ရေးရဲ့ နယ်မြေစိုးမိုးထိန်းချုပ်နိုင်စွမ်း ဘယ်လောက်ရှိနေပြီဆိုတာဖော်ပြတယ်။ ငါတို့ရဲဘော်တွေဘယ်လောက်စွမ်းခဲ့ကြတယ်၊ ရှေ့မှာ ဆက်ပြီး ဘာတွေ အစွမ်းပြကြလိမ့်ဦးမယ် ဆိုတာ ရန် သူကောင်းကောင်းအကဲခတ်နိုင်တယ်။ စစ်အာဏာရှင်ရဲ့နောက်ဆုံးနေ့ မဝေးတော့ဘူး ဆိုတာလည်း သူတို့ နားလည်သဘောပေါက်နေပြီလို့ ပြောချင်တယ်” လို့ ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့ပါတယ်။

©NwayOo

Photo -NUG|ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် နှင့် PDF ရဲဘော်များ။

Zawgyi(version)

◾ ေတာ္လွန္ေရးမွာ ေျခလွမ္းေႏွးျခင္း ျမန္ျခင္းထက္ ေျခလွမ္းမမွားဖို႔ ပိုမိုအေရးႀကီးေၾကာင္း NUG ကာကြယ္ေရးဝန္ႀကီးေျပာၾကား

နိုဝင္ဘာ (၂၃)ရက္ |||ေႏြဦးအသံ|||

◾ စစ္အာဏာရွင္ရဲ့ေနာက္ဆုံးေန႔ မေဝးေတာ့

ေတာ္လွန္ေရးမွာ ေျခလွမ္းေႏွးျခင္း ျမန္ျခင္းထက္ ေျခလွမ္းမမွားေရးက ပိုမိုအေရးႀကီးေၾကာင္း NUG အစိုးရ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးရည္မြန္က PDF ရဲေဘာ္ေတြကိုေျပာၾကားေနတဲ့ အပတ္စဥ္မိန္႔ခြန္းမွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

နိုဝင္ဘာ (၂၃)ရက္ ဒီကေန႔မွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ ေတာ္လွန္ေရးအေႏွးအျမန္ဆိုတာ မိမိရဲ့ စိတ္ဆႏၵတစ္ခုတည္းေပၚမွာ စီမံေဆာင္ရြက္လို႔ရတာမ်ိဳး မဟုတ္ ဘူး။ မဟာမိတ္တည္ေဆာက္မႈ၊ တပ္မေတာ္ဖြဲ႕စည္းမႈ၊ လက္နက္တပ္ဆင္မႈဆိုတာေတြက စိတ္ရွိတိုင္းမျမန္ နိုင္ဘူး။ မိမိအင္အား၊ ရန္သူ႔အင္အား၊ ျပည္တြင္းအေျခအေန၊ နိုင္ငံတကာအေျခအေန၊ ကိုယ့္ျပည္သူလူထုအ ေျခအေနဘက္ေပါင္းစုံကို စဥ္းစားခ်င့္ခ်ိန္ၾကရမယ္ လို႔ေျပာၾကားပါတယ္။

ဒါ့အျပင္ ကိုယ့္အင္အား၊ ကိုယ့္အရင္းအျမစ္ကို စုစည္းၿပီး အေကာင္းဆုံးနဲ႔အထိေရာက္ဆုံး ေတာ္လွန္စစ္ကို ဆင္ႏႊဲၾကဖို႔ လိုအပ္ေၾကာင္း ေျခလွမ္းေႏွးတာ၊ ျမန္တာထက္ ေျခလွမ္းမမွားဖို႔က ပိုအေရးႀကီးတယ္။

တည္တည္ၿငိမ္ၿငိမ္၊ ေခါင္းေအးေအးထားၿပီး ေျခလွမ္းမွန္မွန္လွမ္းနိုင္ ရင္ ပန္းတိုင္ဟာ တစ္ေန႔ထက္တစ္ေန႔ နီးလာမယ္။ ေတာ္လွန္ေရး လမ္းမလြဲဖို႔၊ ေတာ္လွန္ေရး လမ္းမေခ်ာ္ဖို႔ ဆိုရင္ ကိုယ့္အခ်င္းခ်င္းစိတ္ဝမ္းမကြဲေရး၊ နားလည္မႈ ရွိေရးဟာ အင္မတန္အေရးႀကီးတယ္” လို႔ ျပည္ေထာင္ စုဝန္ႀကီးကေျပာၾကားခဲ့ပါတယ္။

“ အခုဆို အညာကလူထုသပိတ္တိုက္ပြဲဟာ မုံရြာလို ၿမိဳ႕ႀကီးေတြရဲ့ လမ္းမေတြေပၚေရာက္ရွိလာခဲ့ၿပီျဖစ္တယ္။ ဒီအခ်က္က ျပည္သူ႔ေတာ္လွန္ေရးရဲ့ နယ္ေျမစိုးမိုးထိန္းခ်ဳပ္နိုင္စြမ္း ဘယ္ေလာက္ရွိေနၿပီဆိုတာေဖာ္ျပတယ္။ ငါတို႔ရဲေဘာ္ေတြဘယ္ေလာက္စြမ္းခဲ့ၾကတယ္၊ ေရွ႕မွာ ဆက္ၿပီး ဘာေတြ အစြမ္းျပၾကလိမ့္ဦးမယ္ ဆိုတာ ရန္ သူေကာင္းေကာင္းအကဲခတ္နိုင္တယ္။ စစ္အာဏာရွင္ရဲ့ေနာက္ဆုံးေန႔ မေဝးေတာ့ဘူး ဆိုတာလည္း သူတို႔ နားလည္သေဘာေပါက္ေနၿပီလို႔ ေျပာခ်င္တယ္” လို႔ ျပည္ေထာင္စုဝန္ႀကီးကေျပာၾကားခဲ့ပါတယ္။

©NwayOo

Photo -NUG|ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးရည္မြန္ ႏွင့္ PDF ရဲေဘာ္မ်ား။