အမလေး… ဒီနှစ်အကယ်ဒမီက ရှင့်အတွက် မှ ရှင့်အတွက် ရင်ထဲ ထိလိုက်တာ😁
အမလေး… ဒီနှစ်အကယ်ဒမီက ရှင့်အတွက် မှ ရှင့်အတွက် ရင်ထဲ ထိလိုက်တာ😁
မင်းသမီးရဲ့ အငိုမျက်လုံး အပြုံးမျက်နှာ Live လေးကို ကြည့်ပြီး ကိုယ့်အမှားတွေ ကိုယ်ပြန်မြင်လာမိတယ်။
သူပြောသွားတာ လူတွေက အရမ်းမွန်းကြပ်နေကြလို့ သူ့ဆီလာပုံချတာပေါ့။ အဲ့အတွက် မိနစ်နှစ်ဆယ်လောက် တရားဟောလိုက်တယ်။
နောက်ဆုံးနားမှာ ပြောသွားတာလေးက ရင်ထဲထိတယ်။ အထာလေးနဲ့ ပြောတာ။
ဒီနိုင်ငံရေးမှာ သူလည်း ပြည်သူတွေနဲ့ တသားတည်း ရင်ထဲမှာ ရှိပါတယ်။ ဆန့်ကျင်ချင်ပါတယ်။ မိဘအတွက် သူအဖမ်းခံလို့ မဖြစ်လို့ အခုလို နေရတာပါပေါ့။
အဲ့မှာ ရင်ထဲထိတာပဲ။ ကိုယ်ပြေးနေတုန်းက မိဘတွေနဲ့ ဖုန်းခဏခဏ ပြောမရဘူးလေ။ ရတဲ့အချိန်လေးမှာ အခုချက်ချင်း နေရာရွှေ့နော်၊ အခုချက်ချင်း နယ်စပ်ထွက်နော်။
အကုန်စီစဉ်ပေးမယ်။ မတော်တဆ မိသွားလို့က လာလည်း အဖမ်းမခံဘူး။ နည်းနည်းမှလည်း မလျှော့နိုင်ဘူး။ နည်းနည်းမှလည်း မရပ်နိုင်ဘူး။ လွတ်အောင် ရှောင်ကြ။ ဒါပဲ။ ဂွပ်။
ဪ… ငါ့လောက်ဆိုးသွမ်းမိုက်မဲခဲ့တာ မရှိပါလား။ ကြည့်စမ်း… သမီးမိုက်
မိဘတွေအတွက်ဆိုပြီး စကစဆီ လော်ဘီလုပ်ပေးပါမယ်ဆိုပြီး ခံဝန်လေးနဲ့ မနေလိုက်မိလေခြင်း။
၅၀၅ နဲ့ အဖမ်းခံရ၊ ပြေးနေရတဲ့ မင်းသားမင်းသမီး အနုပညာရှင်တွေကလည်း မိဘကို မသိတတ်တဲ့ဟာတွေ။
အမလေး… ဒီနှစ်အကယ်ဒမီက ရှင့်အတွက် မှရှင့်အတွက်။
ရင်ထဲ ထိလိုက်တာ။ 😁
ရင်ထဲ ထိလိုက်တာ။ 😁
Be the first to comment
Leave a Reply
Your email address will not be published.
*