အခိုးခံရတဲ့ I phone ကို နည်းပညာသုံးပြီး အိမ်အထိပြန်လိုက်ယူနိုင်ခဲ့တဲ့ နည်းလမ်းကို မျှဝေပေးခဲ့တဲ့ မိန်းမချောလေး

အခိုးခံရတဲ့ I phone ကို နည်းပညာသုံးပြီး အိမ်အထိပြန်လိုက်ယူနိုင်ခဲ့တဲ့ နည်းလမ်းကို မျှဝေပေးခဲ့တဲ့ မိန်းမချောလေး

ဖုန်းအခိုးခံရတာကို ဘယ်လိုပြန်ရခဲ့တာလဲလာမေးနေကြလို့

ကြုံခဲ့ရတာလေးကို စေတနာနဲ့ပြန်လည်မျှဝေပေးတာပါရှင့်

Find My IPhone ကနေရှာပြီးပြန်ရခဲ့တာပါ

ကံကောင်းချင်တော့ ဖုန်းက IOS နောက်ဆုံး Version တင်ထားပါတယ်ရှင့် ( Update ထွက်တာနဲ့ ချက်ချင်းတင်တတ်တဲ့ အကျင့်လေးရှိတာလည်းမှန်သွားပါတယ် )

IOS နောက်ဆုံးဗားရှင်းတင်ထားတော့ ဟိုဘက်ကပါဝါပိတ်ထားတာတောင် ဖုန်းရဲ့တည်နေရာကိုဆက်တိုက်ပြပေးနေတာပါရှင့်

ပျောက်ခါစကတော့ ပူထူပြီးiCloud ယော password ယောဘာတစ်ခုမှကိုမမှတ်မိ ( ငိုဖို့ပဲသိတာ )

​သွေးအေးအေးနဲ့ ည ၁၀ နာရီလောက် ရောက်မှ အိမ်ကဖုန်းထဲ ကိုယ် ICloud ထည့်ထားတာကိုသတိရပြီး Find My phone ထဲကနေဝင်ရှာတော့မှ Location တန်းပေါ်လာတာ Location ကည ၁၀ နာရီလောက်မှသိရတာဆိုတော့ ဒီကာလကြီးအပြင်လည်းထွက်မရ ဘာမှလည်းလုပ်မရ တစ်ညလုံးလည်း အိမ်မရတော့ ဖုန်းတည်နေရာပဲထိုင်ကြည့်နေရတယ် ( နေရာရွေ့မှာစိုးလို့ )

မနက်ခင်းလင်းတာနဲ့ အစောကြီးထပြီး အဲ့ပတ်ဝန်းကျင်ကို လေးခါးခေါက်ပတ် တည်နေရာသေချာအောင် အရင်ရှာ တည်နေရာသေချာတော့မှ ရပ်ကွက်သက်ဆိုင်ရာလူကြီးနဲ့ နယ်ထိန်းတစ်ယောက်နဲ့ခေါ်ပြီး အဲ့အိမ်ထဲဝင်ရတယ် တစ်ဆင့်ပြန်ဝယ်ထားတဲ့အိမ်ဖြစ်နေတော့ တော်တော်လေးကို အာပေါက်အောင်ပြောယူပြီး နောက်ဆုံးတော့လည်းပြန်ရခဲ့ပါတယ်

ကံကောင်းသွားတာ တစ်ခုက Lost Mood မချလိုက်တာပါရှင့် ဖုန်းပျောက်ပျောက်ချင်း ပူထူပြီးနီးစပ်ရာ ဖုန်းဆိုင်ပြေးတော့ ဖုန်းဆိုင်က Lost Mood မချဖို့ အတန်တန်မှာလိုက်တာ သူစကားနားထောင်လိုက်တာမှန်သွားတာ

Lost Mood ချလိုက်ရင် ပြန်ရဖို့ % နည်းသွားပြီး ဟိုဘက်ကလည်း Password ဖြေလို့ရသွားမှာလို့ပြောပါတယ် ( ဖုန်းဆိုင်ကပြောပြလို့ Lost Mode မလုပ်လိုက်မိတာပါရှင့် ဘာကြောင့်မလုပ်ရလဲတော့ ကိုယ်တိုင်လည်းသေချာနားမလည်ပါဘူးရှင့် ဖုန်းရောင်းတဲ့အသိအကိုကလည်း မရတဲ့အဆုံးမှ Lost Mode on ဖို့ပြောလို့ပါ )

ဖုန်းပျောက်ခဲ့ရင် အခိုးခံရရင်တောင်ပြန်ရှာလို့ရအောင်iOS နောက်ဆုံး Version လေးတင်ထားကြနော်

Crd

================

အခိုးခံရတဲ့ I phone ကို နည္းပညာသုံးၿပီး အိမ္အထိျပန္လိုက္ယူႏိုင္ခဲ့တဲ့ နည္းလမ္းကို မွ်ေဝေပးခဲ့တဲ့ မိန္းမေခ်ာေလး

ဖုန္းအခိုးခံရတာကို ဘယ္လိုျပန္ရခဲ့တာလဲလာေမးေနၾကလို႔

ႀကဳံခဲ့ရတာေလးကို ေစတနာနဲ႔ျပန္လည္မွ်ေဝေပးတာပါရွင့္

Find My IPhone ကေနရွာၿပီးျပန္ရခဲ့တာပါ

ကံေကာင္းခ်င္ေတာ့ ဖုန္းက IOS ေနာက္ဆုံး Version တင္ထားပါတယ္ရွင့္ ( Update ထြက္တာနဲ႔ ခ်က္ခ်င္းတင္တတ္တဲ့ အက်င့္ေလးရွိတာလည္းမွန္သြားပါတယ္ )

IOS ေနာက္ဆုံးဗားရွင္းတင္ထားေတာ့ ဟိုဘက္ကပါဝါပိတ္ထားတာေတာင္ ဖုန္းရဲ႕တည္ေနရာကိုဆက္တိုက္ျပေပးေနတာပါရွင့္

ေပ်ာက္ခါစကေတာ့ ပူထူၿပီးiCloud ေယာ password ေယာဘာတစ္ခုမွကိုမမွတ္မိ ( ငိုဖို႔ပဲသိတာ )

​ေသြးေအးေအးနဲ႔ ည ၁၀ နာရီေလာက္ ေရာက္မွ အိမ္ကဖုန္းထဲ ကိုယ္ ICloud ထည့္ထားတာကိုသတိရၿပီး Find My phone ထဲကေနဝင္ရွာေတာ့မွ Location တန္းေပၚလာတာ Location ကည ၁၀ နာရီေလာက္မွသိရတာဆိုေတာ့ ဒီကာလႀကီးအျပင္လည္းထြက္မရ ဘာမွလည္းလုပ္မရ တစ္ညလုံးလည္း အိမ္မရေတာ့ ဖုန္းတည္ေနရာပဲထိုင္ၾကည့္ေနရတယ္ ( ေနရာေ႐ြ႕မွာစိုးလို႔ )

မနက္ခင္းလင္းတာနဲ႔ အေစာႀကီးထၿပီး အဲ့ပတ္ဝန္းက်င္ကို ေလးခါးေခါက္ပတ္ တည္ေနရာေသခ်ာေအာင္ အရင္ရွာ တည္ေနရာေသခ်ာေတာ့မွ ရပ္ကြက္သက္ဆိုင္ရာလူႀကီးနဲ႔ နယ္ထိန္းတစ္ေယာက္နဲ႔ေခၚၿပီး အဲ့အိမ္ထဲဝင္ရတယ္ တစ္ဆင့္ျပန္ဝယ္ထားတဲ့အိမ္ျဖစ္ေနေတာ့ ေတာ္ေတာ္ေလးကို အာေပါက္ေအာင္ေျပာယူၿပီး ေနာက္ဆုံးေတာ့လည္းျပန္ရခဲ့ပါတယ္

ကံေကာင္းသြားတာ တစ္ခုက Lost Mood မခ်လိုက္တာပါရွင့္ ဖုန္းေပ်ာက္ေပ်ာက္ခ်င္း ပူထူၿပီးနီးစပ္ရာ ဖုန္းဆိုင္ေျပးေတာ့ ဖုန္းဆိုင္က Lost Mood မခ်ဖို႔ အတန္တန္မွာလိုက္တာ သူစကားနားေထာင္လိုက္တာမွန္သြားတာ

Lost Mood ခ်လိုက္ရင္ ျပန္ရဖို႔ % နည္းသြားၿပီး ဟိုဘက္ကလည္း Password ေျဖလို႔ရသြားမွာလို႔ေျပာပါတယ္ ( ဖုန္းဆိုင္ကေျပာျပလို႔ Lost Mode မလုပ္လိုက္မိတာပါရွင့္ ဘာေၾကာင့္မလုပ္ရလဲေတာ့ ကိုယ္တိုင္လည္းေသခ်ာနားမလည္ပါဘူးရွင့္ ဖုန္းေရာင္းတဲ့အသိအကိုကလည္း မရတဲ့အဆုံးမွ Lost Mode on ဖို႔ေျပာလို႔ပါ )

ဖုန္းေပ်ာက္ခဲ့ရင္ အခိုးခံရရင္ေတာင္ျပန္ရွာလို႔ရေအာင္iOS ေနာက္ဆုံး Version ေလးတင္ထားၾကေနာ္

Crd

Be the first to comment

Leave a Reply

Your email address will not be published.


*