
ဘီယာအမူးလြန္၍ MPT တာဝါတိုင္ေပၚ တက္သြားသူရဲ႕ အျဖစ္
မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕၌ ဘီယာအမူးလြန္၍ MPT တာဝါတိုင္ေပၚ ေရာက္ရွိသြားသူအား ေျမျပင္သို႔ ျပန္ေရာက္ရန္ ဝိုင္းဝန္း ကူညီေပးခဲ့ရေၾကာင္း ေဒသခံ ပရဟိတအဖြဲ႕တစ္ခု၏ ေျပာၾကားခ်က္အရ သိရသည္
ႏိုဝင္ဘာလ ၂၃ရက္ ည ၈ နာရီေက်ာ္အခ်ိန္က သံျဖဴဇရပ္ၿမိဳ႕နယ္၊ ေဖာင္စိန္ရပ္ကြက္၌ တစ္ဦးတည္းဘီယာေသာက္ေနေသာ အမ်ိဳးသားတစ္ဦးမွာ ဘီယာအမူးလြန္သြားကာ အနီးရွိ MPT တာဝါတိုင္ေပၚသို႔ တက္ေရာက္သြားခဲ့ေၾကာင္း သိရသည္
ထို႔ေနာက္ တာဝါတိုင္ အလည္ေလာက္သို႔ ေရာက္ရွိသြားစဥ္ ေျမျပင္သို႔ ျပန္မဆင္းႏိုင္ဘဲ ညႇပ္မိေနရာ ထိုေနရာအနီး ေတြ႕ရွိသူမ်ားက ကယ္ဆယ္ေရး အဖြဲ႕မ်ားအား အကူအညီ ေတာင္းခဲ့ရေၾကာင္း သိရသည္
“တစ္ေယာက္ထဲေသာက္ရင္း ဘီယာမူးသြားၿပီး တာဝါတိုင္ေပၚတက္သြားတာ။ အလည္ေလာက္ အေရာက္မွာ ညႇပ္ေနၿပီး ေအာက္ကိုလည္း ျပန္မဆင္းႏိုင္ေတာ့တာ။ ကြၽန္ေတာ္တို႔အဖြဲ႕ေတြ ေပါင္းၿပီး ေျမ ျပင္ေရာက္ေအာင္ ကူညီေပးခဲ့ပါတယ္”ဟု ေစ တနာရွင္ လူမႈကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူ တစ္ဦးက ေျပာသည္
MPT တာဝါတိုင္ေပၚေရာက္ရွိသြားသူ အမ်ိဳးသားမွာ အသက္ ၂၀ ဝန္းက်င္ခန႔္ရွိၿပီး ၎အား ႀကိဳးျဖင့္ ေျမျမင္သို႔ ေရာက္ေအာင္ ကူညီေပးခဲ့ရေၾကာင္း သိရသည္။ ထို႔ေနာက္ ဆက္လက္လည္း မူးေနေသာေၾကာင့္ ေဆး႐ုံသို႔ ေဆးကုသမႈ ခံယူရန္ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္
🖋️ေမ—ဓာတ္ပုံ- ေစတနာရွင္လူမႈကယ္ဆယ္ေရးအသင္း
ဘီယာအမူးလွန်၍ MPT တာဝါတိုင်ပေါ် တက်သွားသူရဲ့ အဖြစ်
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၌ ဘီယာအမူးလွန်၍ MPT တာဝါတိုင်ပေါ် ရောက်ရှိသွားသူအား မြေပြင်သို့ ပြန်ရောက်ရန် ဝိုင်းဝန်း ကူညီပေးခဲ့ရကြောင်း ဒေသခံ ပရဟိတအဖွဲ့တစ်ခု၏ ပြောကြားချက်အရ သိရသည်
နိုဝင်ဘာလ ၂၃ရက် ည ၈ နာရီကျော်အချိန်က သံဖြူဇရပ်မြို့နယ်၊ ဖောင်စိန်ရပ်ကွက်၌ တစ်ဦးတည်းဘီယာသောက်နေသော အမျိုးသားတစ်ဦးမှာ ဘီယာအမူးလွန်သွားကာ အနီးရှိ MPT တာဝါတိုင်ပေါ်သို့ တက်ရောက်သွားခဲ့ကြောင်း သိရသည်
ထို့နောက် တာဝါတိုင် အလည်လောက်သို့ ရောက်ရှိသွားစဉ် မြေပြင်သို့ ပြန်မဆင်းနိုင်ဘဲ ညှပ်မိနေရာ ထိုနေရာအနီး တွေ့ရှိသူများက ကယ်ဆယ်ရေး အဖွဲ့များအား အကူအညီ တောင်းခဲ့ရကြောင်း သိရသည်
“တစ်ယောက်ထဲသောက်ရင်း ဘီယာမူးသွားပြီး တာဝါတိုင်ပေါ်တက်သွားတာ။ အလည်လောက် အရောက်မှာ ညှပ်နေပြီး အောက်ကိုလည်း ပြန်မဆင်းနိုင်တော့တာ။ ကျွန်တော်တို့အဖွဲ့တွေ ပေါင်းပြီး မြေ ပြင်ရောက်အောင် ကူညီပေးခဲ့ပါတယ်”ဟု စေ တနာရှင် လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်
MPT တာဝါတိုင်ပေါ်ရောက်ရှိသွားသူ အမျိုးသားမှာ အသက် ၂၀ ဝန်းကျင်ခန့်ရှိပြီး ၎င်းအား ကြိုးဖြင့် မြေမြင်သို့ ရောက်အောင် ကူညီပေးခဲ့ရကြောင်း သိရသည်။ ထို့နောက် ဆက်လက်လည်း မူးနေသောကြောင့် ဆေးရုံသို့ ဆေးကုသမှု ခံယူရန် ပို့ဆောင်ခဲ့ကြောင်း သိရသည်
🖋️မေ—ဓာတ်ပုံ- စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်း
Leave a Reply