
လမ်း စ ရိတ် မ တတ်နိုင် ၍ မွေးရပ် မြေ သို့ 16 ရက်ကြာ လမ်းလျှောက် ပြန်ရ သော အ မျိုးသ ား
Unicode
အောက်တွင် Zawgyi နှင့် ဖတ်ရှု့နိုင်ပါသည်
လမ်းစရိတ်မတတ်နိုင်၍ မွေးရပ်မြေသို့ ၁၆ရက်ကြာ လမ်းလျှောက်ပြန်ခဲ့သော သနားစရာ အမျိုးသား
ကမ္ဘာတစ်ဝှမ်းရှိ လူသားအားလုံးသည် ကပ်ရောဂါကြောင့် စားဝတ်နေရေး အခက်အခဲများကြုံတွေ့ရကာ ဒုက္ခရောက်ကြရသည်။
ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံ Dak Nong ပြည်နယ်တွင် နေထိုင်သော Tran Van Khanh အမည်ရှိသော အသက် ၃၄နှစ်အရွယ် အမျိုးသားတစ်ဦးသည် မိသားစုစားဝတ်နေရေးအတွက် အိမ်ကနေ စွန့်ခွာပြီး Dak Lakမြို့ရှိ ဉယျာဉ်တစ်ခုတွင် သန့်ရှင်းရေးသမားလုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
အမျိုးသားသည် အလုပ်လုပ်နေရင်း မတော်တဆ ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ၂လလောက် အလုပ်နားခဲ့ရကာ ဝင်ငွေပြတ်သွားခဲ့ရသည်။
ထို့ကြောင့် အမျိုးသားလည်း အိမ်ပြန်ရန် ဆုံးဖြတ်ခဲ့ရာ ကားငှားဖို့ရာငွေကြေး မတတ်နိုင်ခဲ့၍ ၂၂၂ကီလိုမီတာ ကွာဝေးသော ခရီးကို တွေ့ရာအိပ် ကြုံရာစားဘဝနှင့် လမ်းလျှောက်ပြီး ပြန်ခဲ့ရာ ၁၆ရက်အကြာတွင် ၁၈၀ကီလိုမီတာသို့ ရောက်ရှိခဲ့သည်။
အမျိုးသားသည် ကံကောင်းချင်၍ ပရဟိတအဖွဲ့နှင့် တွေ့ရှိခဲ့ပြီး ဗီယက်နမ်ငွေ ၇သန်းအား လှူဒါန်းခဲ့၍ ဝမ်းသာလွန်းလို့ မျက်ရည်များပင် ကျခဲ့ရပြီး ကျေးဇူးတင်စကားများ ဆိုခဲ့သည်။
Credit Myat
Zawgyi
လမ္းစရိတ္မတတ္ႏိုင္၍ ေမြးရပ္ေျမသို႔ ၁၆ရက္ၾကာ လမ္းေလွ်ာက္ျပန္ခဲ့ေသာ သနားစရာ အမ်ိဳးသား
ကမာၻတစ္ဝွမ္းရွိ လူသားအားလုံးသည္ ကပ္ေရာဂါေၾကာင့္ စားဝတ္ေနေရး အခက္အခဲမ်ားႀကဳံေတြ႕ရကာ ဒုကၡေရာက္ၾကရသည္။
ယခုအခါတြင္လည္း ဗီယက္နမ္ႏိုင္ငံ Dak Nong ျပည္နယ္တြင္ ေနထိုင္ေသာ Tran Van Khanh အမည္ရွိေသာ အသက္ ၃၄ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ မိသားစုစားဝတ္ေနေရးအတြက္ အိမ္ကေန စြန႔္ခြာၿပီး Dak Lakၿမိဳ႕ရွိ ဉယ်ာဥ္တစ္ခုတြင္ သန႔္ရွင္းေရးသမားလုပ္သားအျဖစ္ ဝင္ေရာက္လုပ္ကိုင္ခဲ့သည္။
အမ်ိဳးသားသည္ အလုပ္လုပ္ေနရင္း မေတာ္တဆ ထိခိုက္ဒဏ္ရာရရွိခဲ့ရာ ၂လေလာက္ အလုပ္နားခဲ့ရကာ ဝင္ေငြျပတ္သြားခဲ့ရသည္။
ထို႔ေၾကာင့္ အမ်ိဳးသားလည္း အိမ္ျပန္ရန္ ဆုံးျဖတ္ခဲ့ရာ ကားငွားဖို႔ရာေငြေၾကး မတတ္ႏိုင္ခဲ့၍ ၂၂၂ကီလိုမီတာ ကြာေဝးေသာ ခရီးကို ေတြ႕ရာအိပ္ ႀကဳံရာစားဘဝႏွင့္ လမ္းေလွ်ာက္ၿပီး ျပန္ခဲ့ရာ ၁၆ရက္အၾကာတြင္ ၁၈၀ကီလိုမီတာသို႔ ေရာက္ရွိခဲ့သည္။
အမ်ိဳးသားသည္ ကံေကာင္းခ်င္၍ ပရဟိတအဖြဲ႕ႏွင့္ ေတြ႕ရွိခဲ့ၿပီး ဗီယက္နမ္ေငြ ၇သန္းအား လႉဒါန္းခဲ့၍ ဝမ္းသာလြန္းလို႔ မ်က္ရည္မ်ားပင္ က်ခဲ့ရၿပီး ေက်းဇူးတင္စကားမ်ား ဆိုခဲ့သည္။
Credit Myat
Leave a Reply