အဖိုးပြောတဲ့မြေးလေး အိမ်ထောင်ပြုရင် ကနခိုလေးဝယ်ထားကွယ်တဲ့

အဖိုးပြောတဲ့မြေးလေး အိမ်ထောင်ပြုရင် ကနခိုလေးဝယ်ထားကွယ်တဲ့

အဘိုးပြောဖူးသည်။ မြေးလေး အိမ်ထောင်ပြုရင် ကနခိုလေးဝယ်ထားရတယ်။ အရေးအကြောင်းရှိရင် တန်ဖိုးကြီးတယ်ဆိုခဲ့သည်။

အမှန်ပင်ကလေးငယ်၏ ကြက် ညှာ ချောင်းဆိုး ရောဂါကိုကနခို ီနှင့်ချင်းစိမ်း ရေရော ၍ သွေးကာ အနည်းငယ်ရင်ဘတ်တွင် လူးလူးပေးရာ ကြက်ညှာရက်(၁၀၀) မကြာဘဲအမှန်ပျောက် ကင်းခဲ့ သည်။

နောက်တစ်ဖန် လက်တွေ့ကြုံသည်က ကင်မြီးကောက်အထိုးခံရသူအား ကနခိုစေ့သွေးလိမ်း ပေးခဲ့ရာ ချက်ချင်းဒဏ်ရာသက်သာ ပျောက်ကင်းခဲ့ သည်။

ကနခိုကို စိတ်ဝင်စား၍ ဖတ်မှတ်ကြည့်ရာ ဆေးကျမ်းတို့တွင် ကျယ်ကျယ်ပြန့်ပြန့် ဖေါ်ပြထားခြင်း ရှိသည်။

ရွှေမြန်မာတို့ ကနခိုဟုဆိုလျှင် ပြင်းထန်သော ဓာတ်သွားစေသည့် အစေ့(သို့) အဆံအဖြစ်သိကြသည်။

ကနခို၏ ရုက္ခဗေဒအမည်မှာ Croton tiglium Linn ဖြစ်သည်။ မျိုးရင်းမှာကြက်ဆူ မျိုးရင်းဖြစ်သည်။

အမြဲစိမ်းပင်လတ်မျိုးဖြစ်သည်။အမြင့်ပေ(၁၅)ပေမှ(၂၀)ထိရှိသည်။ ပင်စည်ခေါက်မှာညိုပြာပြာဖြစ်သည်။

ရွက်နားတွင်ခွေးသွားစိတ်ရှိပြီးဘဲဥပုံသဏ္ဍာန်အဖျားချွန်သည်။ ရွက်ညှာရှည်ကာ လိမ္မော်ရောင်မှအစိမ်း ရောင်ထိရှိသည်။ အပွင့်သေး ငယ်ပြီးဖိုပွင့် /မပွင့်ရှိသည်။

ဖိုပွင့် သည်အမွေးမဲ့၍ဖြူသည်၊မပွင့်မှာ အမွေးရှိသည်။ နယုန်၊ဝါဆိုလတို့တွင် ပွင့်သည်။ အသီးသည် ထောင့် (၃)ထောင့်ပါသောအက်ကွဲသီးဖြစ်သည်။

အစေ့အဆံချောမွတ်ပြီး တပို့တွဲ၊ကဆုန်လတို့တွင်သီးသည်။ အမြင့်ပေ(၂၀၀၀) အထိရှိ၍ ပူအိုက်စွတ်စို သော မြန်မာပြည် ဒေသများတွင် စိုက်ပျိုးနိုင်သည်။

ကနခိုမူလပေါက်ရောက်ရာဒေသမှာ ပသျှူးကျွန်းစုဖြစ်သည်။မြန်မာပြည်အနှံ့အပြား တောရွာခြံစည်းရိုးများ တွင်စိုက်ပျိုးထားကြသည်။

အစေ့မှာလက်မဝက်ခန့်ရှည်ကာ မြေပဲစေ့နှင့်အလွန်တူ သည်။ပြင်းပြင်းထန်ထန်ဓါတ်သွားစေတတ်သော သဘောရှိ သဖြင့်ဝမ်းနုတ်ဆေးဖေါ်စပ်ရာတွင် ထည့်သွင်းအသုံးပြုကြသည်။

အရှင်နာဂသိန်ကျမ်းမှထုတ်နုတ်ချက်

ရှေးယခင်က မြန်မာပြည်တွင်မရှိဘဲ နိုင်ငံခြားမှလာသော ဆေးပစ္စည်းဖြစ်၍ သင်္ဘော ကနခိုဟု လည်းခေါ်ကြ သည်။

ဓာတ်ကို အလွန်သွားစေသော ပြင်းထန်သော တန်ခိုး ရှိခြင်းကြောင့် ဝေဿဝရော လည်းခေါ်သည်။

ကနခိုစေ့အရသာသည် ခါး၍ပူ သော သတ္တိရှိသည်။ အစေ့သည်ဆေးဖက်အလွန်ဝင်သည်။ယင်းကနခိုစေ့ကို ဇယပါလ = ကနခိုစေ့ ဟုလည်းခေါ်သည်။

ကနခိုသည် ဆေးဖက်အလွန်ဝင်သောကြောင့် တစ် ကမ္ဘာ လုံးလိုပင် သုံးကြသည်။ ကနခိုသည် လွန်စွာပြင်း ထန်သောအဆိပ်ဖြစ်၍ အခိုးအကင်းသတ်ပြီးမှ သာသုံးရ သည်။

အခိုးအကင်းသတ်ပုံ

ကနခိုစေ့ကို ဓားဖြင့်ခွဲရသည် အလယ်တွင် လျှာနှင့်တူသောအရာလေးကို ထုတ်ပစ်ရ သည်။ ထိုနောက် ကနခိုစေ့ကို အဝတ်ဖြင့်ထုတ်၍ နွားနို့ထဲ ထည့်ကာ(၃)နာရီပြုတ်ရ သည်။

ထိုသို့ပြုလုပ်ခြင်းကို ဒေါလာယန္တရား(ဓာတ်သမုဒ္ဒရာ)ကျမ်းတွင် ဖေါ်ပြထား သည်။

နောက်တစ်နည်းမှာ ကနခိုစေ့အားခွဲ၍လျှာထုတ်ပြီးသော ကနခိုစေ့ထက် ၈ပုံ၁ပုံရှိသော ကျောက်ချဉ်ဖြင့်အဝတ်ထုပ်၍ နွားနို့တွင်(၆)နာရီပြုတ်ရခြင်းဖြစ်သည်။

စနစ်တကျ ကနခိုစေ့အား စင်ကြယ်အောင်ပြုလုပ်ခြင်းဖြစ်သည်။

ဂုဏ်နှင့်စွမ်းရည်

ရေဝမ်းပိုက်ရောဂါကြောင့် စုဝေးနေသောရေကို ထုတ်ရန် ကနခိုစေ့ကို တိုက်ကျွေးရ သည်။

အဖျားသစ်သမား များအား ကနခိုတိုက်ပေးခြင်းဖြင့် ဝမ်းသက်အဖျား ဆိပ်များ ထွက်ကာ အဖျားရောဂါကိုလျော့နည်းသွားသည်။

အနူရောဂါတွင် သည်းခြေကြောင့် ဖြစ်သော သွေးဖေါက်ပြန်ခြင်းကို ကနခိုစေ့ကဖျက်ဆီးနိုင်သည်။ လေသလိပ် ဖေါက် ပြန် ခြင်းကိုပျောက်ကင်း၏။

ကနခိုကို အတိုင်းထက်အလွန်မသောက်သုံးရ ပျို့အန် တတ်သည်။

ကင်းမြီးကောက်ကိုက်သော ဒဏ်ရာအား ကနခိုစေ့လိမ်းပေးက ပျောက် ကင်းစေသည်။

အစေ့ဆီသည် ဖောရောင်၊ဝမ်းဗိုက်ရောင်၊ ဝမ်းပိုက် ရောဂါ၊ ခေါင်းကိုက်၊ အဖျား၊ ဒူလာတောင့်၊ အရှုးရောဂါ၊အစာမကြေ၊ လေပြည့် ၊ချောင်းဆိုး ရောဂါတို့ကို ပျောက် ကင်းစေသည်။

ဝမ်းတစ်ဆစ်ဆစ်သက်စေသော အတသာရဝမ်းသွန် ရောဂါ ကို ပျောက်ကင်းစေသည်။

အသည်းရောင်ခြင်းနှင့် ရွဲ့စောင်းခြင်းရောဂါ ၊မေ့မြောသော ရောဂါ၊လေလေးကိုင်းရောဂါတို့ ကိုကင်းဝေစေ သည်။ကနခိုသည် (တန်ဆေးလွန်ဘေး ဖြစ်သည်။)

အထူးမှတ်သားရန်မှာ

ကနခိုစေ့နှင့်ဆေးအားမသောက်သင့်သူများရှိသည် ဟုဆိုထားသည်။ကနခိုနှစ်မျိုးရှိသည်။

ကနခိုယဉ်နှင့် ကနခိုရိုင်းဖြစ် သည်။ ကနခို-အရိုင်းဘောစကိုင်း ဟုရှေးဗိန္နောဆရာ မြတ်တို့ ဆိုစမှတ်ရှိခဲ့သည်။

တောကနခိုဟုခေါ်သော ဘောစကိုင်း ဟူ ၍ လည်းရှိသေးသည်။

မြန်မာ့ဆေးဝါးပင်များအဆို

ကနခိုစေကို ဝမ်းနုတ်ဆေးအပုပ်ချဆေးတွင် ထည့်ဝင် အသုံးချသည်။

ကင်မြီးကောက်ကိုက်လျှင် ကနခိုစေ့ကို သွေးလိမ်းရသည်။

အစေ့ဆီကို ချင်းစိမ်းရည်နှင့် ကလေးကြက်ညှာ ချောင်းဆိုး ရောဂါကို ကုသနိုင်သည်။

ကနခို(၁)ဆ၊အုန်းဆီ(၈)ဆရော၍ အဆစ်အမြစ် ကိုက်ခြင်းကိုလိမ်းပေးကပျောက်၏။

ဝမ်းဗိုက်နှင့်စပ်လျဉ်းသောရောဂါ၊အကြောတက်ရောဂါ၊အဖျားရောဂါ၊ ရောင်နာ၊ရင်း နား၊ လည်ချောင်း၊ နားနှင့်ပတ်သက်သော ရောဂါများတွင်အသုံးပြုသည်။

ကျမ်းကိုး

မြန်မာ့စွယ်စုံကျမ်း(အတွဲ-၁)

မြန်မာ့ဆေးဝါးပင်များ

အရှင်နာဂသိန်ဆေးကျမ်း

Credit ရဲမျိုးသူ(ဗောဓိမြိုင်)

အဖိုးေျပာတဲ့ေျမးေလး အိမ္ေထာင္ျပဳရင္ ကနခိုေလးဝယ္ထားကြယ္တဲ့

အဘိုးေျပာဖူးသည္။ ေျမးေလး အိမ္ေထာင္ျပဳရင္ ကနခိုေလးဝယ္ထားရတယ္။ အေရးအေၾကာင္းရွိရင္ တန္ဖိုးႀကီးတယ္ဆိုခဲ့သည္။

အမွန္ပင္ကေလးငယ္၏ ၾကက္ ညႇာ ေခ်ာင္းဆိုး ေရာဂါကိုကနခို ီႏွင့္ခ်င္းစိမ္း ေရေရာ ၍ ေသြးကာ အနည္းငယ္ရင္ဘတ္တြင္ လူးလူးေပးရာ ၾကက္ညႇာရက္(၁၀၀) မၾကာဘဲအမွန္ေပ်ာက္ ကင္းခဲ့ သည္။

ေနာက္တစ္ဖန္ လက္ေတြ႕ႀကဳံသည္က ကင္ၿမီးေကာက္အထိုးခံရသူအား ကနခိုေစ့ေသြးလိမ္း ေပးခဲ့ရာ ခ်က္ခ်င္းဒဏ္ရာသက္သာ ေပ်ာက္ကင္းခဲ့ သည္။

ကနခိုကို စိတ္ဝင္စား၍ ဖတ္မွတ္ၾကည့္ရာ ေဆးက်မ္းတို႔တြင္ က်ယ္က်ယ္ျပန႔္ျပန႔္ ေဖၚျပထားျခင္း ရွိသည္။

ေ႐ႊျမန္မာတို႔ ကနခိုဟုဆိုလွ်င္ ျပင္းထန္ေသာ ဓာတ္သြားေစသည့္ အေစ့(သို႔) အဆံအျဖစ္သိၾကသည္။

ကနခို၏ ႐ုကၡေဗဒအမည္မွာ Croton tiglium Linn ျဖစ္သည္။ မ်ိဳးရင္းမွာၾကက္ဆူ မ်ိဳးရင္းျဖစ္သည္။

အၿမဲစိမ္းပင္လတ္မ်ိဳးျဖစ္သည္။အျမင့္ေပ(၁၅)ေပမွ(၂၀)ထိရွိသည္။ ပင္စည္ေခါက္မွာညိဳျပာျပာျဖစ္သည္။

႐ြက္နားတြင္ေခြးသြားစိတ္ရွိၿပီးဘဲဥပုံသ႑ာန္အဖ်ားခြၽန္သည္။ ႐ြက္ညႇာရွည္ကာ လိေမၼာ္ေရာင္မွအစိမ္း ေရာင္ထိရွိသည္။ အပြင့္ေသး ငယ္ၿပီးဖိုပြင့္ /မပြင့္ရွိသည္။

ဖိုပြင့္ သည္အေမြးမဲ့၍ျဖဴသည္၊မပြင့္မွာ အေမြးရွိသည္။ နယုန္၊ဝါဆိုလတို႔တြင္ ပြင့္သည္။ အသီးသည္ ေထာင့္ (၃)ေထာင့္ပါေသာအက္ကြဲသီးျဖစ္သည္။

အေစ့အဆံေခ်ာမြတ္ၿပီး တပို႔တြဲ၊ကဆုန္လတို႔တြင္သီးသည္။ အျမင့္ေပ(၂၀၀၀) အထိရွိ၍ ပူအိုက္စြတ္စို ေသာ ျမန္မာျပည္ ေဒသမ်ားတြင္ စိုက္ပ်ိဳးႏိုင္သည္။

ကနခိုမူလေပါက္ေရာက္ရာေဒသမွာ ပသွ်ဴးကြၽန္းစုျဖစ္သည္။ျမန္မာျပည္အႏွံ႔အျပား ေတာ႐ြာၿခံစည္း႐ိုးမ်ား တြင္စိုက္ပ်ိဳးထားၾကသည္။

အေစ့မွာလက္မဝက္ခန႔္ရွည္ကာ ေျမပဲေစ့ႏွင့္အလြန္တူ သည္။ျပင္းျပင္းထန္ထန္ဓါတ္သြားေစတတ္ေသာ သေဘာရွိ သျဖင့္ဝမ္းႏုတ္ေဆးေဖၚစပ္ရာတြင္ ထည့္သြင္းအသုံးျပဳၾကသည္။

အရွင္နာဂသိန္က်မ္းမွထုတ္ႏုတ္ခ်က္

ေရွးယခင္က ျမန္မာျပည္တြင္မရွိဘဲ ႏိုင္ငံျခားမွလာေသာ ေဆးပစၥည္းျဖစ္၍ သေဘၤာ ကနခိုဟု လည္းေခၚၾက သည္။

ဓာတ္ကို အလြန္သြားေစေသာ ျပင္းထန္ေသာ တန္ခိုး ရွိျခင္းေၾကာင့္ ေဝႆဝေရာ လည္းေခၚသည္။

ကနခိုေစ့အရသာသည္ ခါး၍ပူ ေသာ သတၱိရွိသည္။ အေစ့သည္ေဆးဖက္အလြန္ဝင္သည္။ယင္းကနခိုေစ့ကို ဇယပါလ = ကနခိုေစ့ ဟုလည္းေခၚသည္။

ကနခိုသည္ ေဆးဖက္အလြန္ဝင္ေသာေၾကာင့္ တစ္ ကမာၻ လုံးလိုပင္ သုံးၾကသည္။ ကနခိုသည္ လြန္စြာျပင္း ထန္ေသာအဆိပ္ျဖစ္၍ အခိုးအကင္းသတ္ၿပီးမွ သာသုံးရ သည္။

အခိုးအကင္းသတ္ပုံ

ကနခိုေစ့ကို ဓားျဖင့္ခြဲရသည္ အလယ္တြင္ လွ်ာႏွင့္တူေသာအရာေလးကို ထုတ္ပစ္ရ သည္။ ထိုေနာက္ ကနခိုေစ့ကို အဝတ္ျဖင့္ထုတ္၍ ႏြားႏို႔ထဲ ထည့္ကာ(၃)နာရီျပဳတ္ရ သည္။

ထိုသို႔ျပဳလုပ္ျခင္းကို ေဒါလာယႏၲရား(ဓာတ္သမုဒၵရာ)က်မ္းတြင္ ေဖၚျပထား သည္။

ေနာက္တစ္နည္းမွာ ကနခိုေစ့အားခြဲ၍လွ်ာထုတ္ၿပီးေသာ ကနခိုေစ့ထက္ ၈ပုံ၁ပုံရွိေသာ ေက်ာက္ခ်ဥ္ျဖင့္အဝတ္ထုပ္၍ ႏြားႏို႔တြင္(၆)နာရီျပဳတ္ရျခင္းျဖစ္သည္။

စနစ္တက် ကနခိုေစ့အား စင္ၾကယ္ေအာင္ျပဳလုပ္ျခင္းျဖစ္သည္။

ဂုဏ္ႏွင့္စြမ္းရည္

ေရဝမ္းပိုက္ေရာဂါေၾကာင့္ စုေဝးေနေသာေရကို ထုတ္ရန္ ကနခိုေစ့ကို တိုက္ေကြၽးရ သည္။

အဖ်ားသစ္သမား မ်ားအား ကနခိုတိုက္ေပးျခင္းျဖင့္ ဝမ္းသက္အဖ်ား ဆိပ္မ်ား ထြက္ကာ အဖ်ားေရာဂါကိုေလ်ာ့နည္းသြားသည္။

အႏူေရာဂါတြင္ သည္းေျခေၾကာင့္ ျဖစ္ေသာ ေသြးေဖါက္ျပန္ျခင္းကို ကနခိုေစ့ကဖ်က္ဆီးႏိုင္သည္။ ေလသလိပ္ ေဖါက္ ျပန္ ျခင္းကိုေပ်ာက္ကင္း၏။

ကနခိုကို အတိုင္းထက္အလြန္မေသာက္သုံးရ ပ်ိဳ႕အန္ တတ္သည္။

ကင္းၿမီးေကာက္ကိုက္ေသာ ဒဏ္ရာအား ကနခိုေစ့လိမ္းေပးက ေပ်ာက္ ကင္းေစသည္။

အေစ့ဆီသည္ ေဖာေရာင္၊ဝမ္းဗိုက္ေရာင္၊ ဝမ္းပိုက္ ေရာဂါ၊ ေခါင္းကိုက္၊ အဖ်ား၊ ဒူလာေတာင့္၊ အရႈးေရာဂါ၊အစာမေၾက၊ ေလျပည့္ ၊ေခ်ာင္းဆိုး ေရာဂါတို႔ကို ေပ်ာက္ ကင္းေစသည္။

ဝမ္းတစ္ဆစ္ဆစ္သက္ေစေသာ အတသာရဝမ္းသြန္ ေရာဂါ ကို ေပ်ာက္ကင္းေစသည္။

အသည္းေရာင္ျခင္းႏွင့္ ႐ြဲ႕ေစာင္းျခင္းေရာဂါ ၊ေမ့ေျမာေသာ ေရာဂါ၊ေလေလးကိုင္းေရာဂါတို႔ ကိုကင္းေဝေစ သည္။ကနခိုသည္ (တန္ေဆးလြန္ေဘး ျဖစ္သည္။)

အထူးမွတ္သားရန္မွာ

ကနခိုေစ့ႏွင့္ေဆးအားမေသာက္သင့္သူမ်ားရွိသည္ ဟုဆိုထားသည္။ကနခိုႏွစ္မ်ိဳးရွိသည္။

ကနခိုယဥ္ႏွင့္ ကနခို႐ိုင္းျဖစ္ သည္။ ကနခို-အ႐ိုင္းေဘာစကိုင္း ဟုေရွးဗိေႏၷာဆရာ ျမတ္တို႔ ဆိုစမွတ္ရွိခဲ့သည္။

ေတာကနခိုဟုေခၚေသာ ေဘာစကိုင္း ဟူ ၍ လည္းရွိေသးသည္။

ျမန္မာ့ေဆးဝါးပင္မ်ားအဆို

ကနခိုေစကို ဝမ္းႏုတ္ေဆးအပုပ္ခ်ေဆးတြင္ ထည့္ဝင္ အသုံးခ်သည္။

ကင္ၿမီးေကာက္ကိုက္လွ်င္ ကနခိုေစ့ကို ေသြးလိမ္းရသည္။

အေစ့ဆီကို ခ်င္းစိမ္းရည္ႏွင့္ ကေလးၾကက္ညႇာ ေခ်ာင္းဆိုး ေရာဂါကို ကုသႏိုင္သည္။

ကနခို(၁)ဆ၊အုန္းဆီ(၈)ဆေရာ၍ အဆစ္အျမစ္ ကိုက္ျခင္းကိုလိမ္းေပးကေပ်ာက္၏။

ဝမ္းဗိုက္ႏွင့္စပ္လ်ဥ္းေသာေရာဂါ၊အေၾကာတက္ေရာဂါ၊အဖ်ားေရာဂါ၊ ေရာင္နာ၊ရင္း နား၊ လည္ေခ်ာင္း၊ နားႏွင့္ပတ္သက္ေသာ ေရာဂါမ်ားတြင္အသုံးျပဳသည္။

က်မ္းကိုး

ျမန္မာ့စြယ္စုံက်မ္း(အတြဲ-၁)

ျမန္မာ့ေဆးဝါးပင္မ်ား

အရွင္နာဂသိန္ေဆးက်မ္း

Credit ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

Be the first to comment

Leave a Reply

Your email address will not be published.


*