FB ခေတ်စားလာသည်နှင့်အမျှ ဖြစ်ပျက်လာတဲ့ လူတွေရဲ့စိတ်သဘောထားများနဲ့ လူမှုပတ်ဝန်းကျင် အတွက် ရင်လေးစရာ စရိုက်များ

FB ခေတ်စားလာသည်နှင့်အမျှ ဖြစ်ပျက်လာတဲ့ လူတွေရဲ့စိတ်သဘောထားများနဲ့ လူမှုပတ်ဝန်းကျင် အတွက် ရင်လေးစရာ စရိုက်များ

Fb ခေတ်စားလာသည်နှင့် အမျှ သူ့ချစ်သူမှန်း ကိုယ့်ချစ်သူမှန်း မသိ ဖြစ်လာတယ်။ သစ္စာတရား ကင်းမဲ့လာတယ်။

မြန်မာ့ယဉ်ကျေးမှု ပျောက်ကွယ်လု ဖြစ်လာတယ်။ အိမ်ထောင်သည်တွေက အပျို လူပျို လုပ်လာတယ်။

အဖိုးကြီး အဖွားကြီးတွေ ကျောင်းကန်အရောက် နည်းလာတယ်။ စကားတွေ မပီကလာ ပီကလာပြောမှ ခေတ်မှီတယ်အသိနဲ့ သွားကျိုးကြားက လေထွက်သလို စကားကို မပီအောင် တမင် လုပ်ပြောလာကြတယ်။

Post တင်တဲ့အခါ တင်တဲ့ Post ကို အသေအချာ မဖတ်ဘဲ ပါးစပ်အရသာခံ ချောချော မချောချော အသားယူ ပြောတဲ့သူတွေ ပေါလာတယ်။

လူတတ်ကြီးလုပ်ပီး အကြံပေးသလိုလိုနဲ့ ဝေဖန်ရေးသမားတွေ ပေါလာတယ်။ ရေးချင်တာတွေရေး Post မှာ Like Comment ရဖို့ အဓိက ဖြစ်လာတယ်။

ဆယ်လီ ဖြစ်ချင်ဇောတွေ များလာတယ်။ အိန္ဒြေရှင် တည်ငြိမ်သူတွေ Fb ပေါ် ခေတ်နောက်ကျတယ် ဖြစ်လာကြတယ်။

သစ္စာတရား တန်ဖိုးထားသူတွေ ပြတိုက်ရောက် … ဘဝ တန်ဖိုးထားသူတွေ အပစ်ခံရ Feel ပို့စ်မရှိ ပို့စ်မှာ Like နည်းသူတွေ ဒိတ်အောက်တယ်ဖြစ်ကြရတယ်။

အိမ်တွင်းရေး အကုန်တင်လာကြတယ်။ မော်ဒယ် မင်းသမီး တင် ရင် အလှ တင်ပြတော့ ခေတ်သစ်သမီးပျိုတွေက အတုခိုးယူတယ်။ ပုရိသယောက်ျားတွေကို ဖွင့်ချပြကြတယ်။

အိမ်က မိသားစုကို ဘေးဖယ် Fb ပေါ်က မည်သူမည်ဝါ အသေအချာ မသိသူကို အချိန်တွေ ပေးလာကြတယ်။

ဇနီးမယား သမီး သား တွေကို ဂရုစိုက်ဖို့ မေ့လျော့လာကြတယ်။ Fb ချစ်သူကို အကြင်နာတွေတိုးလို့ ဂရုစိုက်ခါ ချစ်ကာပြပြီး မိတ်ဆွေအစစ် ဇနီးမယား သမီးသားတွေကို ကျောပေးလာကြတယ်။

ဇနီးအတွက် ရော့ ဈေးဖိုး တိကာတိုင်းကာ ဒါနဲ့ လောက်အောင်သုံး တိုင်းထွာပေး … သားသမီးအတွက် ရော့ ဒါမုန့်ဖိုး ဘယ်နှစ်ရက်စာ လောက်အောင်သုံး တိုင်းထွာပေးကြတယ်။

ဒါပေမယ့် ဘေလ်ဝယ်ဖို့တော့ ဘာအတွက်ရယ် မသိ အသိပျောက်နေလေရဲ့။ Fb ပေါ်မှာ လင်မယား မဟုတ်တဲ့ လင်မယားတွေ ပေါလာတယ်။

တကယ်တော့ Fb ကြီးက သုံးတတ်ရင် ဗဟုသုတ ရ စရာတွေ အများကြီးရှိပါတယ်။ ကိုယ်မသိတာတွေ သိအောင် ရှာလို့ရတယ်။

ကိုယ်နဲ့ အဆက်ပျက်တာ ကြာနေတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို ပြန်ဆုံအောင် လုပ်ပေးနိုင်တယ်။ ကိုယ်သိ ကိုယ်နားလည်တဲ့ အသိတရားတွေကို Fb အပေါ်မှာ အသိချင်း ဖလှယ်လို့ ရတယ်။

အိမ်ထောင်သည် တချို့ Fb ပေါ် အပျို လူပျိုဟန်နဲ့ အိမ်ထောင်ရေးကို ဖောက်ပြန်မှန်းမသိ ဖောက်ပြန်လာကြတယ်။

အကယ်၍ သင့် ဇနီးမယား သင့်ခင်ပွန်းက ဖောက်ပြန်ခဲ့မယ်ဆိုရင်ရော သင် ခွင့်လွှတ်နိုင်ပါ့မလား။

သင် ဖောက်ပြန်နေချိန် သင့် သားပျို သမီးပျိုတွေ ရော သင့်လို ဖောက်ပြန်တဲ့လူနဲ့ မတွေ့နိုင်ဘူးလို့ မပြောနိုင်ပါဘူး။

တူသောအကျိုး ပြန်ရခဲ့ရင် သင် ခံနိုင်ရည် ရှိပါ့မလား။ တူသော အကျိုးကပြန်ရတက်ပါတယ်။

ကျနော် သိလို့ တတ်လို့ ရေးခြင်းမဟုတ်ပါ။ စေတနာဖြင့် ရေးသားခြင်းပါဗျ။

သင်သာ စည်းစောင့်နိုင်တဲ့သူ အထဲက တယောက်ဆိုရင် ကျနော် ရေးသောစာကို ဗဟုသုတ အဖြစ်နဲ့ ဖတ်ပေးပါဗျ။

မင်္ဂလာပါဗျ။ အေးချမ်းသော မိသားစုလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။ ချစ်သူတိုင်း အဆင်ပြေကြပါစေ။အမှားပါခဲ့လျှင် ခွင့်လွှတ်ပေးကြပါဗျ။

ဂျစ်တူး ရဲရင့်နှင်းဆီ(မန္တလေး)

Credit to original

Be the first to comment

Leave a Reply

Your email address will not be published.


*