
ဘုရင့်ရဲ့ စွဲလန်းမှုရဖို့ မိဖုရားတွေ လုပ်ဆောင်တဲ့ လျှို့ဝှက်နည်းလမ်းများ
ဘုရင့်ရဲ့ စွဲလန်းမှုရဖို့ မိဖုရားတွေ လုပ်ဆောင်တဲ့ လျှို့ဝှက်နည်းလမ်းများ
ရှေးခေတ်က ဘုရင်ရဲ့ မိဖုရားဖြစ်ဖို့ ခက်ခဲပါတယ်။ ဒီလိုဖြစ်လာရင်လည်း ဘုရင့်စွဲလန်းမှုရဖို့ ခက်ခက်ခဲခဲ ကြိုးစားရပါတယ်။
မောင်းမမိဿံတွေ များစွာရှိတဲ့အထဲ မိဖုရားကို သဘောကျ နှစ်ခြိုက်ဖို့ဆိုတာ မိဖုရားတွေအတွက် အထူးတာဝန် ဖြစ်ပါတယ်။
သူတို့ မိဖုရားချင်း အလှပြိုင်မှုက တချိန်က နန်းတွင်းမှာ တကယ့်ကို အင်အားကြီးခဲ့တာ ဖြစ်ပါတယ်။
သူတို့ အလှအပအတွက် ဘာတွေ လုပ်ဆောင်ခဲ့ကြလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
Rani Padmavati ဆိုတာ တချိန်က Chittorgarh ဘုရင်ရဲ့ အသည်းစွဲ မိဖုရားဖြစ်ခဲ့ပြီး သူဟာ
အလှအပနဲ့ ဂုဏ်သတင်း ကျော်စောခဲ့ပါတယ်။ သူမကို လိုချင်လို့ Alauddin Khilji က ဘုရင်ကို တိုက်ခိုက်ပြီး
သူမကို သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
သူတို့ အလှအပဆိုတာလည်း လျှို့ဝှက်ချက်တချို့ ရှိနေပါတယ်။ ဘုရင်ဟာ သူတို့အပေါ် စိတ်တိမ်းညွှတ်အောင် နေ့စဉ်နဲ့အမျှ
ချစ်စဖွယ် အမူအရာကို လုပ်ယူရတာဖြစ်ပြီး နေပုံထိုင်ပုံက ဘုရင် စွဲလမ်းနိုင်လောက်တဲ့ ပုံစံဖြစ်အောင်မိန်းမထိန်းကြီးတွေဆီက သင်ယူရပါတယ်။
မိဖုရားတွေဟာ ဒါတင်မကပဲ သူတို့ရဲ့ အလှအပနဲ့ နုပျိုမှုအတွက် ဆေးဝါးတွေ သုံးစွဲရပါတယ်။
အဲ့ခေတ် အဲ့ခေတ်အခါ သက်ရှည်နုပျိုဆေးတွေဟာ နန်းတွင်းမှာပဲ ရှိတာဖြစ်ပြီး သာမာမန် အရပ်သူတွေ အတွက်တော့အလှမ်းဝေးလွန်း လှပါတယ်။
မင်းသမီးနဲ့ ဘုရင်မတွေဟာ မိဖုရားတွေထက် ရာထူးရာခံ ပိုကြီးပါတယ်။ သူတို့ဟာ ပြစ်မျိုးမှဲ့မထင်ဆိုတဲ့
စကားအတိုင်း ခန္ဓာကိုယ်ပေါ်မှာ မှဲ့ရှိရင်တောင် အဲဒီမှဲ့ကို ဖယ်ရှားပြီး နေ့စဉ်နဲ့ အမျှ
ကိုယ်ခန္ဓာ အလှအပကို ဂရုစိုက်နေရတာ ဖြစ်ပါတယ်။
မိဖုရားတွေဟာ များသောအားဖြင့် ရေချိုးတဲ့အခါ နှင်းဆီပွင့်ဖတ်တွေ စိမ်ထားတဲ့ရေမှာ ချိုးလေ့ရှိပါတယ်။
ဒါဟာ အရေပြားမှာ ရှိတဲ့ အနံ့ဆိုးထုတ်တဲ့ ဂလင်းကို တားဆီးနိုင်သလို အရေပြား ချောမွတ် ပျော့ပျောင်းစေတာ ဖြစ်ပါတယ်။
ပြီးတော့ ဒါဟာ ရိုမန်တစ်လဲ ဆန်ပြီး ဘုရင်နဲ့ နေတဲ့အခါမှာ ဘုရင့်ရဲ့ စိတ်ကို လန်းဆန်းစေဖို့ ဖြစ်ပါတယ်။
ရှေးခေတ်က မိဖုရားတွေရဲ့ အလှကုန်ကို သမားတော်တွေက ဖော်စပ်ပေးရတာ ဖြစ်ပါတယ်။ ဒါကတော့ လိမ္မော်ရည်၊
နှို့မှုန့်နဲ့ ကြက်ဥအဖြူတွေကို ကစော်ဖောက်ထားတဲ့ အရာတွေ မုယောစပါးနဲ့ ဗျစ်ရည်တွေထည့်ပြီး ခန္ဓာကိုယ်အနှံ့ လိမ်းတာဖြစ်ပြီး
ဒါဟာ ဆဲလ်သေတွေကို ဖယ်ရှားပစ်နိုင်တာ ဖြစ်ပါတယ်။
များသောအားဖြင့် မိဖုရားတွေဟာ ထောပတ်သီးနဲ့လုပ်တဲ့ မျက်နှာပေါင်းတင်မှုကို အများဆုံး လုပ်ဆောင်တာဖြစ်ပြီး
ခန္ဓာကိုယ်လှပမှုအတွက်လည်း စားသုံးပေးတာ ဖြစ်ပါတယ်။
မိဖုရားအများစုဟာ အခွံမာသီးနဲ့ မုန်လာဥနီကို နေ့တိုင်းနီးပါး စားပေးတာဖြစ်ပြီး သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် သုံ
းခဲ့တာဖြစ်ပြီး ဒီနည်းက လက်ရှိလဲ အသုံးပြုနေတဲ့ နည်းလမ်းဖြစ်ပါတယ်။
မိဖုရားတွေဟာ ဆံကေသာကို မြတ်နိုးစွာ တန်ဖိုးထားတတ်ပါတယ်။ နက်မှောင်ပြီး လှပရှည်လျားတဲ့ ဆံပင်တွေဟာ
ဘုရင်တွေကို ဆွဲဆောင်နိုင်တာဖြစ်ပြီ သူတို့ဟာ အုန်းဆီ၊ သံလွင်ဆီ နဲ့ ပျားရည်တွေကို လိမ်းကြပါတယ်။
အရေပြား မကြမ်းတမ်းဖို့ နှင်းဆီက ထုတ်ထားတဲ့ အဆီကို လိမ်းကျံကြပါတယ်။ ဒါဟာ ရေမွှေးလို မွှေးအီတဲ့
အနံ့ကိုလည်း ရစေတာဖြစ်ပါတယ်။ ရေချိုးတဲ့အခါမှာလည်း မိဖုရားတွေဟာ ပျားရည်၊ သံလွင်ဆီ နဲ့ မြည်းရဲ့ နို့ကို ရောပြီး
ဆပ်ပြာပုံစံတိုက်တာဖြစ်ပြီး ဒါဟာ အရေပြားကို စိုပြေတင်းရင်းပြီး ငယ်ရွယ်နုပျိုစေတာဖြစ်ပါတယ်။
CRD
===============
Leave a Reply