“ရှောင်တာနယ်လ်ကတဆင့် ဒေါ်အောင်ဆန်းစုကြည်သတင်းစကားပါး”

“ရှောင်တာနယ်လ်ကတဆင့် ဒေါ်အောင်ဆန်းစုကြည်သတင်းစကားပါး”

“ရှောင်တာနယ်လ်ကတဆင့် ဒေါ်အောင်ဆန်းစုကြည်သတင်းစကားပါး”

People’s Spring

ဒီမိုကရေစီရဲ့လွတ်လပ်မှု ခဏတာ ခံစားခွင့်ရခဲ့ပေမယ့် ဒီမိုကရေစီအခွင့်အရေး ကို ခုခံကာကွယ်ဖို့ မြန်မာပြည်သူတွေ အဆင့်သင့် ဖြစ်နေတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ယူနေတယ်လို့ ထောင်ကနေ လွတ်လာတဲ့ ရှောင်တာနယ်လ်က သတင်းစကားပါးလိုက်ပါတယ်။

သြစတြေးလျနိုင်ငံသား စီးပွားရေးပါမောက္ခရှောင်တာနယ်လ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားအကြံပေးဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်ကမှ အင်းစိန်ထောင်ကနေ စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပါတယ်။

မနေ့က အမေရိကန်အခြေစိုက် ABC သတင်းဌာနနဲ့ပြုလုပ်တဲ့ အင်တာဗျုးမှာ ထောင်တွင်းက ဒေါ်အောင်ဆန်းစုကြည် မှာလိုက်တဲ့သတင်းစကားကို ရှောင်တာနယ်လ်က ထည့်ပြောလိုက်တာပါ။

စစ်တပ်အာဏာသိမ်းပြီးရက်ပိုင်းအကြာမှာ ဖမ်းခံရတဲ့ ရှောင်တာနယ်လ်က ဒေါ်အောင်ဆန်းစုကြည်ကို နောက်ဆုံးတွေ့ရချိန်ဟာ နေပြည်တော်အချုပ်ထောင်မှာ အမိန့်ချခံရချိန်ကဖြစ်ပြီး လွန်ခဲတဲ့ ရက်သတ္တပတ် ၈ ပတ်ခန့်က ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလိုတွေ့ဆုံချိန်က ဒေါ်အောင်ဆန်းစုကြည်ဟာ စကားလက်ဆောင်ပါးလိုက်တယ်လို့လည်း ရှောင်တာနယ်လ်က ပြောပါတယ်။

” မြန်မာပြည်အကြောင်းအဖြစ်မှန်တွေကိုပြောပြပါ။ ကျွန်မတို့ကိုနှုတ်ပိတ်ခံထားရပေမယ့် ရှင်ကတော့ ပြောနိုင်တယ်” လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့မှာကြားချက်ကို ရှောင်တာနယ်လ်က ပြောပြပါတယ်။

” အထူးသဖြင့် မြန်မာလူငယ်တွေအပေါ်မှာ သူ ဘယ်လောက်အထိဂုဏ်ယူသလဲဆိုတာကိုလည်းပြောပြတယ် ။ ဒီမိုကရေစီရဲ့လွတ်လပ်မှုတွေကိုခဏလောက်ပဲ ခံစားခွင့်ရခဲ့ပေမယ့် ဒီမိုကရေစီအခွင့်အရေး တွေကို ခုခံကာကွယ်ဖို့ မြန်မာပြည်သူတွေအဆင့်သင့်ဖြစ်နေတာကို

ဂုဏ်ယူနေတယ်” လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သတင်းစကားကို ရှောင်တာနယ်လ်က အင်တာဗျုးကတဆင့် ပြန်ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုထားရှိတဲ့ နေပြည်တော်အချုပ်ထောင်ဟာ အင်းစိန်ထောင်ထက်ဆိုးရွားပေမယ့် အခက်အခဲတွေကြားမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်ဓာတ်ခိုင်ခိုင်မာမာရှိနေတယ်လို့ ရှောင်တာနယ်လ်က အသိပေးထားပါတယ်။

zawgyi

“ေရွာင္တာနယ္လ္ကတဆင့္ ေဒၚေအာင္ဆန္းစုၾကည္သတင္းစကားပါး”

People’s Spring

ဒီမိုကေရစီရဲ့လြတ္လပ္မႈ ခဏတာ ခံစားခြင့္ရခဲ့ေပမယ့္ ဒီမိုကေရစီအခြင့္အေရး ကို ခုခံကာကြယ္ဖို႔ ျမန္မာျပည္သူေတြ အဆင့္သင့္ ျဖစ္ေနတဲ့အေပၚ ေဒၚေအာင္ဆန္းစုၾကည္ ဂုဏ္ယူေနတယ္လို႔ ေထာင္ကေန လြတ္လာတဲ့ ေရွာင္တာနယ္လ္က သတင္းစကားပါးလိုက္ပါတယ္။

ၾသစေၾတးလ်နိုင္ငံသား စီးပြားေရးပါေမာကၡေရွာင္တာနယ္လ္ဟာ ေဒၚေအာင္ဆန္းစုၾကည္ရဲ့စီးပြားအႀကံေပးျဖစ္ၿပီး ၿပီးခဲ့တဲ့ နိုဝင္ဘာလ ၁၄ ရက္ကမွ အင္းစိန္ေထာင္ကေန စစ္ေကာင္စီက ျပန္လႊတ္ေပးလိုက္ပါတယ္။

မေန႔က အေမရိကန္အေျခစိုက္ ABC သတင္းဌာနနဲ႔ျပဳလုပ္တဲ့ အင္တာဗ်ဳးမွာ ေထာင္တြင္းက ေဒၚေအာင္ဆန္းစုၾကည္ မွာလိုက္တဲ့သတင္းစကားကို ေရွာင္တာနယ္လ္က ထည့္ေျပာလိုက္တာပါ။

စစ္တပ္အာဏာသိမ္းၿပီးရက္ပိုင္းအၾကာမွာ ဖမ္းခံရတဲ့ ေရွာင္တာနယ္လ္က ေဒၚေအာင္ဆန္းစုၾကည္ကို ေနာက္ဆုံးေတြ႕ရခ်ိန္ဟာ ေနျပည္ေတာ္အခ်ဳပ္ေထာင္မွာ အမိန႔္ခ်ခံရခ်ိန္ကျဖစ္ၿပီး လြန္ခဲတဲ့ ရက္သတၱပတ္ ၈ ပတ္ခန႔္က ျဖစ္တယ္လို႔ ဆိုပါတယ္။

အဲဒီလိုေတြ႕ဆုံခ်ိန္က ေဒၚေအာင္ဆန္းစုၾကည္ဟာ စကားလက္ေဆာင္ပါးလိုက္တယ္လို႔လည္း ေရွာင္တာနယ္လ္က ေျပာပါတယ္။

” ျမန္မာျပည္အေၾကာင္းအျဖစ္မွန္ေတြကိုေျပာျပပါ။ ကၽြန္မတို႔ကိုႏႈတ္ပိတ္ခံထားရေပမယ့္ ရွင္ကေတာ့ ေျပာနိုင္တယ္” လို႔ ေဒၚေအာင္ဆန္းစုၾကည္ ရဲ့မွာၾကားခ်က္ကို ေရွာင္တာနယ္လ္က ေျပာျပပါတယ္။

” အထူးသျဖင့္ ျမန္မာလူငယ္ေတြအေပၚမွာ သူ ဘယ္ေလာက္အထိဂုဏ္ယူသလဲဆိုတာကိုလည္းေျပာျပတယ္ ။ ဒီမိုကေရစီရဲ့လြတ္လပ္မႈေတြကိုခဏေလာက္ပဲ ခံစားခြင့္ရခဲ့ေပမယ့္ ဒီမိုကေရစီအခြင့္အေရး ေတြကို ခုခံကာကြယ္ဖို႔

ျမန္မာျပည္သူေတြအဆင့္သင့္ျဖစ္ေနတာကို ဂုဏ္ယူေနတယ္” လို႔ ေဒၚေအာင္ဆန္းစုၾကည္ ရဲ့ သတင္းစကားကို ေရွာင္တာနယ္လ္က အင္တာဗ်ဳးကတဆင့္ ျပန္ေျပာျပပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကိုထားရွိတဲ့ ေနျပည္ေတာ္အခ်ဳပ္ေထာင္ဟာ အင္းစိန္ေထာင္ထက္ဆိုးရြားေပမယ့္ အခက္အခဲေတြၾကားမွာ ေဒၚေအာင္ဆန္းစုၾကည္ဟာ စိတ္ဓာတ္ခိုင္ခိုင္မာမာရွိေနတယ္လို႔ ေရွာင္တာနယ္လ္က အသိေပးထားပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*