
ညသန်းခေါင် ၁နာရီကျော်တစ်ရေးနိုး အပြင်ထွက်ကြည့်လိုက်သောအခါ…..
အသက် ၉၀ အမေ
ဟင် အမေ ဘာလုပ်မလို့လဲ ည သန်းကောင်၁နာရီကျော်ကျော် လောက်တရေးနိး အပြင်ထွက်လာတဲ့ မလဲ့ အမေ့ကို ထမင်းဝိုင်းမှာ ကုန်းကွကွ မြင်လိုက်ရတယ်။
အမေ ဗိုက်ဆာလို့ ထမင်းစားမလို့
ထမင်းအုပ်ဆောင်းဖွင့်လျက်သား တန်းလန်းနဲ့အမေကဖြေပါတယ်။
အော် ဟုတ်လား လဲ့ဝင်းပြင်ပေးမယ်အမေ ညနေထဲက ဖယ်ထားတဲ့ ငါးဘတ်မွှေဟင်းငါးပိရည်ချိုပန်းကန် ခဝဲသီးဂျော်ဂျက်ရောင်ဟင်းရည်ပုဂံကို
အမေ့အရှေ့တိုးပေးလိုက်တယ် ညနေက ဝယ်ထားတဲ့ မုန့်ဟင်းခါး နဲ့ဟင်းရည်ကို နောက်နားမှာခပ်ရှိုရှို ပို့ထားလိုက်တာ
ငါ မုန့်ဟင်းခါးပဲစားမယ် ငါ့ကိုမုန့်ဟင်းခါးပဲပေး မုန့်ဟင်းခါးက ဘယ်အချိန်ထဲကချက်ထားတာလဲမသိဘူး အမေရဲ့အမေဝမ်းနူး နေအုန်းမယ် ရာသီကလဲပူတယ်ဆိုတော့
မလဲ့စကားမဆုံးသေးခင်မှာပဲ အမေ မုန့်ဟင်းခါး ဖတ်ထဲဟင်းရည် ထည့်ပီး စားနေပါပီ။မကြီး အမေက ည ည ဗိုက်ဆာတယ်ဆိုပီး
တရေးနိုးထထ ပီးစားတယ် စားရင်လဲ မုန့်ဟင်းခါးပဲစားတယ်။တခြားဘာမှမစားဘူး ဒါကြောင့်ညနေမှာ မုန့်ဟင်းခါးတပွဲဝယ်ပီးအသင့် ထားထားပေးရတယ်
ညီမတွေရဲ့ စကားကိုပြန်ကြားယောင်ရင်း အမေ့ကို ရေနွေးကြမ်းငှဲ့ပေးရင်း အမေ အားရပါးရစားနေတာကို ကြည့်နေမိတယ်
စားကောင်းလိုက်တာ ဒီအချိန်စားရရင်ဘယ်လိုအရသာရှိမှန်းမသိဘူး မစားရရင် အိပ်လို့ကိုမရဘူး အမေက လက်ဆေးရင်း ကျေနပ်စွာပြောနေပါတယ်။
လွန်ခဲ့တဲ့တနှစ်လောက်အထိ အမေဟာ မုန့်ဟင်းခါးကိုဘယ်တော့မှမစား ဘယ်လိုမှမကြိုက်အမြဲခါးခါးသီးသီးငြင်းခဲ့သူပါ။
အသက်ကြီးလာတဲ့ အရွယ်အိုလူကြီးတွေကာညနေစာ စားချိန်မှာ မဆာသေးပဲ စားလိုက်ရတာဖြစ်ဖြစ်ညနေစာကို မတင်းတိမ်လိုက်တာဖြစ်ဖြစ်တရေးနိုးချိန်မှာ
ဗိုက်တအားဆာပီးနိုးလာတတ်တယ်။ဒီအချိန်မှာ တခုခုစားချင်တာပေါ့ ။မီးဖိုချောင်ထဲဝင်ပီး စားစရာဘာရှိလဲထ ရှာစားလေ့ရှိတယ်။
သား သမီး သမက် ချွေး မ မှီခို နေရတဲ့ သက်ကြီးရွယ်အိုများဘယ်လောက်သနားစရာကောင်းလိုက်မလဲ
သည်သဘာဝကိုမသိထားရင် ..ညနေကကျွေးတုန်းကတော့ မဆာဘူးလိုလို မစားချင်ဘူးလိုလို အိုက်တင်ခံနေပြီးညမှ ထစားတယ်ဆိုပီး အထင်လွဲခံရတတ်ပါတယ် ။အငြိုငြင်ခံရတတ်ပါတယ်။
မကြာမတင်က နေမကောင်းများဖြစ်ထားရင် ပိုဆိုးတာပေါ့။ သားသမီးရင်းကအစဖုတ်ဝင်တယ်ထင်ပီး ဖုတ်ထုတ်မယ်လုပ်တတ်ကြပါသေးတယ်သက်ကြီးရွယ်အိုသဘာဝ နားလည်နိုင်ကြပါစေ။
အမေ့ကို ကြည့်ရင်းစဉ်းစားမိတာတခုက ငါ့အမေများ တကယ်ဖုတ်ဝင်နေရင်တယ်ဆိုရင်တောင်
အဲသည်ဖုတ်ကောင်ကို ကျေးဇူးတင်အုံးမှာ … လို့ အမေ့ကို လှုပ်ရှားသွားလာရက် အသက်ရှင်လျက်ပုံစံမျိုးတွေ့နေရလို့လေ
မိအို ဖအို မွေးမြူပြုစု ရင်း ကုသိုလ်ယူနိုင်ကြပါစေ။
Credit
အသကျ ၉၀ အမေ
Credit
Leave a Reply