အိမ်မှာ သောင်းကျန်းနေတဲ့ ကြမ်းပိုးတွေကို လွယ်လွယ်ကူကူ ငွေကုန်သက်သာစွာနဲ့ အမျိုးပြုတ်အောင် လုပ်နည်:

အိမ်မှာ သောင်းကျန်းနေတဲ့ ကြမ်းပိုးတွေကို လွယ်လွယ်ကူကူ ငွေကုန်သက်သာစွာနဲ့ အမျိုးပြုတ်အောင် လုပ်နည်း

အိမ်မှာကြမ်းပိုးတွေ အလွန်သောင်းကျန်းလို့ စိတ်ညစ်နေရရင်
ဒီနည်းလမ်းလေးကိုပြုလုပ်ကြည့်ပါ

မိဘများက မိမိတို့ရဲ့ ရင်သွေးကလေးများကို ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ် လူဖြစ်လာကတည်းက ဝါးဖတ်တော်

ကစီဓာတ်နဲ့လူဖြစ်အောင် ကျွေးမွေးလာခဲ့ကြတဲ့အပြင် ခြင်၊ ကြမ်းပိုး မထိုးရအောင် ဂရုစိုက်ခဲ့ကြပါတယ်။

ညကျရင် ကလေးအိပ်ရာထဲမှာ ကြမ်းပိုးရှာပေးရတာနဲ့ မအိပ်ရတဲ့ မိဘတွေရှိကြပါတယ်။ မေတ္တာပို့တဲ့အထဲမှာ ကြွက်၊ ခြင် ၊ ယင်၊ ကြမ်းပိုး ဤလေးမျိုး မပါဘူးလို့ ဆိုကြသူတွေလဲရှိကြပါတယ်။

လူများများ နေကြရတဲ့ဆေးရုံ၊ အချုပ်ခန်း၊ စာသင်ကျောင်း၊ ဘော်ဒါ၊ စာသင်တိုက်၊ မီးရထား၊ ထောင် စတာတွေမှာ ကြမ်းပိုးရန်ကြောင့် စိတ်ညစ်နေရပါတယ်။

အဲဒီလောက်တောင် ဒုက္ခပေးနေတဲ့ ကြမ်းပိုးကို အမျိုးမျိုးသောနည်း၊ အမျိုးမျိုးသော ဆေးဝါးတွေနဲ့ အကြိမ်ကြိမ်နှိမ်နင်းခဲ့ကြပါတယ်။ ခေါင်းမူးတာပဲ အဖတ်တင်ပါတယ်။

ကြမ်းပိုးသတ်ဆေးရောင်းသူတွေက တိုက်ဆောက်ပြီး ကြမ်းပိုးတွေကသာ ပိုဝလာကြပါတယ်။

ခုတော့ နည်းကောင်းရပါပြီ။ တစ်နေ့မှာတော့ ပုဂံကုန်းရွာက လူငယ် ကိုရွှေမောင် ရောက်လာပါတယ်။

ကျွန်တော့်ဧည့်ခန်းမှာ ဖင်တကြွကြွ။ ဆရာ့အိမ်က ကြမ်းပိုး ကိုက်တယ်ဗျာတဲ့။ အေးကွာ။

ငါစိတ်ညစ်နေတာ နှစ်ပေါင်း ၃၀ ရှိပြီ။ ဘယ်လိုမှ နိမ်နင်းလို့မရဘူး ဆိုတော့ ကိုရွှေမောင်က လွယ်လွယ်လေး လုပ်ပြသွားပါတယ်။

ဖူဂျီခရင်ဆပ်ပြာကို နဲနဲကော်ပြီး ရေနဲ့ဖျော်ပါတယ်။ ပြီးတော့ ဆေးထိုးပိုက် တစ်ချောင်းရှာပြီး ကြမ်းကြားတွေထဲ ထိုးပန်းလိုက်ရာ ကြမ်းပိုးတွေ ကြမ်းပေါ်တက်လာပြီး ဖင်ကြီးတွေထောင် ေ သ လိုက်ကြတာ တစ်စက္ကန့်လောက် အတွင်းမှာ အတုံးအရုန်းပဲ။

တကယ်လို့ ပိုက် ရှာမရရင် ဖလားထဲ အဝတ်နှစ်ပြီး အဝတ်ကိုကြမ်းကြားထဲ ညှစ်ချရင်လဲရပါတယ်။

တစ်အိမ်လုံး တစ်ကျောင်းလုံး ဖျန်းမယ်ဆိုရင်တော့ ဆေးဖျန်းပုံးနဲ့ ကြမ်းကြားပေါ်ရော ကြမ်းအောက်က ဆင့်ကြားတွေပါ ဖျန်းပက်ပါ။

လွယ်လွယ်ကူကူ ငွေကုန်သက်သာစွာနဲ့ ကြမ်းပိုးမျိုးပြုတ်သွားမှာပါ။ ကဲ ကြမ်းပိုးကိုက်လို့ စိတ်ညစ်နေကြသူများ ခုလက်တွေ့ စမ်းကြည့်လိုက်ပါ။

အဆင်ပြေရင် ပြေကြောင်းလေး တစ်ခြားသူများကိုလဲ မျှဝေပေးပါဗျာ။

Unicode

Crd