ရန်ကုန်မှ မန္တလေးသို့ သွားသော ရထားပေါ်တွင် ဖြစ်သွားခဲ့တဲ့ ဖြစ်ရပ်ကြီ..See more. .

zawgyi

ရန္ကုန္မွ မႏၲေလးသို႔ သြားေသာ ရထားေပၚတြင္ ျဖစ္သြားခဲ့တာ ျဖစ္ပါသည္။

ရထားေပၚမွာ ပါလာတဲ့ ခရီးသည္ တစ္ဦးရဲ႕ လက္ထဲမွာ ေဟာင္းႏြမ္းေနတဲ့ ၅၀၀ တန္အစုတ္ ေလး တစ္႐ြက္

သူက လာသမွ် ေဈးသည္ေတြကို အဲဒီပိုက္ဆံ ေလးနဲ႔ လိုက္ ဝယ္ေနတယ္။

ဒါေပမယ့္ ေဈးသည္ ေတာ္ေတာ္မ်ားမ်ားက ဒီပိုက္ဆံေလး ျပန္လဲေပး ပါဦး ဆိုၿပီး လဲခိုင္း တယ္။

ဒီေတာ့ သူစဥ္းစားေနတယ္ အင္း ဒီအတိုင္း ဝယ္ေနလို႔ကေတာ့ အဆင္ေျပမွာ မဟုတ္ဘူး

ငါ ေနာက္ဘူတာကို ေရာက္ရင္ ရထားထြက္ခါနီးမွ ပဲဝယ္မယ္ ဒီလိုဆိုရင္သူတို႔ ျပန္လဲခိုင္းလို႔ ရမွာမဟုတ္ေတာ့ဘူး

သူ႔ အႀကံနဲ႔သူကေတာ့ ဟုတ္လို႔ေပါ့ေနာက္လာမဲ့ ဘူတာမွာလည္း ေဈးသည္ တစ္ေယာက္ ရွိေနတယ္

သူက ရထား ထြက္ခါနီးမွ ထမင္းထုပ္ေတြ အေျပးအလႊား လိုက္ေရာင္းေနတာ

ဘူတာကိုလဲေရာက္ ရထားျပန္ထြက္ခါနီး ဥၾသလဲ ဆြဲေရာ ရထားဘီးေတြ ကလဲ တစ္လိမ့္ခ်င္း လိမ့္စျပဳလို႔ ဒီေတာ့မွ ေဈးသည္က

ထမင္းေတြရမယ္ ထမင္းေတြရမယ္ ပူပူေႏြးေႏြး ေလးေနာ္ တစ္ထုပ္မွ ၅၀၀ ပဲ ယူၾကဦးမလား

ငါးရာတန္ အစုတ္ ကိုင္ထားတဲ့ ခရီးသည္ကလဲ လာဦးဗ်ိဳ႕ တစ္ထုပ္ေလာက္ေပးပါ ဟုတ္ကဲ့ ေရာ့ေရာ

ပိုက္ဆံခ် ေပးလိုက္ေလ ခရီးသည္ကလဲ ပိုက္ဆံအစုတ္ေလး ထြက္သြားၿပီး ထမင္း ထုပ္ေလး ရလာေတာ့ သူ႔ကိုယ္သူ ဟုတ္လွၿပီေပါ့။

ေဈးသည္ကလဲ သူ႔ထမင္း တစ္ထုပ္က ပိုက္ဆံ ၅ ရာ ရတယ္ဆိုေတာ့ ဝမ္းသာ လို႔ေလ

ရထားေပၚက ပစ္ခ်လိုက္လို႔ ေလထဲဝဲေနတဲ့ ပိုက္ဆံေလးကို အမိအရ ဖမ္းၿပီးေတာ့မွ

ဟင္ ပိုက္ဆံက အစုတ္ႀကီးပါလား
ခရီးသည္ကလဲ ေဈးသည္ကို လွမ္းၾကည့္ သနားပါတယ္ ဆိုတဲ့ သေဘာေပါ့

ၿပီးေတာ့မွ ထမင္းစားမယ္ ဆိုၿပီး ထမင္းထုပ္ဖြင့္ လိုက္ေတာ့မွ ဟာ ထမင္းက အသိုးေတြပါလား

ဟ ေတာက္

မိတ္ေဆြတို႔ေရ ဒီ ဟင္ နဲ႔ ဟာ ကိုအႏွစ္ခ်ဳပ္ရင္

အစုတ္ေပးရင္ အပုပ္ရတယ္ စိတ္ထားေလးေတြ မေကာင္းသေ႐ြ႕ အက်ိဳးေပးလဲ ညံ့တတ္တယ္ဆိုတာ သတိရေစခ်င္လို႔ပါ။

လူအခ်င္းခ်င္း လွည့္ပတ္ျခင္း ကင္းရွင္းၾကပါေစ။

Credit

unicode

ရန်ကုန်မှ မန္တလေးသို့ သွားသော ရထားပေါ်တွင် ဖြစ်သွားခဲ့တာ ဖြစ်ပါသည်။

ရထားပေါ်မှာ ပါလာတဲ့ ခရီးသည် တစ်ဦးရဲ့ လက်ထဲမှာ ဟောင်းနွမ်းနေတဲ့ ၅၀၀ တန်အစုတ် လေး တစ်ရွက်

သူက လာသမျှ ဈေးသည်တွေကို အဲဒီပိုက်ဆံ လေးနဲ့ လိုက် ဝယ်နေတယ်။

ဒါပေမယ့် ဈေးသည် တော်တော်များများက ဒီပိုက်ဆံလေး ပြန်လဲပေး ပါဦး ဆိုပြီး လဲခိုင်း တယ်။

ဒီတော့ သူစဉ်းစားနေတယ် အင်း ဒီအတိုင်း ဝယ်နေလို့ကတော့ အဆင်ပြေမှာ မဟုတ်ဘူး

ငါ နောက်ဘူတာကို ရောက်ရင် ရထားထွက်ခါနီးမှ ပဲဝယ်မယ် ဒီလိုဆိုရင်သူတို့ ပြန်လဲခိုင်းလို့ ရမှာမဟုတ်တော့ဘူး

သူ့ အကြံနဲ့သူကတော့ ဟုတ်လို့ပေါ့နောက်လာမဲ့ ဘူတာမှာလည်း ဈေးသည် တစ်ယောက် ရှိနေတယ်

သူက ရထား ထွက်ခါနီးမှ ထမင်းထုပ်တွေ အပြေးအလွှား လိုက်ရောင်းနေတာ

ဘူတာကိုလဲရောက် ရထားပြန်ထွက်ခါနီး ဥသြလဲ ဆွဲရော ရထားဘီးတွေ ကလဲ တစ်လိမ့်ချင်း လိမ့်စပြုလို့ ဒီတော့မှ ဈေးသည်က

ထမင်းတွေရမယ် ထမင်းတွေရမယ် ပူပူနွေးနွေး လေးနော် တစ်ထုပ်မှ ၅၀၀ ပဲ ယူကြဦးမလား

ငါးရာတန် အစုတ် ကိုင်ထားတဲ့ ခရီးသည်ကလဲ လာဦးဗျို့ တစ်ထုပ်လောက်ပေးပါ ဟုတ်ကဲ့ ရော့ရော

ပိုက်ဆံချ ပေးလိုက်လေ ခရီးသည်ကလဲ ပိုက်ဆံအစုတ်လေး ထွက်သွားပြီး ထမင်း ထုပ်လေး ရလာတော့ သူ့ကိုယ်သူ ဟုတ်လှပြီပေါ့။

ဈေးသည်ကလဲ သူ့ထမင်း တစ်ထုပ်က ပိုက်ဆံ ၅ ရာ ရတယ်ဆိုတော့ ဝမ်းသာ လို့လေ

ရထားပေါ်က ပစ်ချလိုက်လို့ လေထဲဝဲနေတဲ့ ပိုက်ဆံလေးကို အမိအရ ဖမ်းပြီးတော့မှ

ဟင် ပိုက်ဆံက အစုတ်ကြီးပါလား
ခရီးသည်ကလဲ ဈေးသည်ကို လှမ်းကြည့် သနားပါတယ် ဆိုတဲ့ သဘောပေါ့

ပြီးတော့မှ ထမင်းစားမယ် ဆိုပြီး ထမင်းထုပ်ဖွင့် လိုက်တော့မှ ဟာ ထမင်းက အသိုးတွေပါလား

ဟ တောက်

မိတ်ဆွေတို့ရေ ဒီ ဟင် နဲ့ ဟာ ကိုအနှစ်ချုပ်ရင်

အစုတ်ပေးရင် အပုပ်ရတယ် စိတ်ထားလေးတွေ မကောင်းသရွေ့ အကျိုးပေးလဲ ညံ့တတ်တယ်ဆိုတာ သတိရစေချင်လို့ပါ။

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။

Credit