
zawgyi
အသက္ႀကီးသြားတဲ့အထိ ႏုပ်ိဳလွပေနဖို႔က အမ်ိဳးသမီးတိုင္းရဲ႕ဆႏၵပါ။ အၿမဲႏုပ်ိဳလွပေနဖို႔အတြက္ နည္းလမ္းေတြက မခက္ခဲပါဘူး။ အဲဒါေၾကာင့္ ကိုရီးယားမင္းသမီးေတြ အသက္ႀကီးတဲ့အထိ ႏုပ်ိဳလွပေနေအာင္ အၿမဲလုပ္ေလ့ရွိတဲ့ လွ်ိဳ႕ဝွက္ခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
၁။ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ေနထိုင္မႈပုံစံ
အသားအေရလွပဖို႔ က်န္းမာေရးက အေရးပါပါတယ္။ ကိုရီးယားအစားအစာအမ်ားစုက ဆီနည္းၿပီး အမွ်င္ဓာတ္မ်ားတဲ့ အစားအစာေတြပါပဲ။ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ ေနထိုင္စားေသာက္မႈျဖစ္ဖို႔
အသီးအ႐ြက္၊ ပ႐ိုတိန္း၊ အသီးအႏွံေတြကို မ်ားမ်ားစားပါ။ ကာဗိုဟိုက္ဒရိတ္ေတြကို ေလွ်ာ့စားၿပီး ေရမ်ားမ်ားေသာက္ပါ။ စိတ္ဖိစီးမႈကင္းေဝးေအာင္ ေနထိုင္ဖို႔နဲ႔ အိပ္ေရးဝဝအိပ္ဖို႔လည္း လိုအပ္ပါတယ္။
၂။ ဆန္ေဆးရည္
ဆန္ေဆးရည္က အေရျပားက်န္းမာေရးအတြက္ အမ်ားႀကီးအက်ိဳးရွိေစပါတယ္။ ဆန္ေဆးရည္နဲ႔ မ်က္ႏွာသစ္တာက မ်က္ႏွာက အေရးအေၾကာင္းေတြကို ကာကြယ္ေပးပါတယ္။ ေနေရာင္ျခည္နဲ႔ အသားအေရထိခိုက္တာကိုလည္း ဆန္ေဆးရည္က ျပဳျပင္ေပးပါတယ္။
၃။ မ်က္ႏွာအတြက္ brush
မ်က္ႏွာကို ႏူးညံ့တဲ့ brush အေျခာက္နဲ႔ ပြတ္တိုက္တာက ဆဲလ္ေသေတြကို ဖယ္ရွားေပးၿပီး မ်က္ႏွာအေရျပားရဲ႕ ေသြးလည္ပတ္မႈလည္း တိုးတက္လာေစပါတယ္။ မ်က္ႏွာေပၚက အေရးအေၾကာင္းေတြလည္း ေလွ်ာ့ခ်ေပးပါတယ္။ ဒါေပမယ့္ brush နဲ႔ ၾကမ္းၾကမ္းတမ္းတမ္း ပြတ္တိုက္လို႔ေတာ့ မျဖစ္ပါဘူး။
၄။ ဆန္နဲ႔ ပ်ားရည္ scrub
အာရွသူေတြက အလွအပအတြက္ ဆန္ကို ေတာ္ေတာ္မ်ားမ်ား အသုံးျပဳၾကပါတယ္။ မ်က္ႏွာက ေၾကးေတြ ကြၽတ္ၿပီး တင္းတင္းေျပာင္ေျပာင္ေလး လွဖို႔ဆိုရင္ အိမ္မွာတင္ scrub ျပဳလုပ္လို႔ရပါတယ္။
ဆန္မႈန႔္တစ္ခြက္နဲ႔ ပ်ားရည္လက္ဖက္ရည္ဇြန္း၂ ဇြန္းခန႔္ကို ေရာေမႊေပးပါ။ အဲဒီေနာက္မ်က္မွာမွာ ပြတ္တိုက္ေပး႐ုံပါပဲ။ မြဲေျခာက္ေနတဲ့အသားအေရကို ဆန္နဲ႔ ပ်ားရည္ scrub က စိုေျပလာေစပါတယ္။
၅။ Sunscreen
အသားအေရကို ထိန္းသိမ္းေစာင့္ေရွာက္ဖို႔ဆိုရင္ sunscreen ကို မျဖစ္မေနလိမ္းေပးဖို႔ လိုအပ္ပါတယ္။ မိုးအုံ႔တဲ့ေန႔ေတြမွာေတာင္ sunscreen လိမ္းသင့္ပါတယ္။
Sunscreen လိမ္းတာေၾကာင့္ အမည္းစက္နဲ႔ အေရးအေၾကာင္းေတြကို ကာကြယ္ၿပီး ျဖစ္ေစပါတယ္။
၆။ ဒိန္ခ်ဥ္ mask
ဒိန္ခ်ဥ္ထဲကို ပ်ားရည္၊ နႏြင္း၊ ရွားေစာင္းလက္ပတ္တို႔ကို ထည့္ေမႊပါ။ အဲဒီေနာက္ မ်က္ႏွာမွာလိမ္းေပးၿပီး ၁၅ မိနစ္ၾကာ ထားပါ။
၁၅ မိနစ္ေလာက္ထားၿပီးမွာ မ်က္ႏွာသစ္ပါ။ ဒိန္ခ်ဥ္ mask က အသားအေရကို ေရဓာတ္ျဖည့္ေပးတဲ့အျပင္ ဝင္းလက္မႈကိုပါ အပိုေပးပါေသးတယ္။
၇။ Mask ကပ္ျခင္း
ကိုရီးယားအမ်ိဳးသမီးေတြက အသားအေရလွဖို႔ Mask ကို ပုံမွန္ကပ္ေပးၾကပါတယ္။ မိမိရဲ႕အသားအေရေပၚမူတည္ၿပီး mask အမ်ိဳးအစားကို ေ႐ြးခ်ယ္လို႔ရပါတယ္။
ဥပမာအားျဖင့္ အေရးအေၾကာင္းေတြကို ကာကြယ္ဖို႔ဆိုရင္ ဗီတာမင္ C,E ,resveratrol, ferulic acid တို႔ပါဝင္တဲ့ Mask ကို ေ႐ြးခ်ယ္သင့္ပါတယ္။
၈။ Serum
အသားအေရထိန္းသိမ္းတဲ့အခါ Serum က မျဖစ္မေနပါသင့္ပါတယ္။ Serum က အသားအေရထိခိုက္လြယ္သူေတြအတြက္လည္း သင့္ေတာ္ပါတယ္။ မ်က္ႏွာက အေရးအေၾကာင္းေတြကိုလည္း ေလ်ာ့ပါးေစပါတယ္။ လိမ္းၿပီးသြားတဲ့အခါမွာလည္း မ်က္ႏွာမွာ ဆီေပေနသလို ေစးကပ္ကပ္လည္း မျဖစ္ပါဘူး။
၉။ အပင္ေတြက ထြက္တဲ့အဆီ
အုန္းဆီ၊ သံလြင္ဆီ စတဲ့ အဆီေတြကိုလည္း မ်က္ႏွာမွာ လိမ္းေပးလို႔ ရပါတယ္။ ဒီလိုသဘာဝအဆီေတြမွာ ဓာတုေဆးဝါးေတြ မပါပါဘူး။ မ်က္ႏွာကိုလည္း ေရဓာတ္ျဖည့္ေပးပါတယ္။
ဒါေပမယ့္ အခ်ိဳ႕ဓာတ္မတည့္သူေတြအတြက္ မသုံးသင့္ပါဘူး။ ေနေရာင္ျခည္နဲ႔ တိုက္႐ိုက္ထိေတြ႕မႈမရွိတဲ့အခ်ိန္ေတြမွာ သဘာဝအဆီေတြကို လိမ္းေပးလို႔ရပါတယ္။
၁၀။ Jade roller
Jade roller ဆိုတဲ့ပစၥည္းေလးက ေသးငယ္ေပမယ့္ အသားအေရအတြက္အရမ္းကို အက်ိဳးရွိပါတယ္။ တ႐ုတ္ႏိုင္ငံမွာ Jade roller ကို Qing မင္းဆက္ကတည္းက တီထြင္ခဲ့ၾကတာပါ။
Jade roller နဲ႔ မ်က္ႏွာကို ပြတ္တိုက္ေပးရင္ မ်က္ႏွာရဲ႕ေသြးလည္ပတ္မႈေတြ ေကာင္းလာပါတယ္။ မ်က္ႏွာေဖာေရာင္တာ သက္သာသြားၿပီး ေအးျမတဲ့ခံစားမႈကို ရရွိေစပါတယ္။
Bonus
The World of the Married ဇာတ္လမ္းတြဲထဲက မင္းသမီး Kim Hee Ae က အသက္ ၅၂ ႏွစ္ရွိေနၿပီျဖစ္ေပမယ့္ ႏုပ်ိဳေနရတဲ့ သူ႔ရဲ႕လွ်ိဳ႕ဝွက္ခ်က္ေတြကို အင္တာဗ်ဴးေတြမွာ ေျပာျပေလ့ရွိပါတယ္။
Kim Hee Ae က အိပ္ေရးဝဝအိပ္ၿပီး ေနပူဒဏ္ကို ေရွာင္ေၾကာင္း၊ မနက္ခင္းမွာ လတ္ဆတ္တဲ့အသီးကိုသာ စားသုံးေၾကာင္း ေဝမွ်ထားပါတယ္။
Credit – Zombie (lovemedia)
unicode
အသက်ကြီးသွားတဲ့အထိ နုပျိုလှပနေဖို့က အမျိုးသမီးတိုင်းရဲ့ဆန္ဒပါ။ အမြဲနုပျိုလှပနေဖို့အတွက် နည်းလမ်းတွေက မခက်ခဲပါဘူး။ အဲဒါကြောင့် ကိုရီးယားမင်းသမီးတွေ အသက်ကြီးတဲ့အထိ နုပျိုလှပနေအောင် အမြဲလုပ်လေ့ရှိတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့နေထိုင်မှုပုံစံ
အသားအရေလှပဖို့ ကျန်းမာရေးက အရေးပါပါတယ်။ ကိုရီးယားအစားအစာအများစုက ဆီနည်းပြီး အမျှင်ဓာတ်များတဲ့ အစားအစာတွေပါပဲ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုဖြစ်ဖို့
အသီးအရွက်၊ ပရိုတိန်း၊ အသီးအနှံတွေကို များများစားပါ။ ကာဗိုဟိုက်ဒရိတ်တွေကို လျှော့စားပြီး ရေများများသောက်ပါ။ စိတ်ဖိစီးမှုကင်းဝေးအောင် နေထိုင်ဖို့နဲ့ အိပ်ရေးဝဝအိပ်ဖို့လည်း လိုအပ်ပါတယ်။
၂။ ဆန်ဆေးရည်
ဆန်ဆေးရည်က အရေပြားကျန်းမာရေးအတွက် အများကြီးအကျိုးရှိစေပါတယ်။ ဆန်ဆေးရည်နဲ့ မျက်နှာသစ်တာက မျက်နှာက အရေးအကြောင်းတွေကို ကာကွယ်ပေးပါတယ်။ နေရောင်ခြည်နဲ့ အသားအရေထိခိုက်တာကိုလည်း ဆန်ဆေးရည်က ပြုပြင်ပေးပါတယ်။
၃။ မျက်နှာအတွက် brush
မျက်နှာကို နူးညံ့တဲ့ brush အခြောက်နဲ့ ပွတ်တိုက်တာက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး မျက်နှာအရေပြားရဲ့ သွေးလည်ပတ်မှုလည်း တိုးတက်လာစေပါတယ်။ မျက်နှာပေါ်က အရေးအကြောင်းတွေလည်း လျှော့ချပေးပါတယ်။ ဒါပေမယ့် brush နဲ့ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်လို့တော့ မဖြစ်ပါဘူး။
၄။ ဆန်နဲ့ ပျားရည် scrub
အာရှသူတွေက အလှအပအတွက် ဆန်ကို တော်တော်များများ အသုံးပြုကြပါတယ်။ မျက်နှာက ကြေးတွေ ကျွတ်ပြီး တင်းတင်းပြောင်ပြောင်လေး လှဖို့ဆိုရင် အိမ်မှာတင် scrub ပြုလုပ်လို့ရပါတယ်။
ဆန်မှုန့်တစ်ခွက်နဲ့ ပျားရည်လက်ဖက်ရည်ဇွန်း၂ ဇွန်းခန့်ကို ရောမွှေပေးပါ။ အဲဒီနောက်မျက်မှာမှာ ပွတ်တိုက်ပေးရုံပါပဲ။ မွဲခြောက်နေတဲ့အသားအရေကို ဆန်နဲ့ ပျားရည် scrub က စိုပြေလာစေပါတယ်။
၅။ Sunscreen
အသားအရေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုရင် sunscreen ကို မဖြစ်မနေလိမ်းပေးဖို့ လိုအပ်ပါတယ်။ မိုးအုံ့တဲ့နေ့တွေမှာတောင် sunscreen လိမ်းသင့်ပါတယ်။
Sunscreen လိမ်းတာကြောင့် အမည်းစက်နဲ့ အရေးအကြောင်းတွေကို ကာကွယ်ပြီး ဖြစ်စေပါတယ်။
၆။ ဒိန်ချဉ် mask
ဒိန်ချဉ်ထဲကို ပျားရည်၊ နနွင်း၊ ရှားစောင်းလက်ပတ်တို့ကို ထည့်မွှေပါ။ အဲဒီနောက် မျက်နှာမှာလိမ်းပေးပြီး ၁၅ မိနစ်ကြာ ထားပါ။
၁၅ မိနစ်လောက်ထားပြီးမှာ မျက်နှာသစ်ပါ။ ဒိန်ချဉ် mask က အသားအရေကို ရေဓာတ်ဖြည့်ပေးတဲ့အပြင် ဝင်းလက်မှုကိုပါ အပိုပေးပါသေးတယ်။
၇။ Mask ကပ်ခြင်း
ကိုရီးယားအမျိုးသမီးတွေက အသားအရေလှဖို့ Mask ကို ပုံမှန်ကပ်ပေးကြပါတယ်။ မိမိရဲ့အသားအရေပေါ်မူတည်ပြီး mask အမျိုးအစားကို ရွေးချယ်လို့ရပါတယ်။
ဥပမာအားဖြင့် အရေးအကြောင်းတွေကို ကာကွယ်ဖို့ဆိုရင် ဗီတာမင် C,E ,resveratrol, ferulic acid တို့ပါဝင်တဲ့ Mask ကို ရွေးချယ်သင့်ပါတယ်။
၈။ Serum
အသားအရေထိန်းသိမ်းတဲ့အခါ Serum က မဖြစ်မနေပါသင့်ပါတယ်။ Serum က အသားအရေထိခိုက်လွယ်သူတွေအတွက်လည်း သင့်တော်ပါတယ်။ မျက်နှာက အရေးအကြောင်းတွေကိုလည်း လျော့ပါးစေပါတယ်။ လိမ်းပြီးသွားတဲ့အခါမှာလည်း မျက်နှာမှာ ဆီပေနေသလို စေးကပ်ကပ်လည်း မဖြစ်ပါဘူး။
၉။ အပင်တွေက ထွက်တဲ့အဆီ
အုန်းဆီ၊ သံလွင်ဆီ စတဲ့ အဆီတွေကိုလည်း မျက်နှာမှာ လိမ်းပေးလို့ ရပါတယ်။ ဒီလိုသဘာဝအဆီတွေမှာ ဓာတုဆေးဝါးတွေ မပါပါဘူး။ မျက်နှာကိုလည်း ရေဓာတ်ဖြည့်ပေးပါတယ်။
ဒါပေမယ့် အချို့ဓာတ်မတည့်သူတွေအတွက် မသုံးသင့်ပါဘူး။ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုမရှိတဲ့အချိန်တွေမှာ သဘာဝအဆီတွေကို လိမ်းပေးလို့ရပါတယ်။
၁၀။ Jade roller
Jade roller ဆိုတဲ့ပစ္စည်းလေးက သေးငယ်ပေမယ့် အသားအရေအတွက်အရမ်းကို အကျိုးရှိပါတယ်။ တရုတ်နိုင်ငံမှာ Jade roller ကို Qing မင်းဆက်ကတည်းက တီထွင်ခဲ့ကြတာပါ။
Jade roller နဲ့ မျက်နှာကို ပွတ်တိုက်ပေးရင် မျက်နှာရဲ့သွေးလည်ပတ်မှုတွေ ကောင်းလာပါတယ်။ မျက်နှာဖောရောင်တာ သက်သာသွားပြီး အေးမြတဲ့ခံစားမှုကို ရရှိစေပါတယ်။
Bonus
The World of the Married ဇာတ်လမ်းတွဲထဲက မင်းသမီး Kim Hee Ae က အသက် ၅၂ နှစ်ရှိနေပြီဖြစ်ပေမယ့် နုပျိုနေရတဲ့ သူ့ရဲ့လျှို့ဝှက်ချက်တွေကို အင်တာဗျူးတွေမှာ ပြောပြလေ့ရှိပါတယ်။
Kim Hee Ae က အိပ်ရေးဝဝအိပ်ပြီး နေပူဒဏ်ကို ရှောင်ကြောင်း၊ မနက်ခင်းမှာ လတ်ဆတ်တဲ့အသီးကိုသာ စားသုံးကြောင်း ဝေမျှထားပါတယ်။
Credit – Zombie (lovemedia)