
မိန်းမယူပါ ရဲရဲ ကြီး သာ မိန်းမ ယူပစ်လိုက်ပါ
မိန်းမယူတယ်ဆိုတာ ဘာဖြစ်ဖြစ်ကောင်းတယ် မယားကောင်းရရင် ခင်ဗျားပျော်ရွှင်ရလိမ့်မယ်
မယားဆိုးရရင်တော့ ခင်ဗျားဟာအတွေးအခေါ်ပညာရှင် ဖြစ်လာလိမ့်မယ် ။(ဆိုကရေးတီး)
ဘာပဲဖြစ်ဖြစ် ယူစရာရှိတာ ယူပါ ချစ်တဲ့သူရှိရင် မြန်မြန်ယူပါ ချစ်သူမရှိရင် အဆင်ပြေတဲ့ နီးစပ်ရာကို ယူပါ ဘာပဲဖြစ်ဖြစ် မိန်းမယူတာ ကောင်းတယ်
ဘာကောင်းတာလည်း မသိရင် မိန်းမအရင်ယူပါ
အနည်းဆုံးတော့ အဖတ်တင်တယ် တခါတလေမှာ တယောက်တည်း ငတ်နေတာထက်
နှစ်ယောက်ပေါင်း ငတ်နေရတာ ရယ်နိုင်ပါသေးတယ်။
ချစ်ရသူနဲ့ တယောက်မျက်နှာ တယောက်ငေး…
အမလေးးးးးး ငတ်တာတောင် ဘယ်လောက် Romantic ဆန်လဲ။
ပြဿနာတွေကို တယောက်တည်းရင်ဆိုင်ရတာထက် ချစ်ရသူ လက်ကိုဆွဲ ခပ်ရဲရဲ ရင်ဆိုင်ပစ်လိုက်စမ်းပါ။
နှစ်ယောက်အတူတူဆိုတာရောက်သမျှ ဒုက္ခကိုတောင်ချိုမြိန်ဒုက္ခလို့ ကမ္ဗည်းမော်ကွန်းရှိခဲ့တယ်မဟုတ်လား။
ခင်ဗျားစီးပွားရေးအဆင်ပြေနေလား
မိန်းမယူလိုက်ပါ ..
ကိုယ်ရှာဖွေထားတဲ့ငွေကြေးတွေ၊အောင်မြင်မှုတွေကိုတယောက်တည်း အထီးကျန်စွာသုံးနေတာ၊
မိတ်ဆွေအတုတွေနဲ့ သုံးနေတာထက်စာရင်ကိုယ်ချစ်တဲ့ မိန်းမ နဲ့အတူ သုံးလိုက်ရတာပိုပြီး ကျေနပ်စရာကောင်းပါလိမ့်မယ်။
သာယာပျော်ရွှင်တဲ့ အိမ်ထောင်သည်ဘဝကိုရနိူင်ပါလိမ့်မယ် ။
စီးပွားရေးအဆင်မပြေသေးဘူးလား မိန်းမသာ ယူလိုက်ပါ
တယောက်တည်းဝင်ငွေထက်တော့နှစ်ယောက်ဝင်ငွေက ပိုကောင်းမယ်လေနောက်ဆုံး သူက စီးပွားမရှာဦးတော့အိမ်အလုပ်ကူလုပ်ပေးထားတော့ခင်ဗျား အလုပ်တွေ ပိုလုပ်နိုင်တာပေါ့ ။
အဆင်သင့်မဖြစ်သေးလို့ဆိုပြီး အချိန်ဆွဲမထားပါနဲ့
ယူစရာ ရှိတာ ရဲရဲသာ ယူပစ်လိုက်ပါ။
အရွယ်လေးရောက်ကာစကတည်းကအဆင်သင့်ဖြစ်ဖို့ ကြိုးစားလာကြရတာဘယ်သူကများ စိတ်တိုင်းကျ အဆင်သင့်ဖြစ်လို့လဲ။
ဒီလိုပဲ သူတလှည့် ကိုယ်တလှည့်အားကြိုးမာန်တက် လုပ်ရင်းကိုင်ရင်း၊ လုပ်ရင်း လုပ်ရင်းအဆင်သင့်ဖြစ်ခဲ့ရတာ၊ အဆင်ပြေခဲ့ကြတာချည်းပါပဲ။
ခင်ဗျား ကံတွေသိပ်ကောင်းနေသလား…
မိန်းမသာ ယူလိုက် ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့ကံတွေ မိန်းမတယောက်နဲ့အတူမျှဝေခံစားလိုက်ရတာ ဘယ်လောက်တောင် ကျေနပ်စရာကောင်းလိုက်လဲဗျာ ။
ခင်ဗျား ကံဆိုးနေလား
မိန်းမသာယူလိုက်
တချို့လူတွေက ကံတခြမ်းပဲ ပါတာ မိန်းမယူလိုက်မှာသာ နောက်တခြမ်းနဲ့ ဆက်မိပြီးကံကောင်းသွားကြတာလေ ။
ခင်ဗျားအလုပ်တွေ များနေလား မိန်းမ ယူလိုက်ပါ
တယောက်တည်း လုပ်တာထက်တော့နှစ်ယောက်လုပ်တာ ပိုပြီးနိုင်တယ်။
သူက မလုပ်နိူင်ဦးတော့ အနည်းဆုံးတော့ရေခပ်တိုက်ရင်ကို အမောပြေသေးတယ်လေ။
သူ့မျက်နှာလေး တစိမ့်စိမ့်ကြည့်မောလို့ မောမှန်းမသိပဲ အလုပ် လုပ်ရတာတွေးကြည့်ရုံနဲ့တောင် အလုပ်တွင်လှပါတယ်ဗျာ။
ခင်ဗျားမှာ လုပ်စရာအလုပ်မရှိဘူးလား။မိန်းမယူလိုက်ပါ။
အလိုလို လုပ်စရာပေါ်လာပါလိမ့်မယ်။ကိုယ်က လုပ်ချင်စိတ်ရှိဖို့ပဲ လိုတယ်။
မိန်းကလေးတွေရဲ့ ဖြတ်ထိုးဉာဏ်ဟာယောက်ျားတွေထက် ပိုကြီးပါတယ်။
ခင်ဗျားမစဉ်းစားမိတာတွေ စဉ်းစားမိပြီးခင်ဗျားလုပ်စရာတွေ ချပြပါလိမ့်မယ်။
ဟိုဟိုဒီဒီ စဉ်းစား တွေဝေမနေပါနဲ့
မိန်းမ ယူလိုက်ပါ
စဉ်းစားချိန်တောင်မကျန်အောင် ကျေနပ်နေလိမ့်မယ်
အိမ်ထောင်သည်တွေက မကောင်းဘူးပြောတိုင်းနားမယောင်ပါနဲ့ ။ ကောင်းတာတွေကျ သူတို့ကခင်ဗျားကို လာပြောမှာ မဟုတ်ဘူးလေ။တစိတ်ကို တအိပ်လုပ် မကောင်းတာလေးပဲ
ပုံကြီးချဲ့ပြောနေကြလိမ့်မယ်။ တကယ့်ကောင်းတာတွေကိုတော့ သူတို့ဘာသာ ကျိတ်ခံစားကြလိမ့်မယ်အားနေလား မိန်းမယူလိုက်…
အချိန်မလောက်မငှဖြစ်နေသလား
ကူညီစီမံခန့်ခွဲပေးမယ့် မိန်းမတယောက်တော့လိုပြီ။
အောင်မြင်တဲ့ ယောက်ျားတွေရဲ့နောက်ကွယ်မှာ ထက်မြက်တဲ့ မိန်းမတယောက်ရှိတယ်တဲ့။
ပျော်ရွှင်နေတဲ့ မိန်းမတယောက်ရဲ့ နောက်ကွယ်မှာ ကြင်နာတတ်တဲ့ ယောက်ျားတယောက်ရှိတယ်။
အောင်မြင် ပျော်ရွှင်သော ဘဝတွေကိုပိုင်ဆိုင်ဖို့…
ကဲပါ ဘာပဲဖြစ်ဖြစ် မိန်းမယူပစ်လိုက်စမ်းပါ။ဘာပဲဖြစ်ဖြစ် မိန်းမယူတယ်ဆိုတာ ကောင်းတယ်။
ယူဖြစ်အောင်သာ ယူပစ်လိုက်စမ်းပါ။ဟုတ်တာ မဟုတ်တာ နောက်ထားအနည်းဆုံးတော့ အဖတ်တင်တာပေါ့လေ
ဘာကောင်းတာလဲ မမေးနဲ့ ကျွန်တော်လဲမသိဘူး။
Leave a Reply