လူချစ်လူခင်ပေါဖို့ ဆောင်ရန် ရှောင်ရန်လေးများ
သော်တာမင်း
crd
unicode
လူချစ်လူခင်ပေါဖို့ ဆောင်ရန် ရှောင်ရန်လေးများ
လူချစ်၊လူခင် ပေါဖို ့ဖတ်ပေးပါ
(၁) ဖော်ဖော်ရွေရွေ ရှိပါ
ဖော်ဖော်ရွေရွေ ရှိပါ ဆိုတာကလူတိုင်းကို အောက်ကျို ့ပေါင်းရမယ်လို ့ဆိုလိုတာ မဟုတ်ပါဘူး။ကိုယ်နဲ ့ ရင်းနှီးတဲ့ သူတွေကို လမ်းမှာတွေ ့တဲ့အခါ လှမ်းနှုတ်ဆက်ပါ။
ပစ္စည်းတွေ မနိုင်မနင်း သယ်လာတဲ့အခါဝိုင်းကူ သယ်ပေးပါ။ကိုယ့်ရှိတာ ကျွေးပြီးသူ ့ရှိတာ စားပါ။
(၂)စကားကို ဆင်ဆင်ခြင်ခြင်ပြောပါ
စကားဆိုတာ ကား သွာတတ်တာကြောင့်စကားအမှားကို နည်းနိုင်သမျှ နည်းအောင်ပြောပါ။
စကားပြောတဲ့အခါ ချေငန် နေတဲ့ ပုံစံမျိုးမဟုတ်ပဲ ပြုံးပြုံးရွှင်ရွှင် ပြောပါ။အတင်းပြောခြင်း လုံးဝ လုံးဝရှောင်ကြဉ်ပါ။
(ဘာ့ကြောင့်ဆို သူတောင် သူများမကောင်းကြောင်းတွေ ပြောသေးတာပဲ။ငါ့ကိုလည်းပြောမှာပါ ဆိုတဲ့စိတ် တခြားသူဝင်သွားနိုင်ပါတယ်)
စကားပြောတဲ့ အခါ အထက်စီး ကနေဘယ်တော့မှ မပြောမိအောင် ဆင်ခြင်ပါ။သူများအကြောင်း စပ်စပ်စုစု မေးခြင်းကိုလည်းရှောင်ကြဉ်ပါ။
စကားကို ရှေ ့တစ်မျိူး ကွယ်ရာတစ်မျိူးပြောခြင်းရှောင်ကြဉ်ပါ။ဘုကလန့် ပြောခြင်း ရှောင်ကြဉ်ပါ။သူများကို စိတ်ဒဏ်ရာ ရစေမယ့်စကာမျိုးကို ရှောင်ကြဉ်ပါ။
(၃) ငါ ဆိုတဲ့ အတ္တစိတ်ကို ဖျောက်ပါ
ငါ့လောက် အဆင့်မရှိပဲ “ငါ့ကို ဒီလိုလုပ်တယ်”” ဒီလို စကားမျိုးပြောတယ် “ဆိုတဲ့စိတ်ကို ဖျောက်ပါ။ဒီစိတ်ဟာသင့်ကို လူတွေ အကြီးအကျယ် အမြင်ကပ်စေပါလိမ့်မယ်…….
ငါမရှိရင် မပြီးဘူး ဆိုတဲ့ စိတ်ကိုလည်းဖျောက်ပါ။သင်မရှိလည်း အချိန် တန်တဲ့အခါအရာအားလုံး ပြီးမြောက်သွားပါလိမ့်မယ်။အတ္တဆိုတာ ထားသင့်တဲ့ အရာတွေမဟုတ်ပါဘူး။
(၄) ပြုံးပြုံးလေးသာ နေပါ
အပြုံးတစ်ပွင့်ဟာ လောကကြီးကိုလှပစေသလို လူချစ်လူခင်လည်း ပေါများစေပါတယ် ခင်ဗျာ
“​သူက အမြဲ ပြုံးနေတာသူ့ကြည့်ရတာ အေးချမ်းလိုက်တာ” ဆိုတဲ့စကားတွေ ကျွန်တော့် ပတ်ဝန်းကျင် မှာခဏခဏ ကြားနေရပါတယ်။
(၅)ဇွတ်တရွတ် လုပ်တတ်တဲ့ အကျင့်ဖျောက်ပစ်ပါ
ငါ့ကိုယ်ငါ ပိုင်တယ် ဆိုတဲ့ ဇွတ်တရွတ် နိုင်တဲ့အတွေးတွေက သင့်ကို လမ်းမှားရောက်စေသလိုလူချစ်လူခင်လည်း နည်းစေပါတယ်။
အလုပ် တစ်ခုကိုမလုပ်ခင်က စဉ်းစားပါ။လုပ်ပြီးမှ နောင်တရတာက အပိုပါပဲခင်ဗျာ။ကြွားဝါတတ်သော အကျင့်ကို ဖျောက်ပါ။
“သူက တစ်အားကြွားတာ သောက်မြင်ကပ်စရာသိပ်ကောင်းတာပဲ”ဆိုတဲ့ စကားတွေ ကျွန်တော် ခဏခဏ ကြားဖူးပါတယ်
ဒါကြောင့် ကြွားဝါ ပြောဆိုတတ်ခြင်းရှောင်ကြဉ်ပါ။ထစ်ခနဲ ့ဆို ဒေါသထွက်တတ်တဲ့ အကျင့်ကိုဖျောက်ပါ။
ဒေါသဆိုတာ ကိုယ့်ကိုယ်ကို ပူလောင်စေသလိုသူများကိုလည်း ပူလောင်စေပါတယ်။ဒေါသကြီးတတ်သူတွေကို လူတိုင်းကြောက်တတ်ကြပါတယ်။
ထစ်ခနဲ ့ရှိ စိတ်ဆိုးဒေါသ ထွက်တတ်သူကိုဘယ်သူမှ အပေါင်းအသင်း မလုပ်ချင်သလိုဘယ်သူမှလည်း ချစ်ခင်မှာ မဟုတ်ပါဘူး။ဟာသညဏ်ရွှင်သူဖြစ်အောင် ကြိုးစားပါ။
ဟာသညဏ် ရွှင်သူကို လူတိုင်း ချစ်ခင်ကြသလိုဟာသလုပ်တတ်သူ ပြောတတ်သူကိုလူတိုင်း ပေါင်းသင်းချင်ကြပါတယ်။ဟာသညဏ်ပဲ ရွှင်ပါ။ပေါတောတော တော့ မနေမိပါစေနဲ ့
(သူငယ်ချင်း အရင်းတွေကြားမှာတော့နေချင်သလို နေပါ။ သူစိမ်းတွေနဲ ့တွေ့တဲ့အခါစကားလုံးတွေ အပေါစားဆန်ဆန် မပြောမိပါစေနဲ့။သင့်ကို လူတွေ အထင်သေးသွားတတ်ပါတယ်)
ကူညီ တတ်သူဖြစ်အောင် ကြိုးစားပါ။(ငွေရေးကြေးရေး ကိစ္စ မပါ)
အငြိုးအတေးထားတတ်တဲ့ အကျင့်ဖျောက်ပါ။ရန်လိုတတ်တဲ့ အကျင့်ကို ဖျောက်ပါ။မနာလိုတတ်တဲ့ အကျင့်ကိုဖျောက်ပါ။သူများ အပေါ် အပစ်ပုံချတတ်တဲ့ အကျင့်ကိုဖျောက်ပါ။
ဒီအချက်တွေကို သေချာလိုက်နာမယ် ဆိုရင်သူဟာ လူချစ်လူခင် ပေါတဲ့သူတစ်ယောက်ဖြစ်ပါပြီခင်ဗျာ…..။ ။
သော်တာမင်း
crd