
“အိုးဋီကာ” ေဂါင္းၾကီးတို႔အတြက္ အိုးေရြးနည္း နိပ္သရည္း.
“အိုးဋီကာ” ေဂါင္းၾကီးတို႔အတြက္ အိုးေရြးနည္း နိပ္သရည္း.
“အိုးဋီကာ”
မိန္းမ ဆိုတဲ႔အမ်ိဳ းက ေျမအိုးလိုပဲ…ငါ႕သား..
အေဖတို႔လို “ေရ”…ဆိုတဲ႔ ေယာက်ၤ ားသာ မရွိရင္ ေမွာက္ထားရံုသက္သက္ပဲ၊ အိုးအျပင္ႏွဳတ္ခမ္းမွာ ပိုးမ်ွင္တန္းၿပီး ရွက္ေနရံုပဲေလ ။ သူတို႔ကို လက္ထပ္ရတာက ဆက္စပ္သမ်ွ အေၾကာင္းအက်ိဳး အေကာင္းအဆိုး ဒြန္တြဲ ရိုးရိုးေလး ေတြးမယ္ဆို အိုးေရြးဝယ္ရသလိုပဲေပါ႕ကြယ္ ။..
အနယ္မနာ မီးမက်က္၊ ကြဲအက္လြယ္တဲ႔အမ်ိဳးကို စပ္္စလူးအိုးလို႔ ေခၚသကြဲ႔ ဘယ္ေတာ့မွ မဝယ္နဲ႔ေနာ္ ။ မီးေပးနာထားလို႔ ဧည့္သည္လာတိုင္း အရွက္ခြဲ မ်က္ႏွာမည္းတဲ႔အိုးမ်ိဳး ေလ်ွ ာ့ေစ်းနဲ႔ေရာင္းေတာင္ မ်က္ေစာင္းမထိုးမိေစနဲ႔ကြဲ႕ ။..
ေရဘယ္ေလာက္ ဖ်န္း ဖ်န္း မေက်မခ်မ္းနဲ႔ အၿမဲတမ္း ဆူဆူပူပူ ႏွဳတ္ခမ္းထူတဲ႔အိုးမ်ား ဘယ္သူက အလကားေပးေပး ယူဖို႔မေတြးေလနဲ႔…သားေရ ။..
အဖိုးနည္း ရင္ အိုးကြဲပဲ ရမတဲ႔၊ အိုးေရြးမွန္မွလည္းအက်ိဳးေပးသန္မွာပဲ မဟုတ္လား ။…
အိုးႀကီး အိုးေသး တစ္မ်ိဳးၿပီး တစ္မ်ိဳးေရြး ေၾကးတိုးေပးဖို႔ အိုးေစ်းတန္းကေတာ့ ေသြးတိုးစမ္းေနဦးမွာပဲ…သားေရ ။… အက္ေၾကာင္းတေလ်ွာက္ မိတ္ကပ္နဲ႔ေဖ် ာက္ထားတဲ႔ ေပါက္ၿပီးသား အိုးေတြ……။..
မလွိမ္႔တစ္ပတ္နဲ႔ စိမ္႔တတ္တဲ႔ အိုးေတြ……။ လည္သိမ္ ေအာက္ကား ေဆာင့္ၾကြားၾကြား အိုးေတြ……။.. ကႏုတ္မ်ားမ်ားေရး အရုပ္အသားေပး အိုးေတြ……။ ကန္႔သတ္ခ်က္ မရွိဘူး ႏွံ႔စပ္ေအာင္ ေလ်ွာက္ၾကည့္ ပတ္ပတ္လည္ ေျမွာက္ၾကည့္ လက္နဲ႔ ေခါက္ၾကည့္
“ေဒါက္”…လို႔ အသံထြက္ရင္ ေပါက္ထြက္မယ့္အိုး လို႔မွတ္ “ဒပ္”…လို႔ ထြက္တဲ႔အသံ လက္မခံပါေလနဲ႔ အက္သံပါေနသတဲ႔ကြယ္။ နားထဲမွာ ၾကည္လင္ “ေဒါင္”…လို႔ ျမည္ရင္ေတာ့ ပီျပင္တဲ႔အိုး ရပေဟ့…..
အဖိုးအခ ေစ်းမ်ားလည္း အေျပးအလႊားဝယ္ တေလးတစားသာ သယ္ခဲ႔ေတာ့…..အဲဒါ တို႔ဘိုးေဘးေတြ လက္ထက္ကတည္းက အိုးေရြးတဲ႔အခ်က္ပဲ…ငါ႕သား ။..
ေစ်းဝယ္ဆိုမွေတာ့ ေစ်းလယ္ထိေတာ့ ေရာက္ေအာင္သြား တန္းထားတဲ႔အိုးေတြ ရွိတယ္။..လမ္းသလားတဲ႔အိုးေတြ ရွိတယ္၊ အေနသန္႔တဲ႔ အိုးအေကာင္းေတြရွိတယ္၊ ေျမညံ႕တဲ႔ အိုးအေဟာင္းေတြရွိတယ္။..
အဖိုးသားနား အနည္းအမ်ား အမ်ိ ဳ းအစားလည္း ကြဲျပားတယ္၊ အိုးမမွားဖို႔……ႀကိဳ းစားဖို႔က အမ်ိဳ းသားတိုင္း သေဘာေပါက္..ေဟာတစ္ေယာက္…ေဟာတစ္ေယာက္နဲ႔ အခ်ိဳးေျပ မေျပသိရေအာင္ အိုးေတြသာ လိုက္ေခါက္ၾကည့္ေပေတာ့…သားေရ ။
crd
“အိုးဋီကာ” ဂေါင်းကြီးတို့အတွက် အိုးရွေးနည်း နိပ်သရည်း.
“အိုးဋီကာ”
မိန်းမ ဆိုတဲ့အမျို းက မြေအိုးလိုပဲ…ငါ့သား..
အဖေတို့လို “ရေ”…ဆိုတဲ့ ယောင်္ကျ ားသာ မရှိရင် မှောက်ထားရုံသက်သက်ပဲ၊ အိုးအပြင်နှုတ်ခမ်းမှာ ပိုးမျှင်တန်းပြီး ရှက်နေရုံပဲလေ ။ သူတို့ကို လက်ထပ်ရတာက ဆက်စပ်သမျှ အကြောင်းအကျိုး အကောင်းအဆိုး ဒွန်တွဲ ရိုးရိုးလေး တွေးမယ်ဆို အိုးရွေးဝယ်ရသလိုပဲပေါ့ကွယ် ။..
အနယ်မနာ မီးမကျက်၊ ကွဲအက်လွယ်တဲ့အမျိုးကို စပ်စလူးအိုးလို့ ခေါ်သကွဲ့ ဘယ်တော့မှ မဝယ်နဲ့နော် ။ မီးပေးနာထားလို့ ဧည့်သည်လာတိုင်း အရှက်ခွဲ မျက်နှာမည်းတဲ့အိုးမျိုး လျေှ ာ့ဈေးနဲ့ရောင်းတောင် မျက်စောင်းမထိုးမိစေနဲ့ကွဲ့ ။..
ရေဘယ်လောက် ဖျန်း ဖျန်း မကျေမချမ်းနဲ့ အမြဲတမ်း ဆူဆူပူပူ နှုတ်ခမ်းထူတဲ့အိုးများ ဘယ်သူက အလကားပေးပေး ယူဖို့မတွေးလေနဲ့…သားရေ ။..
အဖိုးနည်း ရင် အိုးကွဲပဲ ရမတဲ့၊ အိုးရွေးမှန်မှလည်းအကျိုးပေးသန်မှာပဲ မဟုတ်လား ။…
အိုးကြီး အိုးသေး တစ်မျိုးပြီး တစ်မျိုးရွေး ကြေးတိုးပေးဖို့ အိုးဈေးတန်းကတော့ သွေးတိုးစမ်းနေဦးမှာပဲ…သားရေ ။… အက်ကြောင်းတလျှောက် မိတ်ကပ်နဲ့ဖျေ ာက်ထားတဲ့ ပေါက်ပြီးသား အိုးတွေ……။..
မလှိမ့်တစ်ပတ်နဲ့ စိမ့်တတ်တဲ့ အိုးတွေ……။ လည်သိမ် အောက်ကား ဆောင့်ကြွားကြွား အိုးတွေ……။.. ကနုတ်များများရေး အရုပ်အသားပေး အိုးတွေ……။ ကန့်သတ်ချက် မရှိဘူး နှံ့စပ်အောင် လျှောက်ကြည့် ပတ်ပတ်လည် မြှောက်ကြည့် လက်နဲ့ ခေါက်ကြည့်
“ဒေါက်”…လို့ အသံထွက်ရင် ပေါက်ထွက်မယ့်အိုး လို့မှတ် “ဒပ်”…လို့ ထွက်တဲ့အသံ လက်မခံပါလေနဲ့ အက်သံပါနေသတဲ့ကွယ်။ နားထဲမှာ ကြည်လင် “ဒေါင်”…လို့ မြည်ရင်တော့ ပီပြင်တဲ့အိုး ရပဟေ့…..
အဖိုးအခ ဈေးများလည်း အပြေးအလွှားဝယ် တလေးတစားသာ သယ်ခဲ့တော့…..အဲဒါ တို့ဘိုးဘေးတွေ လက်ထက်ကတည်းက အိုးရွေးတဲ့အချက်ပဲ…ငါ့သား ။..
ဈေးဝယ်ဆိုမှတော့ ဈေးလယ်ထိတော့ ရောက်အောင်သွား တန်းထားတဲ့အိုးတွေ ရှိတယ်။..လမ်းသလားတဲ့အိုးတွေ ရှိတယ်၊ အနေသန့်တဲ့ အိုးအကောင်းတွေရှိတယ်၊ မြေညံ့တဲ့ အိုးအဟောင်းတွေရှိတယ်။..
အဖိုးသားနား အနည်းအများ အမျိ ု းအစားလည်း ကွဲပြားတယ်၊ အိုးမမှားဖို့……ကြို းစားဖို့က အမျို းသားတိုင်း သဘောပေါက်..ဟောတစ်ယောက်…ဟောတစ်ယောက်နဲ့ အချိုးပြေ မပြေသိရအောင် အိုးတွေသာ လိုက်ခေါက်ကြည့်ပေတော့…သားရေ ။
crd
Leave a Reply