
အချစ်ဆိုတာ ရုပ်ရည်ထက် စိတ်သဘောထားက ပိုအရေးကြီးပါတယ်။ ရုပ်ဘယ်လောက်လှလှ စိတ်သဘောထားမကောင်းရင် ကိုယ်ဖက်ကပဲ ခံရတတ်ပါတယ်။ ရုပ်ဘယ်လောက်ပဲဆိုးဆိုး စိတ်သဘောထားကောင်းရင် ပျော်ရွှင်တဲ့ဘဝလေးကို ဖန်တီးနိုင်ပါတယ်နော်။ ခုလည် ရုပ်လှတာကိုမက်ပြီး ငယ်ရွယ်တဲ့ကောင်မလေးကို ကြိုက်မိလို့ သူဌေးဘဝကနေ ငမွဲဘဝရောက်သွားတဲ့ အသက် 70 အရွယ် အဘိုးတယောက်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
အသက် ၇၀ အရွယ်ရှိနေပြီဖြစ်တဲ့ တရုတ်နိုင်ငံ ဖူကျန်းပြည်နယ်မှ ဘီလျံနာအဖိုးအိုတစ်ဦးဟာ သူ၏ဇနီးသည် သေဆုံးသွားခဲ့သောကြောင့် တစ်ယောက်တည်း အထီးကျန်နေခဲ့ပါတယ်။ထို့ကြောင့် ဘဝ၏ကူဖော်လောင်ဖက်တစ်ဦးကို ရှာဖွေနေခဲ့ချိန်တွင် လိုင်းပေါ်မှတစ်ဆင့် အသက် ၃၅ နှစ်အရွယ် ဘဏ်မန်နေဂျာ မိန်းမလှလေးနဲ့ တွေ့ဆုံခဲ့ရပါတယ်။
ထို့နောက် စကားများပြောကြည့်ပြီး ၃ ရက်အကြာတွင် ချစ်သူရည်းစားများ ဖြစ်သွားခဲ့ကြပါတယ်။ ရည်းစားဖြစ်ပြီး မကြာမီအချိန်မှာဘဲ အမျိုးသမီးဟာ ကားလုပ်ငန်းတစ်ခုတွင် ရင်းနှီးမြှုပ်နှံရန် အတွက်ဟုဆိုကာ VND နှစ်ဘီလီယံကို တောင်းခံခဲ့ပါတယ်။ သူဋ္ဌေးကြီးဟာလည်း အမျိုးသမီးကို ယုံကြည်ကာ ထုတ်ပေးခဲ့မိပါတယ်။
နောက်ပိုင်းတွင် ကောင်မလေးဟာ အမျိုးမျိုးအကြောင်းပြပြီး များပြားလှသော ငွေကြေးများကို အမြဲတောင်းခံ နေခဲ့ပါတယ်။ကြာလာသောအခါ ကောင်မလေးဟာ အဆက်အသွယ်ဖြတ်ပြီး အဖိုးအိုကို ထားသွားခဲ့ပါတယ်။ အဖိုးအိုဟာ ရဲများကို အကူအညီတောင်းထားပြီး ရဲများဟာလည်း စုံစမ်းမှုများကို လုပ်ဆောင်ပေးနေတယ်ဟု သိရပါတယ်။
အများကတော့ အဖိုးကိုသနားကြသလို တချို့ကလဲ နှာဘူးထချင်တာခံပေါ့ဆိုပြီး ပြစ်တင်ပြောဆိုကြပါတယ်။ ဘာပဲဖြစ်ဖြစ် အဖိုးကလဲ နှာပူးမထသင့်သလို မိန်းခလေးကလဲ ဒီလောက်ငွေအများကြီးကို မလိမိသင့်ပါဘူးနော်။ မိတ်ဆွေတို့ အလိမ်ခံရခြင်းမှ ကင်းဝေးကြပါစေ။
crd-original writer
Zawgyi
အခ်စ္ဆိုတာ ႐ုပ္ရည္ထက္ စိတ္သေဘာထားက ပိုအေရးႀကီးပါတယ္။ ႐ုပ္ဘယ္ေလာက္လွလွ စိတ္သေဘာထားမေကာင္းရင္ ကိုယ္ဖက္ကပဲ ခံရတတ္ပါတယ္။ ႐ုပ္ဘယ္ေလာက္ပဲဆိုးဆိုး စိတ္သေဘာထားေကာင္းရင္ ေပ်ာ္႐ႊင္တဲ့ဘဝေလးကို ဖန္တီးႏိုင္ပါတယ္ေနာ္။ ခုလည္ ႐ုပ္လွတာကိုမက္ၿပီး ငယ္႐ြယ္တဲ့ေကာင္မေလးကို ႀကိဳက္မိလို႔ သူေဌးဘဝကေန ငမြဲဘဝေရာက္သြားတဲ့ အသက္ 70 အ႐ြယ္ အဘိုးတေယာက္အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္။
အသက္ ၇၀ အ႐ြယ္ရွိေနၿပီျဖစ္တဲ့ တ႐ုတ္ႏိုင္ငံ ဖူက်န္းျပည္နယ္မွ ဘီလ်ံနာအဖိုးအိုတစ္ဦးဟာ သူ၏ဇနီးသည္ ေသဆုံးသြားခဲ့ေသာေၾကာင့္ တစ္ေယာက္တည္း အထီးက်န္ေနခဲ့ပါတယ္။ထို႔ေၾကာင့္ ဘဝ၏ကူေဖာ္ေလာင္ဖက္တစ္ဦးကို ရွာေဖြေနခဲ့ခ်ိန္တြင္ လိုင္းေပၚမွတစ္ဆင့္ အသက္ ၃၅ ႏွစ္အ႐ြယ္ ဘဏ္မန္ေနဂ်ာ မိန္းမလွေလးနဲ႔ ေတြ႕ဆုံခဲ့ရပါတယ္။
ထို႔ေနာက္ စကားမ်ားေျပာၾကည့္ၿပီး ၃ ရက္အၾကာတြင္ ခ်စ္သူရည္းစားမ်ား ျဖစ္သြားခဲ့ၾကပါတယ္။ ရည္းစားျဖစ္ၿပီး မၾကာမီအခ်ိန္မွာဘဲ အမ်ိဳးသမီးဟာ ကားလုပ္ငန္းတစ္ခုတြင္ ရင္းႏွီးျမႇဳပ္ႏွံရန္ အတြက္ဟုဆိုကာ VND ႏွစ္ဘီလီယံကို ေတာင္းခံခဲ့ပါတယ္။ သူေ႒းႀကီးဟာလည္း အမ်ိဳးသမီးကို ယုံၾကည္ကာ ထုတ္ေပးခဲ့မိပါတယ္။
ေနာက္ပိုင္းတြင္ ေကာင္မေလးဟာ အမ်ိဳးမ်ိဳးအေၾကာင္းျပၿပီး မ်ားျပားလွေသာ ေငြေၾကးမ်ားကို အၿမဲေတာင္းခံ ေနခဲ့ပါတယ္။ၾကာလာေသာအခါ ေကာင္မေလးဟာ အဆက္အသြယ္ျဖတ္ၿပီး အဖိုးအိုကို ထားသြားခဲ့ပါတယ္။ အဖိုးအိုဟာ ရဲမ်ားကို အကူအညီေတာင္းထားၿပီး ရဲမ်ားဟာလည္း စုံစမ္းမႈမ်ားကို လုပ္ေဆာင္ေပးေနတယ္ဟု သိရပါတယ္။
အမ်ားကေတာ့ အဖိုးကိုသနားၾကသလို တခ်ိဳ႕ကလဲ ႏွာဘူးထခ်င္တာခံေပါ့ဆိုၿပီး ျပစ္တင္ေျပာဆိုၾကပါတယ္။ ဘာပဲျဖစ္ျဖစ္ အဖိုးကလဲ ႏွာပူးမထသင့္သလို မိန္းခေလးကလဲ ဒီေလာက္ေငြအမ်ားႀကီးကို မလိမိသင့္ပါဘူးေနာ္။ မိတ္ေဆြတို႔ အလိမ္ခံရျခင္းမွ ကင္းေဝးၾကပါေစ။
crd-original writer