ဖုန်းရဲ့ကင်မရာကို အသုံးပြုပြီး တသောင်းတန်ငွေ အတုအစစ် လွဲကူစွာခွဲခြားနည်း

ငွေအတုဆိုတာ ငွေကြေးတိုင်း နိုင်ငံတိုင်းမှာ ရှိတတ်ပါတယ်နော်။ မသမာသူတွေဟာ ငွေအတုတွေလုပ်ပြီး အလွယ်တကူ ချမ်းသာနေကြပါတယ်။ ဒါကိုထိန်းချုပ်ဖို့ နိုင်ငံတိုင်းမှာ ဥပဒေတွေ စုံစမ်းဖော်ထုတ်ရေးတွေ ပြုလုပ်ကြပါတယ်။

မြန်မာနိုင်ငံမှာလဲ ခုလိုနိုင်ငံရေး မတည်ငြိမ်တဲ့အချိန်မှာ ငွေအတုတွေဟာ နေကာတော်တော်များများမှာ ပျံနံ့နေပါတယ်။ အတုတွေ ပေါများနေတဲ့ ခုလိုခေတ်ကြီးထဲမှာ တန်ဖိုးကြီးတဲ့ တစ်သောင်းတန်တွေကို အတုရိုက်ပြီး အွန်လိုင်းမှာ ရောင်းချနေတာတွေကြောင့် ကိုယ့်လက်ထဲရောက်လာတဲ့ ပိုက်ဆံဟာ အတုဖြစ်နေမလားဆိုပြီး လူတိုင်းသံသယစိတ် ဖြစ်မိတတ်ကြပါတယ်။

ငွေအတုအစစ် စစ်ဆေးနိုင်ဖို့ ငွေစက္ကူစစ်ဆေးတဲ့ ဓာတ်မီးတွေ ငွေရေစက်တွေ ရှိပေမယ့် ဒီပစ္စည်းတွေက လူတိုင်းလက်ထဲမှာ အလွယ်တကူရှိနေတတ်တဲ့ ပစ္စည်းတွေ မဟုတ်ပါဘူး။ ဒီခေတ်မှာ လူတိုင်းရဲ့လက်ထဲမှာ အလွယ်တကူရှိနေတာကတော့ စမတ်ဖုန်းတွေပါပဲ။

သက်လက်ထဲမှာရှိတဲ့ဖုန်းနဲ့ ငွေအတုအစစ် လွယ်ကူစွာ စစ်ဆေးနိုင်တယ်နော်။ အရင်ဆုံး သင့်ဖုန်းမှာပါဝင်တဲ့ ကင်မရာဟာ ဆယ်ဖီဆွဲဖို့တင်မက ငွေအတုအစစ်ကိုပါ စစ်ဆေးလို့ရပါတယ်။

အရင်ဆုံး ငွေအတုအစစ် စစ်ဆေးမယ်ဆိုရင် သင့်ဖုန်းရဲ့ ကင်မရာကို ဖွင့်လိုက်ပါ။ ကင်မရာ Setting ထဲက macro ကိုရွေးပြီး ငွေစက္ကူဘေးနားလေးကို သေချာချိန်ပြီး ရိုက်ရင်အစစ်မှာ security printing work ဆိုတဲ့ စာတန်းပေါ်ပြီး အတုဆိုရင် အစက်တွေပဲ တွေ့ရမှာ ဖြစ်ပါတယ်။

အရမ်းသေးငယ်တဲ့ Print နည်းပညာကို အတုထုတ်တဲ့စက်နဲ့ လိုက်လုပ်ဖို့ မလွယ်ပါဘူး။ ငွေစက္ကူအစစ်ကို Scan ဖတ်ပြီး ကာလာ Printer နဲ့ထုတ်မယ်ဆိုရင်လဲ security printing work ဆိုတဲ့ စာတန်းကို ပေါ်အောင် Sacn မဖတ်နိုင်ပါဘူး။ ဒါကြောင့် Sacn ဖတ်ပြီး ထုတ်ထားတဲ့ အတုမှာ security ဆိုတဲ့ စာတန်းမပေါ်ဘဲ အစက်တွေပဲ ပေါ်နေတာ ဖြစ်ပါတယ်။

ဒီအစက်လေးတွေဖြစ်နေရင် ဒါဟာငွေအတုဆိုတာ အသေအချာပြောနိုင်ပါတယ်နော်။ ခုလိုအချိန်မှာ ခုလိုမျှဝေပေးတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်နော်။ အားလုံး ငွေအတုဘေးမှ ကင်းဝေးကြပါစေနော်။

Photo : Credit
crd-original writer

Zawgyi

ေငြအတုဆိုတာ ေငြေၾကးတိုင္း ႏိုင္ငံတိုင္းမွာ ရွိတတ္ပါတယ္ေနာ္။ မသမာသူေတြဟာ ေငြအတုေတြလုပ္ၿပီး အလြယ္တကူ ခ်မ္းသာေနၾကပါတယ္။ ဒါကိုထိန္းခ်ဳပ္ဖို႔ ႏိုင္ငံတိုင္းမွာ ဥပေဒေတြ စုံစမ္းေဖာ္ထုတ္ေရးေတြ ျပဳလုပ္ၾကပါတယ္။

ျမန္မာႏိုင္ငံမွာလဲ ခုလိုႏိုင္ငံေရး မတည္ၿငိမ္တဲ့အခ်ိန္မွာ ေငြအတုေတြဟာ ေနကာေတာ္ေတာ္မ်ားမ်ားမွာ ပ်ံနံ႔ေနပါတယ္။ အတုေတြ ေပါမ်ားေနတဲ့ ခုလိုေခတ္ႀကီးထဲမွာ တန္ဖိုးႀကီးတဲ့ တစ္ေသာင္းတန္ေတြကို အတု႐ိုက္ၿပီး အြန္လိုင္းမွာ ေရာင္းခ်ေနတာေတြေၾကာင့္ ကိုယ့္လက္ထဲေရာက္လာတဲ့ ပိုက္ဆံဟာ အတုျဖစ္ေနမလားဆိုၿပီး လူတိုင္းသံသယစိတ္ ျဖစ္မိတတ္ၾကပါတယ္။

ေငြအတုအစစ္ စစ္ေဆးႏိုင္ဖို႔ ေငြစကၠဴစစ္ေဆးတဲ့ ဓာတ္မီးေတြ ေငြေရစက္ေတြ ရွိေပမယ့္ ဒီပစၥည္းေတြက လူတိုင္းလက္ထဲမွာ အလြယ္တကူရွိေနတတ္တဲ့ ပစၥည္းေတြ မဟုတ္ပါဘူး။ ဒီေခတ္မွာ လူတိုင္းရဲ႕လက္ထဲမွာ အလြယ္တကူရွိေနတာကေတာ့ စမတ္ဖုန္းေတြပါပဲ။

သက္လက္ထဲမွာရွိတဲ့ဖုန္းနဲ႔ ေငြအတုအစစ္ လြယ္ကူစြာ စစ္ေဆးႏိုင္တယ္ေနာ္။ အရင္ဆုံး သင့္ဖုန္းမွာပါဝင္တဲ့ ကင္မရာဟာ ဆယ္ဖီဆြဲဖို႔တင္မက ေငြအတုအစစ္ကိုပါ စစ္ေဆးလို႔ရပါတယ္။

အရင္ဆုံး ေငြအတုအစစ္ စစ္ေဆးမယ္ဆိုရင္ သင့္ဖုန္းရဲ႕ ကင္မရာကို ဖြင့္လိုက္ပါ။ ကင္မရာ Setting ထဲက macro ကိုေ႐ြးၿပီး ေငြစကၠဴေဘးနားေလးကို ေသခ်ာခ်ိန္ၿပီး ႐ိုက္ရင္အစစ္မွာ security printing work ဆိုတဲ့ စာတန္းေပၚၿပီး အတုဆိုရင္ အစက္ေတြပဲ ေတြ႕ရမွာ ျဖစ္ပါတယ္။

အရမ္းေသးငယ္တဲ့ Print နည္းပညာကို အတုထုတ္တဲ့စက္နဲ႔ လိုက္လုပ္ဖို႔ မလြယ္ပါဘူး။ ေငြစကၠဴအစစ္ကို Scan ဖတ္ၿပီး ကာလာ Printer နဲ႔ထုတ္မယ္ဆိုရင္လဲ security printing work ဆိုတဲ့ စာတန္းကို ေပၚေအာင္ Sacn မဖတ္ႏိုင္ပါဘူး။ ဒါေၾကာင့္ Sacn ဖတ္ၿပီး ထုတ္ထားတဲ့ အတုမွာ security ဆိုတဲ့ စာတန္းမေပၚဘဲ အစက္ေတြပဲ ေပၚေနတာ ျဖစ္ပါတယ္။

ဒီအစက္ေလးေတြျဖစ္ေနရင္ ဒါဟာေငြအတုဆိုတာ အေသအခ်ာေျပာႏိုင္ပါတယ္ေနာ္။ ခုလိုအခ်ိန္မွာ ခုလိုမွ်ေဝေပးတဲ့ သူေတြအားလုံးကို ေက်းဇူးတင္ပါတယ္ေနာ္။ အားလုံး ေငြအတုေဘးမွ ကင္းေဝးၾကပါေစေနာ္။

Photo : Credit

crd-original writer