လိ.င်အင်္ဂါနဲ့တူသော မြွေ (penis snake)
ဘရာဇီး မိုးသစ်တောမှာ မူလက တွေ့ရှိခဲ့ရတဲ့ Atretochoana လို့ခေါ်တဲ့ ဒီ penis snake လိင်အင်္ဂါနဲ့တူသော မြွေ ဟာ သက်ရှိလောကမှာ တကယ်တည်ရှိတဲ့ တိရစ္တာန်တစ်ကောင်လည်း ဖြစ်ပါတယ်။
လိင်တံမြွေ ဟာ သူ့ရဲ့ လိင်အင်္ဂါနဲ့တူတဲ့ အသွင်အပြင်ကြောင့် လူသိများပြီး အဆုတ်မပါတဲ့ မြေကြီးတီကောင် မျိုးစိတ်များထဲမှာ အကြီးဆုံး ဖြစ်ပါတယ်။
တကယ်တမ်းတော့ penis snake လို့ ခေါ်ကြပေမဲ့ ဒီမျိုးစိတ်တွေဟာ မြွေနဲ့ အသွက်အပြင်ခြင်း တူသော်လည်း မြေကြီးတီကောင် အကြီးမျိုးတွေသာ ဖြစ်ကြပါတယ်။
၁၈၀၀ ခုနှစ်များ နှောင်းပိုင်းက လေ့လာရေး ခရီးတစ်ခုမှာ တွေ့ရှိခဲ့ပြီး အဆိုပါ caecilian မျိုးစိတ်များ ကို တူညီသောဒေသမှာပဲ ၂၀၂၁ ခုနှစ်မှာ ထပ်မံပြီး ပြန်လည် ရှာဖွေတွေ့ရှိခဲ့ရာမှာ သူ့ရဲ့အသွင်အပြင်ကြောင့် လူတွေက စနောက်ကြရင်း အင်တာနက်တစ်ခွင်မှာ နာမည်ကြီး လာခဲ့ပါတယ်။
ဒီမြွေဟာ ကုန်းနေ ရေနေ သတ္တဝါတစ်ကောင်ဖြစ်ပြီး မြစ်ချောင်း အင်းအိုင်တွေမှာ အနေများပါတယ်။
သူတို့ခန္ဓာကိုယ် ပတ်ပတ်လည်မှာတော့ သွေးကြောတွေနဲ့တူတဲ့ အကွင်းများ ပါရှိပြီး မြွေတစ်ကောင်လို ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားပါတယ်။
ဦးခေါင်းပိုင်းကတော့ လိင်တံလိုပဲ ကျယ်ဝန်း ပြန့်ကားနေပြီး နှာခေါင်းပေါက်များ ကျယ်ဝန်းတဲ့ ပါးစပ်နဲ့ ပြန့်ကားတဲ့ ပါးတို့ ပါရှိပါတယ်။
နောက်ဘက် ဆူးတောင်ကိုလည်း တွေ့ရပါတယ် အဆုတ် လုံးဝ မပါတာကြောင့် သူ့ရဲ့သွေးကြောမျှင်များဟာ အောက်ဆီဂျက် ဖလှယ်မှုကို ခွင့်ပြုတဲ့ အရေပြားကို ဖြည့်ပေးပြီး အခြားသက်ရှိသတ္တဝါများမှာ မတွေ့ရနိုင်တဲ့ ဦးခေါင်းခွံရှိ ကြွက်သားများဟာ ထင်ရှားနေပါတယ်။
ဒီမျိုးစိတ်တွေဟာ များသောအားဖြင့် အရွယ်အစား ၄.၃ မှ ၆၃.၀ လက်မ အထိ ရှိကြပါတယ်။
ဒီဘက်ခေတ်မှာ တွေ့ရှိခဲ့ရတဲ့ ဘရာဇီးက မြွေကတော့ အရှည် ၃၁.၇ လက်မ ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ သဘာဝ ထိန်းသိမ်း စောင့်ရှောက်ရေး သမဂ္ဂကတော့ အချက်အလက်တွေ နည်းပါးလွန်းတာကြောင့် လိင်တံမြွေကို အချက်အလက်မဲ့အဖြစ် စာရင်းသွင်းခဲ့ပါတယ်။
ဒီတိရစ္ဆာန်ကိုလည်း အထူးအဆန်းလို့ သိပ္ပံပညာရှင်များက ယူဆကြပါတယ်။လိင်တံမြွေတွေအတွက် အဓိက ခြိမ်းခြောက်မှုမှာ သူတို့ နေထိုင်ရာမြေကို ပြောင်းလဲခြင်းနဲ့ ရေနုတ်မြောင်းတွေကို ဆုံးရှုံးနိုင်စေတဲ့ ပြောင်းလဲမှုများ ပါဝင်နေပါတယ်။
ပိုးသတ်ဆေးများ ဓာတ်မြေသြဇာများနဲ့ အခြား ညစ်ညမ်းစေတဲ့ ဓာတုပစ္စည်းများကို အသုံးပြုခြင်းဟာ လိင်တံမြွေ အရေအတွက် ကျဆင်းစေခဲ့ပါတယ်။
ဒီမြွေတွေဟာ နဂိုကတည်းမှ ၅ နှစ်ကနေ ၁၀ နှစ်အထိပဲ အသက်ရှင်ကြတာပါ။သူတို့ဟာ အချို့သော ငှက်ကြီးတွေရဲ့ သားကောင်ဖြစ်ကြပြီး သူတို့ကတော့ ငါးသေးလေးများ သန်ကောင်များနဲ့ ရေနေသတ္တဝါ ငယ်လေးတွေကို စားသုံးကြပါတယ်။
တကယ်တော့ ဒီမြေကြီး တီကောင်တွေဟာ လူရဲ့လိင်တံနဲ့တူတာကြောင့် နာမည်ပြောင် မျိုးစုံရရှိထားခဲ့ပြီး အဲဒီထဲက penis snake လိင်တံမြွေ ကတော့ လူတွေ အသုံးအများဆုံး နာမည် ဖြစ်လာခဲ့တာပါ။
အဆုတ် မပါရှိတာကြောင့်လည်း သူ့ရဲ့ အသက်ရှင်ပုံကို သုတေသီတွေက မဖော်ထုတ်နိုင်ခဲ့ကြပြီး တီကောင်မျိုးနွယ်ဖြစ်ပေမဲ့လည်း ကြွင်းတူပြီး မြေကြီးထဲမှာ နေတာမျိုးမဟုတ်ဘဲ ရေထဲမှာသာ အနေများတာကလည်း ထူးခြားပါတယ်။
Amazon နှင့် Madeira မြစ်များမှာ လိင်တံမြွေများကို တွေ့ပြီးနောက် သူတို့တွေဟာ ရေထဲမှာဆိုရင်ပိုပြီး ကောင်းမွန်စွာ နေထိုင်ကြတယ်လို့ ကောက်ချက် ချခဲ့ကြပါတယ်။
အဆုတ် မပါတာကြောင့်လည်း အရေပြားကို အသုံးပြုပြီး အောက်ဆီဂျင်ကို ရယူတယ်လို့ ထင်ကြေးပေးနေကြပါတယ်။
ဒါ့အပြင် ဘရာဇီးနိုင်ငံရဲ့ အမေဇုန်မြစ်နဲ့ အမေဇုန်မြစ်ရဲ့ အကြီးဆုံး မြစ်လက်တက်များမှာ တွေ့ရှိရတဲ့ လိင်တံမြွေကို ကမ္ဘာပေါ်ရှိ အခြားဘယ်နေရာမှာမှ ရှာမတွေ့သေးပါဘူး။

Credit
Leave a Reply