“အပေါ်ယံကြည့်ပြီး မလှောင်ပါနဲ့ သားရယ်…ရှက်စရာမဟုတ်ပါ”….

“အပေါ်ယံကြည့်ပြီး မလှောင်ပါနဲ့ သားရယ်…ရှက်စရာမဟုတ်ပါ”….

မလှောင်ပါနဲ့သားရယ်ရှက်စရာမဟုတ်ပါ

ဝေးလံခေါင်သီတဲ့ ဒေသကနေ ဘုရားလာဖူးတဲ့ အဘွားတွေကို လူငယ်တစ်ယောက် ဓာတ်ပုံရိုက်ပြီး မစူးစမ်းမဆင်ခြင်ဘဲ Onlineပေါ် တင်လိုက်တယ်

သူတင်လိုက်တဲ့ပုံက ခဏအတွင်းမှာပဲ ပြန့်သွားပြီး တစ်ချို့က လှောင်ကြ တစ်ချို့က မလှောင်သင့်ကြောင်းပြောကြတာပေါ့။ ဒါကို အဲ့ဒီလူငယ်က မသိသေးပါဘူးအဲ့ဒီနောက် အဘွားတွေရှိရာကို သွားပြီး အဘွားတစ်ယောက်ကို သွားမေးတယ်

လူငယ် ဘွားဘွား တစ်ခုလောက်မေးပါရစေ? ဘွား> ရပါတယ် မေးပါ သား လူငယ် ဘွားဘွားတို့က ဘုရားဖူးလာတာဆိုရင် ဘာဖြစ်လို့ဝတ်ကောင်းစားလှ ဝတ်ပြီး မလာကြတာလဲ? သားတို့ မြို့ကြီးက လူတော်တော်များများက ဘုရားဖူးသွားကြရင် ဝတ်ကောင်းစားလှတွေ ဝတ်ကြတယ်

ဘွား ဒီလိုကွဲ့သား အဘွားတို့က ဘုရားကို ဖူးဖို့ပဲလာတာ ဘုရားဖူးဖို့. ဝတ်ကောင်းစားလှတွေဝတ်မှ ဖူးရမယ်လို့ ဘုရားကဟောလို့လားသား အဓိကက စိတ်ပဲသားရဲ့

ဘွား အဘွားတို့. ဖိနပ်ကို ခါးကြားညှပ်လို့. သားက လှောင်ရယ်ချင် ရယ်နေလိမ့်မယ်… ဒါက သားတို့ မြို့ပြက လူတွေကို မယုံလို့လည်း မဟုတ်ပါဘူး ဖိနပ်ပျောက်မှာ ကြောက်လို့လည်း မဟုတ်ပါဘူးသား

ဘွား ကိုယ့်ဖိနပ်တွေကို ကိုယ်နဲ့တပါးတည်းယူသွားတော့ အပ်ခမကုန်တော့ဘူး လူတွေများတဲ့ ဘုရားပေါ်မှာ ဖိနပ်တွေလည်းများမှာလေ. အဲ့ဒီအခါ တိုးဝှေ့လိုက်ရှာစရာမလိုတဲ့အတွက် အချိန်မကုန်တော့ဘူး လိုရာခရီးကို မြန်မြန်သွားနိုင်တာပေါ့ သား

လူငယ် ဟုတ်ကဲ့ ဘွားဘွား လူတွေ ဝိုင်းကြည့်ပြီးရယ်တော့ ဘွားဘွားတို့ ရှက်လား ?

ဘွား မရှက်ပါဘူးသားရဲ့ သူများပစ္စည်းကို အဘွားတို့ခိုးပြီး ယူလာတာမှ မဟုတ်တာ..လူငယ် > ဟုတ် ဘွားဘွား ။ ဘွားဘွားတို့ဆီမှာလည်း အဲ့လိုပဲနေကြတာလား?

ဘွား ဟုတ်တယ် သား အဘွားတို့ဆီမှာက ဝတ်ကောင်းစားလှ ဝတ်ပြီး စိတ်ဓာတ်မကောင်းတဲ့သူတွေကို အထင်မကြီးကြဘူး…ဆင်းရဲပေမဲ့ စိတ်ထားကောင်းတဲ့သူတွေကိုပဲ အဘွားတို့ အထင်ကြီးတယ်

အဲ့ဒါကြောင့် သား လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး မလှောင်ပါနဲ့လို့ အဘွားမှာချင်တယ်

Maichitthu & ခင်တင့်တင့်လှိုင် ဗုဒ္ဓအရိပ် ပြန်လည်မျှဝေပေးပါသည်

ရွှင်လန်းချမ်းမြေ့ကြပါစေ မေတ္တာများစွာဖြင့်

မေလွာင္ပါနဲ႔သားရယ္ရွက္စရာမဟုတ္ပါ

ေဝးလံေခါင္သီတဲ့ ေဒသကေန ဘုရားလာဖူးတဲ့ အဘြားေတြကို လူငယ္တစ္ေယာက္ ဓာတ္ပုံ႐ိုက္ၿပီး မစူးစမ္းမဆင္ျခင္ဘဲ Onlineေပၚ တင္လိုက္တယ္

သူတင္လိုက္တဲ့ပုံက ခဏအတြင္းမွာပဲ ျပန႔္သြားၿပီး တစ္ခ်ိဳ႕က ေလွာင္ၾက တစ္ခ်ိဳ႕က မေလွာင္သင့္ေၾကာင္းေျပာၾကတာေပါ့။ ဒါကို အဲ့ဒီလူငယ္က မသိေသးပါဘူးအဲ့ဒီေနာက္ အဘြားေတြရွိရာကို သြားၿပီး အဘြားတစ္ေယာက္ကို သြားေမးတယ္

လူငယ္ ဘြားဘြား တစ္ခုေလာက္ေမးပါရေစ? ဘြား> ရပါတယ္ ေမးပါ သား လူငယ္ ဘြားဘြားတို႔က ဘုရားဖူးလာတာဆိုရင္ ဘာျဖစ္လို႔ဝတ္ေကာင္းစားလွ ဝတ္ၿပီး မလာၾကတာလဲ? သားတို႔ ၿမိဳ႕ႀကီးက လူေတာ္ေတာ္မ်ားမ်ားက ဘုရားဖူးသြားၾကရင္ ဝတ္ေကာင္းစားလွေတြ ဝတ္ၾကတယ္

ဘြား ဒီလိုကြဲ႕သား အဘြားတို႔က ဘုရားကို ဖူးဖို႔ပဲလာတာ ဘုရားဖူးဖို႔. ဝတ္ေကာင္းစားလွေတြဝတ္မွ ဖူးရမယ္လို႔ ဘုရားကေဟာလို႔လားသား အဓိကက စိတ္ပဲသားရဲ႕

ဘြား အဘြားတို႔. ဖိနပ္ကို ခါးၾကားညႇပ္လို႔. သားက ေလွာင္ရယ္ခ်င္ ရယ္ေနလိမ့္မယ္… ဒါက သားတို႔ ၿမိဳ႕ျပက လူေတြကို မယုံလို႔လည္း မဟုတ္ပါဘူး ဖိနပ္ေပ်ာက္မွာ ေၾကာက္လို႔လည္း မဟုတ္ပါဘူးသား

ဘြား ကိုယ့္ဖိနပ္ေတြကို ကိုယ္နဲ႔တပါးတည္းယူသြားေတာ့ အပ္ခမကုန္ေတာ့ဘူး လူေတြမ်ားတဲ့ ဘုရားေပၚမွာ ဖိနပ္ေတြလည္းမ်ားမွာေလ. အဲ့ဒီအခါ တိုးေဝွ႔လိုက္ရွာစရာမလိုတဲ့အတြက္ အခ်ိန္မကုန္ေတာ့ဘူး လိုရာခရီးကို ျမန္ျမန္သြားႏိုင္တာေပါ့ သား

လူငယ္ ဟုတ္ကဲ့ ဘြားဘြား လူေတြ ဝိုင္းၾကည့္ၿပီးရယ္ေတာ့ ဘြားဘြားတို႔ ရွက္လား ?

ဘြား မရွက္ပါဘူးသားရဲ႕ သူမ်ားပစၥည္းကို အဘြားတို႔ခိုးၿပီး ယူလာတာမွ မဟုတ္တာ..လူငယ္ > ဟုတ္ ဘြားဘြား ။ ဘြားဘြားတို႔ဆီမွာလည္း အဲ့လိုပဲေနၾကတာလား?

ဘြား ဟုတ္တယ္ သား အဘြားတို႔ဆီမွာက ဝတ္ေကာင္းစားလွ ဝတ္ၿပီး စိတ္ဓာတ္မေကာင္းတဲ့သူေတြကို အထင္မႀကီးၾကဘူး…ဆင္းရဲေပမဲ့ စိတ္ထားေကာင္းတဲ့သူေတြကိုပဲ အဘြားတို႔ အထင္ႀကီးတယ္

အဲ့ဒါေၾကာင့္ သား လူတစ္ေယာက္ကို အေပၚယံၾကည့္ၿပီး မေလွာင္ပါနဲ႔လို႔ အဘြားမွာခ်င္တယ္

Maichitthu & ခင္တင့္တင့္လႈိင္ ဗုဒၶအရိပ္ ျပန္လည္မွ်ေဝေပးပါသည္

႐ႊင္လန္းခ်မ္းေျမ့ၾကပါေစ ေမတၱာမ်ားစြာျဖင့္

Be the first to comment

Leave a Reply

Your email address will not be published.


*