
ခါကာဘိုရာဇီတောင်က ကချင်မလေးကို ကြင်ဖော်အဖြစ်ရွေးချယ်မိတဲ့ ယောကျာ်းတစ်ယောက်ရဲ့ကိုယ်တွေ့ဖြစ်ရပ် …
ဖ တ် ရင်း ဖတ်ရင်းနဲ့ ဆက်မရီနိုင်တော့ဘူး ကြင်ဖော်ရွေးမယ်ဆိုရင်တစ်ချိန်တုန်းက ကချင်မလေးတွေဆို ခါကာဘိုရာဇီတောင်က ရေခဲမှုံလေးတွေလိုဆွတ်ဆွတ်ဖြူပြီး နူးညံ့မယ်လို့ ထင်ခဲ့ဖူးတာ..ဒါပေမယ့် မြင်တွေ့ခဲ့သမျှကတော့ ပွယောင်းယောင်းအသားနဲ့ ဘာအရက်လာလာ ကိုယ်နဲ့ အပြိုင်သောက်နိုင်တဲ့စကေးပဲ မယုံရင် လုလုအောင်ကို မိတ်ကပ်မလိမ်းခိုင်းဘဲ သွားကြည့်..
က ယားမလေးတွေကျပြန်တော့ အေးလွန်းတယ်.. တစ်ချို့ အဲဒီကလာတဲ့သူတွေရဲ့ အိမ်ကိုသွားလည်ဖူးတော့.. နာရီဝက်သာကြာသွားတယ်.. သူ့ဆီက စကားတစ်ခွန်း မထွက်ဘူး.. သစ္စာတော့ ရှိတယ်.. အနေအေးပြီး စကားနည်းလွန်းလို့ ဆီလီကွန်အရုပ်ဝယ်တာမှ ကိုယ့်အတွက် ပိုအဆင်ပြေမှာ..
ကရင်မလေးကတော့ နှစ်တော်တော်ကြာနေခဲ့တော့ ကောင်းကောင်းသိတယ်..မြို့ပေါ်ကရင်နဲ့ ရွာကရင် ကတော့ နည်းနည်းကွာတာရှိတယ်.. ရွာမှာနေတဲ့ ကရင် သစ္စာရှိချက်က ကိုယ့်ယောက်ျား အိမ်မှာအရက်ထိုင် သောက်ခိုင်းပြီး သူက ယာထဲကိုင်းထဲ ဆင်းတတ်တဲ့အမျိုး… သစ္စာရှိတယ်.. ခြေသလုံးတုတ်တယ်.. ဝက်သားကြိုက်တယ်.. ခက်တာက သူတို့ခန္ဓာကိုယ်ကို ထိန်းသိမ်းလို့ထိန်းသိမ်းရမှန်း ဘယ်ကရင်မလေးမှ ခုထိမသိကြသေးဘူး..
ချင်း ဆိုတဲ့အသံကတော့ ကြားရင်ကို ရင်ခုန်တယ်.. မြန်မာနိုင်ငံမှာအလှဆုံးနဲ့အလန်းဆုံး မိန်းကလေးတွေက တီးတိန်မှာ ရှိတယ်.. ရှိသာရှိတာ.. ချင်းလူမျိုးအချင်းချင်းကလွဲရင် ကျန်တာကို စိတ်မဝင်စားဘူး.. စိတ်ဝင်စားရင်လဲ နှလုံးသားပိုင်ရင် လူပါပိုင်တယ်။ အချစ်ရေးမှာ ပွင့်လင်းတော့..၉ တန်းဆို ဒီမိုကရေစီ ရနေပြီ..
မွန်ကတော့ မော်လမြိုင်မှာ နှစ်နည်းနည်းနေဖူးလို့ နည်းနည်းတော့သိသလိုပဲ.. တစ်ယောက်ချင်းဆီကတော့လှတယ်. အမျိုးတွေစုံရင်တော့လူရွှင်တော် မေတ္တာပြောသလို နို့ဆီခွက်တွေ ဒန်အိုးထဲထည့်ပြီး ခလှောက်သလားမှတ်ရအောင် ကလုံကလန် ပုံပန် ဆူညံနေလိမ့်မယ်.. မျက်လုံးမျက်ခုံးနဲ့ ကိုယ်လုံးကတော့ မွန်မလေးအလှဆုံး.. မယူခင်အထိပဲပြောတာ..
ရခိုင်ကတော့ နည်းနည်းစဉ်းစားစရာတွေများတယ်.. မြန်မာနိုင်ငံမှာ သူတို့အမျိုးကိုအချစ်တတ်ဆုံးပဲ.. တစ်ချို့ရခိုင်တွေဆို မိန်းကလေးက ယောက်ျားလေးကို တင်တောင်းကြတာ အခုထိ အစဉ်အလာရှိသေးတယ်.. အမျိုးတော့ မထိနဲ့…သူတို့ကိုကြိုက်သလောက်ပြော မနာဘူး…. ပြသနာက သဝန်အလွန်တိုတတ်သလို.. အစပ်သိပ်ကြိုက်တယ်.. အဲဒီတော့ တစ်ခါနမ်းပြီးတိုင်း ပလုပ် ၁၀ ခါ ကျင်းရတယ်.. ချွေးထွက်ရင် ငရုပ်ကောင်းအနံ့က ရသေး။ အစပ်ဒီလောက်စားမှတော့ ရခိုင်မလေးတွေထဲ နှုတ်ခမ်းနီနီ ဖွေးဖွေးလေး သွားမရှာလေနဲ့..
အောက်ပိုင်း ဘိတ်သူအကြောင်းလဲ ခုတော့ နည်းနည်းသိလာပြီ၊ မပီသလောက် စကားသိပ်များတယ်၊ သီချင်းကလဲ ဆိုချင်သေး။ ကိုယ့်ဘေးနား စာကလေးအုပ်ကို ပတ်ပျံခိုင်းသလို ကိုယ်လဲနားမလည်၊ သူလဲ နားမလည် စကားတွေမကြားချင်ရင်တော့ ကြည့်ရှောင်။
ရှမ်း ဆိုတာနဲ့ ပအို့နီနီလေးနဲ့လှတယ်ထင်တယ် မဟုတ်လား.. တကယ်တော့ မြို့ပေါ်ကတစ်ချို့တစ်ဝက်ကလွဲ ရင် ရှမ်းမလေးအများစုဟာ ပုပုတုတ်တုတ်တွေပါပဲ..ကြီးကြီးတုပ်တုပ်တွေလဲရှိတယ်.. မုန်လာထုပ်တွေ စားလို့လဲ ဖြစ်နိုင်တယ်..တစ်ချို့ဆို ခါးနဲ့ဗိုက်ကို အခုထိမကွဲပြားသေးဘူး.. ရိုးသားတယ်.. ဆိုရှယ်ကျတယ်.. ညစ်ပတ်တယ်.. မယုံဘူးဆိုရင် သူတို့အနွေးထည်ကို နမ်းကြည့်..အနည်းဆုံး ၂ နှစ်မှ တစ်ခါလျှော်တာ.. ရန်ကုန်-တောင်ကြီးကားအကြိမ်ကြိမ်စီးဖူးလို့ ဘယ်လောက်ဆိုးလဲ ကောင်းကောင်းသိတယ်။ ရှမ်းမလေးချောလို့ ငမ်းကောင်းတုန်းရှိသေး၊ သူတို့အနွေးထည်ထုတ်ဝတ်တာနဲ့ မွှန်ထူကုန်ရော။ရိုးသားတဲ့တိုင်းရင်းသူလေးတွေနဲ့မကိုက်လို့ မြို့ကြီးတွေက ဗမာတွေတော့ မစဉ်းစားနဲ့..
ရန်ကုန်သူတွေက ပြင်တတ်ဆင်တတ်တယ်.. အကြွားထူတယ်..ပိုက်ဆံကတော့ တွက်တတ်သလားမမေးနဲ့.. ဘယ်ရန်ကုန်သူမှ တက္ကစီ မစီးဘူး. စီးတာတွေ့ရင်လဲ ရန်ကုန်သူအစစ်မဟုတ်ဘူး.. Facebook မှာ ရန်ကုန်သူဆိုလို့ကတော့ သူ့ Time line ကိုဆွဲကြည့်၊ သူတင်တဲ့ပုံမကြည့်နဲ့၊ သူငယ်ချင်းတွေ သူ့ကို Tag တွဲပြီး တင်တဲ့ပုံကိုကြည့်၊ သူတင်တဲ့ပုံမှာ ဖြူရင် အဲဒီထဲမှာ မဲတယ်။ သူတင်တဲ့ပုံမှာချောရင် သူငယ်ချင်းတွေတင်တဲ့ပုံမှာ ဝက်ခြံမှဲ့ခြောက်တွေနဲ့။ အခုတော့ ရေကြီးတဲ့အချိန် YBS စီးပြီး သွားရတာများလို့ ဝဲနဲ့ယားနာတွေ မဖြစ်ဖူးသူလဲ မရှိသလောက်ပဲ.. ခြေသလုံးနဲ့ပေါင်မှာ အမာရွတ်ရှိလို့ ကစားရင်းဖြစ်တယ် မထင်နဲ့.. အဲဒါ မေရီဆိုထားတဲ့ သီချင်းကြောင့်..
မန္တလေးသူကတော့ မဲတယ်.. မမဲရင် ဖက်စပ်ပဲလို့မှတ်.. စကားပြော လိုရင်းမရောက်ချက်က လူထွက်တဲ့အပေါက်လေးပြပါလို့ မေးရင်တောင် သူတို့ပြောတဲ့ တောင်၊မြောက်လမ်းညွှန်တွေနဲ့ တစ်နေကုန်မယ်။ နေပူထဲရပ်ထားတဲ့ ဆိုင်ကယ်စီးပါများတော့ ဖင်မဲတယ်..ပေါင်ပြဲတယ်.. ကွတတဖြစ်တာကို ပြောတာ.. ဘုရား၊တရားကတော့ တော်တော်နီးစပ်ကြတယ်..။ ဘုရားရိပ်၊တရားရိပ်မှာ အမှောင်ရိပ်ရှာတဲ့အထဲ သူတို့အကျွမ်းဆုံး။
အညာသူကတော့ သူများတွေ Troll ကြသလိုပါပဲ.. မဲတယ်..ပြဲတယ်..(ပါးစပ်ပြောတာ..) …စကားတတ်တဲ့ အညာသူဆို ကျီးကန်းကိုဆေးသုတ်ထားသလိုမဲရင်တောင်မှ ညိုချောဆိုတာကနေ နည်းနည်းမှ အောက်မဆင်းဘူး။ သူတို့နဲ့တွေ့ရင် ပထမဆုံး ခြေထောက်ကိုသာ ကြည့်လိုက်. ထမင်းစားပြီးပြီးချင်းကြည့်ဖို့တော့ ယောင်တောင် မစဉ်းစားနဲ့.. ဓားနဲ့ခြစ်ချတောင်မပြောင်တဲ့တစ်သက်တာလူးထားတဲ့ဖုံတွေ အလိမ်းလိမ်း တွေ့ရလိမ့်မယ်။
မြစ်ဝကျွန်းပေါ် ဧရာဝတီဘက်က ခေးလေးတွေဆိုရင်ရောလို့ မေးချင်သေးလား။ မမေးနဲ့၊ ဘေးနားကပ်ပြီး အနံ့ခံလိုက်။ ငါးပိ/ငါးခြောက်နံ့လေးတွေက ကိုယ့်အတွက်မွှေးတယ်ဆိုရင်တော့ သဘော။ မိသားစုအစုံ ကားပေါ် တင်လိုက်လို့ကတော့ ငါးခြောက်ကားစီးရသလိုကို ဖြစ်နေတာ။
တော်ပါပြီ၊ အပေါ်ကမြို့တွေမှာမွေးပြီးမနေတဲ့၊ အနိမ့်ဆုံးဘွဲ့ရဖြစ်မယ့်မိန်းကလေးဆိုပြီး နေပြည်တော်က ကောင်မလေး ရွေးမယ် မကြံနဲ့အုံး၊ လစာထုတ်တဲ့ရက်ဆို ပိုက်ဆံစီးတဲ့ သရေပင်ကိုပါ အလဟသမဖြစ်အောင် ဝါးစားနေတဲ့ ဝန်ထမ်းတွေရရင်ရ၊ မရရင် ပျဉ်းမနားသူအစစ်တွေရလိမ့်မယ်။ ပျဉ်းမနားသူသာစစ်လို့က ပွဲသံမပြောနဲ့၊ ကားပေါ်က ကက်ဆက် ဖွင့်သံကြားရင်တောင် အရက်သောက်ပြီး ရန်ဖြစ်တတ်တဲ့ အမျိုးတွေအတွဲလိုက်ပါမှာ။
ဒါတောင် ကျန်သေးတယ် ဘာပေါ ဖုတ်ထူ ပခုက္ကူတို့.. မိန်းမလိုချင် ပဲခူးဝင်တို့.. ပေါတော့ပေါတယ်.အမေတော့ ကြိုက်မှာ မဟုတ်ဘူးအသက်အရွယ်ကလဲရလာတော့ ကိုယ်တွေနဲ့တော့ မသက်ဆိုင်ပါဘူး..
နောင်လာနောက်သားညီငယ်တွေအတွက် ဗဟုသုတသဘောပေါ့။ကဲ..ဒီလောက်ဆို ဘာရွေးရမလဲ သိလောက်ပြီမို့..စဉ်းစားနိုင်ကြပါစေဗျာ..
အဲ… စနောက်တာလဲ အတည်မမှတ်နဲ့အုံး..
Crd ဦးတိမ်
Leave a Reply